စာရေးသူ – အထောက်တော်လှအောင်
စာအုပ်အမည် – အာရပ်-အစ္စရေးလ် ၆ ရက် စစ်ပွဲ
အမျိုးအစား – ဘာသာပြန်
လူဦးရေ ၂ သန်းခွဲလောက်ရှိတဲ့ အစ္စရေးလ်နိုင်ငံဟာလူဦးရေသန်း ၄၀ ရှိတဲ့ အာရပ်နိုင်ငံတွေကို အန်တုတိုက်ခိုက်ရင်း ဂျူး တွေရဲ့ဂုဏ်သိက္ခာကို မြှင့်တင်ခဲ့ပါတယ်။
ဒီစာအုပ်မှာ အခန်း ၁။ နောက်ခံသမိုင်း ၂။ ရေလက်ကြားများ ပိတ်ဆို့ခြင်း ၃။ အစ္စရေးလ်၏သန္နိဋ္ဌာန်၊ စစ်ပြင်ဆင်မှု ၄။ လေ ကြောင်းတိုက်ပွဲ ၅။ ရေတပ်ထိုးစစ် ၆။ ဆီနိုင်းတိုက်ပွဲများ အခန်း ၇။ ဂျေရုဆလင်နှင့် အနောက်ဘက်ကမ်းဒေသ အခန်း ၈။ ကမ္ဘာ့ဂယက် အခန်း ၉။ ဆီနိုင်းသေမင်း မေးရိုးများ၊ ၁၀။ ဆီးရီးယား တောင်ကုန်းများ ၁၁။ ၆ ရက် စစ်ပွဲပြီးနောက် စတဲ့ အခန်းတွေကို သက်ဆိုင်တဲ့မြေပုံများနဲ့အတူ ဖတ်ရှုရမှာ ဖြစ်ပါတယ်။
အစ္စရေးလ်တပ်တွေဟာ ဆီးရီးယားတို့ရဲ့စိတ်ဓာတ်ကို ကျဆင်းစေဖို့နဲ့ လုံးဝအိပ်ခွင့်မရရစေဖို့ ဆယ်မိနစ်စီသာ နားပြီး အ ဆက်မပြတ် တိုက်ခိုက်ခဲ့ကြတယ်လို့ ဆိုပါတယ်။
စိတ်ကူးချိုချိုစာအုပ်တိုက်က တန်ဖိုး ၃၂၀၀ ကျပ်နဲ့ ဖြန့်ချိထားပါတယ်။
စာရေးသူ – ဒဂုန်တာရာ
စာအုပ်အမည် – ဝတ္ထုတိုပေါင်းချုပ်
အမျိုးအစား – ဝတ္ထုတို
ဆရာ ဒဂုန်တာရာ ၁၉၃၇ ခုနှစ်ကနေ ၁၉၆၇ ခုနှစ်အတွင်းရေးသားခဲ့တဲ့ဝတ္တုတိုတွေကို စုပေါင်းထုတ်ဝေလိုက်တာ ဖြစ်ပါ တယ်။
ဒီဝတ္ထုတိုပေါင်းချုပ်စာအုပ်မှာ အိုတံငါ၊ ရန်ပုံငွေ၊ လွတ်လပ်ရေး၊ ဧည့်ခန်းဆောင်နှင့် မီးဖို ချောင်၊ မြဝတ်လွှာ၊ ရွှေ၊ အဓိက ရုဏ်း၊ ဤအနမ်း၊ ကိုကို၊ မော်ကွန်းသစ်၊ လွတ်လပ်ရေး၊ မမမိ၊ ပယင်းလဲ့လဲ့၊ သောင်းကျန်းသူ၊ ညိုမိဂုမ္ဘာန်၊ လွမ်းသူပန်းခွေ၊ ကြက်မြီးပါတီ၊ ရေနံသူခိုး၊ သူခိုး၊ ဟိုတယ်မယ်၊ လင် လင်၊ ကြာပဒုံ၊ နှင်းဆွတ်ခွာညို၊ ကြော်ငြာကပ်သူ၊ ဥက္ကာ၊ တိမ်ခိုးမျှင်အ ကွက်ဆင်၊ ပန်းလိပ်ပြာ ဝဲကာ၊ နန္ဒဝန်ချောင်၊ မာလာ၊ ရာဂလော စာဂလော၊ အပျိုစင် အအိုခင်၊ ဘဝနှစ်ခု၊ တောဝတ္ထု၊ မြို့ဝ တ္တု၊ မယားငယ်၊ ခင်သူ ကြင်သူ၊ သင်းပျံ့မွှေးရီ၊ သခင် ကြက်သွေး၏ကျဆုံးခန်း၊ ရေနှင့်ကြာ၊ အနီးအဝေး၊ ရင်ခုန်သံကဗျာ များအတွက် ၊ အစိမ်းနှင့်အနီ၊ အမုန်း၊ ခင်ထားမို၊ လက်လက်လောရွှေရောင်လော၊ ဆယ်နွေ ဆယ်မိုး၊ မွှေးမြရီဝေသော ည တစ်ည၊ အခြေခံစခန်း၊ ပိုးကန့်လန့်ကာ၊ ကိုင်းနေသောပေါက်ပင်များ၊ ရာဇဝင်ကို ဖြတ်သန်းခြင်းစတဲ့ ဝတ္ထုတိုပေါင်း ၅၁ ပုဒ် ကို ဖတ်ရှုရမှာ ဖြစ်ပါတယ်။
ဆရာ ဒဂုန်တာရာက “စာဖတ်သူသည် သူဖွဲ့နွဲ့သောအလှအပ၌ ယစ်မူးရီဝေရင်း အနှစ်သုံးဆယ်အတွင်း ဖြတ်သန်းခဲ့သောသ မိုင်းခေတ်ကို ထိတွေ့ခံစားရသည်ဆိုပါက သူ၏ရည်ရွယ်ချက်သည် ပြည့်ဝပြီဟု ရေးရကျိုးနပ်ပေမည်”လို့ ဆိုပါတယ်။
the key collection က တန်ဖိုး ၈၀၀၀ ကျပ်နဲ့ဖြန့်ချိထားပါတယ်။
စာရေးသူ – ရွှေကိုင်းသား
စာအုပ်အမည် – ရှေးခေတ်ပုဂံပြည်နှင့် သမိုင်းစာပေ၊ ယဉ်ကျေးမှု အထွေထွေ
အမျိုးအစား – သမိုင်းစာပေ
ဆရာတော်ရွှေကိုင်းသား ၁၉၃၃ ခုနှစ်ကနေ ၁၉၈၈ ခုနှစ်အတွင်းစာနယ်ဇင်းတွေမှာ ရေးသားခဲ့တဲ့စာစုတွေကို စုစည်းထား တာဖြစ်ပါတယ်။
ဒီစာအုပ်မှာ ရှေးခေတ်ပုဂံပြည်၊ ပုဂံမြို့သက်နှစ်ပေါင်းတစ်ထောင့်တစ်ရာ့တစ်ဆယ့်တစ်၊ စာပေဂုဏ်မြောက်သော ပုဂံဘုရား ရှိခိုးတစ်ပုဒ်၊ ကလသာအိုး၊ ပုဂံဆေးရေးပန်းချီ၊ အင်း၀ သို့မဟုတ် အဝ၊ ကျွန်ုပ် ပြောလိုသည့်အင်းဝမြို့ဟောင်း(၁) (၂)၊ အင်း ဝရွှေနန်း၊ အင်းဝမြို့ဟောင်းမှ လက်မရွံ့ထောင်နေရာ၊ မန္တလေးမြို့၏နှစ် ၁၀၀ ရာဇဝင်ခရီးစဉ်၊ ရတနာပုံမြို့ရိုးကြီး၊ ရတနာပုံ မြို့တော်တွင်း၊ ဟံသာဝတီနှင့် ဒုတိယ မြန်မာနိုင်ငံတော်တံဆိပ်၊ အမျိုးသားအလံတော်မှ နိုင်ငံတော်အလံသို့၊ သူတော်ကောင်း တရားသည် အနှစ် ၂၅၀၀ အသက်ရှည်ခဲ့ပြီ၊ ဘုန်းဂုဏ်ကြော့သမ္ဘိန်မှာ လှူကထိန် သဘင်ခင်းလို့ ကျင်းကြတယ်လေး၊ စာဆို တော် နေ့အထိမ်းအမှတ်၊ ရှေးဟောင်းပိဋကတ်တိုက်များ၊ စာကြည့်တိုက်သမိုင်း၊ လက်ဝဲသုန္ဒရနှင့် လက်ဝဲနော်ရထာ၊ မန္တလေး ခေတ်မှ ပန်းချီဗိမာန်ဆောင်ကြီးများ၊ အနုပညာဆိုင်ရာဥပဒေ၊ မဟာမုနိစောင်းတန်း ၄ သွယ်နှင့် ကျွနု်ပ်၏သဘောထား၊ ရုပ်စုံ ဗုဒ္ဓသာသနာဝင်မှ မြန်မာပန်းချီဟန်များ၊ အောင်တပ်တော်ချ၍ အောင်မြေနင်းပုံ၊ ဒိုင်း-လွှား-ကာ၊ ရှေးခေတ်စစ်လက် နက်များ၊ ရှေး ခေတ်မြန်မာသင်္ဘောများ၊ ရှေးဟောင်းမြန်မာ အကကြိုးများစတဲ့သမိုင်း၊ စာပေ၊ ယဉ်ကျေးမှုဆိုင်ရာ စာစုတွေ ကို ဖတ်ရှုရ မှာပါ။ အရှင်သုမင်္ဂလာ(စစ်ကိုင်း)က အမှာစာရေးထားပါတယ်။
ရာပြည့်စာအုပ်တိုက်က တန်ဖိုး ၃၅၀၀ ကျပ်နဲ့ ဖြန့်ချိထားပါတယ်။
စီစဉ်သူ – the key collection
စာအုပ်အမည် – ဒိုင်ယာနာမင်းသမီး
အမျိုးအစား – ဘာသာပြန်
အင်္ဂလန်ရဲ့ဘုရင်ဖြစ်လာမယ့်ချားလ်စ်မင်းသားက “ခုတော့ ကျွန်တော့်နေရာကို သိသွားပါပြီ။ ကွန်တော်ဟာ ဇနီးသည် အ တွက် ပန်းသယ်ပေးသူသက်သက်ထက် ဘာမှမပိုပါဘူး” လို့ ပြက်လုံးထုတ်ရလောက်အောင် ဒိုင်ယာနာက လူထုပရိတ်သတ် ကို ပိုမိုဆွဲဆောင်နိုင်ခဲ့ပါတယ်။
ဒီစာအုပ်မှာ မင်းသမီးဒိုင်ယာနာရဲ့ဘဝဇာတ်ကြောင်းနဲ့ ပရဟိတလုပ်ငန်းတွေအကြောင်းကို အခန်း ၁။ ဆွေကြီးမျိုးကြီးဘ၀ အစ ၂။ ချစ်အိပ်မက် ၃။ စာသင်ကျောင်းနှင့် အထက်တန်း အောင်မြင်ပြီး နောက်ပိုင်း ၄။ ချားလ်စ် ၅။ ထိမ်းမြားလက်ထပ်မင်္ဂ လာ ၆။ မင်းသမီးလေး ၇။ ရည်မှန်းချက်ကြီးသော မင်းသမီး ၈။ တစ်ကိုယ်တည်း ၉။ နှုတ်ဆက်လိုက်ပါတယ် ဒိုင်ယာနာ ၁၀။ ဝမ်းနည်းပူဆွေးသောက ရောက်ကြခြင်း ၁၁။ သူ၏တော်ဝင်အမွေအနှစ် စတဲ့အခန်းတွေ ဖတ်ရှုရမှာ ဖြစ်ပါတယ်။
the key collection က တန်ဖိုး ၁၅၀၀ ကျပ်နဲ့ ဖြန့်ချိထားပါတယ်။