Lifestyle

တင်ဇာမော်ရဲ့ 7 album ကိုရည်ညွှန်းတဲ့ 7 Concert

Want create site? Find Free WordPress Themes and plugins.

အဆိုတော်တင်ဇာမော်ရဲ့ 7 Concert လို့ အမည်ပေးထားတဲ့ ၄ ကြိမ်မြောက် တကိုယ်တော်ဖျော်ဖြေပွဲဟာ သူမရဲ့နောက်ဆုံးထွက်ရှိထားတဲ့ 7 album ကို အဓိကရည်ညွှန်းတယ်လို့ အဆိုတော် တင်ဇာမော်က ဧရာဝတီကို ပြောပါတယ်။

“အဓိကကတော့ 7 Concert လို့ အမည်ပေးရခြင်းက 7 album ကိုရည်စူးပြီးလုပ်တဲ့ပွဲဖြစ်တဲ့အတွက် 7 album ထဲမှာပါတဲ့ သီချင်း ၁၀ ပုဒ်လုံး ပရိသတ်ရော တီးတဲ့သူ ဆိုတဲ့သူ အားလုံးက မပျင်းမရိမငြီးမငွေ့ဖြစ်အောင် တင်ဆက်နိုင်မလားဆိုတဲ့ မေးခွန်းရှိတဲ့အတွက် အဲဒီမေးခွန်းကို အဖြေထုတ်ဖို့အတွက် ကြိုးစားနေပါတယ်။” လို့ တင်ဇာမော်က ပြောပါတယ်။

ဒီ ဖျော်ဖြေပွဲဟာ အဆိုတော် တင်ဇာမော်ရဲ့ဂီတသက်တမ်း ၂၂ နှစ်အတွင်းတွင် ၄ ကြိမ်မြောက်ပြုလုပ်တဲ့ တကိုယ်တော်ဖျော်ဖြေပွဲဖြစ်ပြီး သူမရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ 7 album ထဲက တေးသီချင်းများကို အဓိက ဖျော်ဖြေတင်ဆက်သွားမှာဖြစ်ကာ သီချင်းအပုဒ်ရေ အနည်းဆုံး ၂၆ ပုဒ်ခန့် ဖျော်ဖြေသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

“အတတ်နိုင်ဆုံး ဒီ အခွေထဲက အများဆုံး ၁၀ ပုဒ် အနည်းဆုံး ၈ ပုဒ်ပါအောင် တင်ဆက်ပါမယ်။ အဲဒါအပြင် ကျမရဲ့အဆိုသက်တမ်း ၂၂ နှစ် အတွင်း ပရိသတ်ရင်ထဲရောက်ခဲ့တဲ့သီချင်းတွေရယ် ကျမကိုယ်တိုင်ကြိုက်ပြီးတော့ ပရိသတ်က သတိမထားမိတဲ့သီချင်း အနည်းငယ်ကို ဖျော်ဖြေပါမယ်” လို့ တင်ဇာမော်က ပြောပါတယ်။

အဆိုပါဖျော်ဖြေပွဲကိုတော့ အောက်တိုဘာ ၇ ရက်နေ့ ရန်ကုန်မြို့ သုဝဏ္ဏဘူမိ Event Park တွင်ပြုလုပ်မှာဖြစ်ပြီး လက်မှတ်များကတော့ ငွေကျပ် ခုနှစ်သောင်း၊ ငါးသောင်း၊ သုံးသောင်း၊ တစ်သောင်းခွဲ ဆိုပြီး သတ်မှတ်ထားပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading