စာရေးသူ – ဇော်ဇော်အောင်
စာအုပ်အမည် – အနုပညာမပါတဲ့ အနုပညာ
အမျိုးအစား – စာပေ
၂၀၀၀ ပြည့်နှစ်နဲ့ ၂၀၀၅ ခုနှစ်ကြား ကောင်းသတင်း၊ အင်တာဗျူး၊ ကုမုဒြာ ဂျာနယ်တွေက ဆရာဇော်ဇော်အောင်ရဲ့ ဆောင်း ပါးတွေကို စုစည်းထားတာဖြစ်ပါတယ်။ဒီစာအုပ်ရဲ့အက်ဆေးခေါင်းစဉ်အောက်မှာ အက်ဆေးဝါဒ (Essaysism)၊ လမင်းလက်ဆောင်၊ သီဒါကြည်လဲ့ ငှက်သံနွဲ့နှင့်၊ သစ်ရွက်ခြောက်အက်ဆေး၊ ဘယ်တံခါးလဲ၊ မိုးဘွဲ့ရစ်သမ် စတဲ့ဆောင်းပါးတွေပါဝင်ပြီး ကဗျာနှင့် အနုပညာခံစားမှုဆိုတဲ့ အပိုင်းမှာတော့ ကဗျာမစပ်ချင်တော့တဲ့ ကဗျာဆရာကြီး၊ ဗရှိုး၏နောက်ဆုံးနှုတ်ဆက်ကဗျာ (၁)(၂)၊ ရိုးဂုဏ်နဲ့နွဲ့၊ ဗရှိုး၊ ဟိုက္ကု ကဗျာနှင့် တိုက်ရိုက်အတွေ့အကြုံအချို့၊ ဗရှိုး၏ ဧကောဓမ္မော၊ ဥသြငှက်လက်ဆောင်ပေးလိုက်တယ်၊ အချစ်တံခါးစေ့ထား တယ်၊ အလွမ်းည အချမ်းည၊ စောင်နေတယ် လာခဲ့ပါ၊ ပူပုံပန်း လွမ်းဟန်ထွေ၊ ချစ်ခဲ့ပြီးတဲ့နောက်၊ ဂျပန် နှုတ်ဆက်နောက် ဆုံးကဗျာများ (၁)(၂)(၃)၊ ဒါ ကဗျာလား၊ ဟုတ်တယ် ဒါကဗျာပဲ၊ အား-လို့အော်တဲ့ သီဝရီ၊ စွန့်လွှတ်လိုက်ပြီ မသည်းအူ၊ ရှေးရေးသဖြန် ပုလဲပေါက်တစ်ပုဒ်စတဲ့ဆောင်းပါးများ အပါအဝင် ဆောင်းပါးပေါင်း ၃၂ ပုဒ်ပါ ဝင်ပါတယ်။
ဆရာဇော်ဇော်အောင်က “အက်ဆေးဆိုတာ အပွင့်ဆုံး open ၊ အလွတ်လပ်ဆုံး free ရေးဖွဲ့ထားတဲ့စာ၊ ပမာဏအကန့်အ သတ်မရှိ ၊ မြန်မာကဗျာဟာ သွားတော့သွားနေတယ်၊ ဒါပေမဲ့ ဒီနေရာပဲပြန်ပြန်ရောက်နေတယ်၊ တိုးတက်မှု မရှိဘူးလို့ မှတ် ယူအပ်ပါတယ်”လို့ ဆိုပါတယ်။
စိတ်ကူးချိုချိုက တန်ဖိုး ၁၅၀၀ ကျပ်နဲ့ ဖြန့်ချိထားပါတယ်။
စာရေးသူ – မောင်ခင်မင် (ဓနုဖြူ)
စာအုပ်အမည် – အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ
အမျိုးအစား – ပညာရေး
ဆရာမောင်ခင်မင် (ဓနုဖြူ)ရဲ့ မြန်မာစာဆရာဘ၀ ပညာရေးအတွေ့အကြုံဆောင်းပါးတွေကို စုစည်းထုတ်ဝေထားတဲ့ စာ အုပ်ဖြစ်ပါတယ်။
ဒီစာအုပ်မှာ လူငယ်တွေအတွက် လူကြီးတွေ ပြင်ဆင်သင့်တဲ့ အရာများ၊ ပါရဂူဂုဏ်ပြုပွဲက အပြန်၊ တပည့်တွေအကြောင်း၊ ပ ဉ္စာဝုဓမင်းသား၏ ဝရဇိန်လက်နက်ဖြင့်၊ ကံရာဇာငယ်၏ အလှူမဏ္ဍပ်၊ အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ၊ ပညာရေး တက္ကသိုလ်၏ တစ်ထောင့်တစ်နေရာမှာ၊ တက္ကသိုလ်၏ပညာမှတ်တမ်း နှလုံးသားမှတ်တမ်း၊ ကိုဘီအေမှ မြကျွန်းညိုညို အ ထိ၊ သူတို့ရေးတဲ့ပေးစာလေးတွေ၊ သူတို့ပြောတဲ့မြန်မာအကြောင်း၊ တံတွေးသောက်သူ၊ အာစရိယပူဇော်ပွဲက အပြန်၊ ဆရာ မ တိုက်ကျွေးသော အားဆေးစကား၊ ဆရာနှင့်ပတ်သက်သော အတွေးများ၊ ဆွေမျိုးမတော် စပ်သော ဆွေမျိုးများ၏၊ မြေဖြူ နှင့် ပါဝါပွိုင့်၊ ဆရာရေးပေးသော ‘၁၀’ပြား၊ စာသင်ရာမှာ ရယ်မောစရာ၊ နောက်တစ်ချက် ထပ်ရိုက်ပါ၊ ဆရာ တပည့် ပုံရိပ် များ၊ ‘ဆရာ ဆရာမ’အဆင့်မှ ‘မှတ်စုပေးသူ’အဆင့်သို့၊ တက္ကသိုလ်ပညာရပ်များ တန်းတူရည်တူ၊ အမိတက္ကသိုလ်ကပေး သောလက်ဆောင်အပါအဝင် ပညာဆိုင်ရာစာစုပေါင်း ၄၅ ပုဒ်ကို ဖတ်ရှုရမှာ ဖြစ်ပါတယ်။
ဆရာကြီးက “ခေတ်အလျောက် အာရုံကျက်စားစရာ ဗီဒီယိုတို့၊ တီဗီဂိမ်းတို့၊ ကစားခုန်စား တို့တွေ ထွေထွေပြားပြား ရှိ နေ ချိန်တွင် စာဖတ်ဖို့ အချိန်ကိုလည်း မရရအောင်ရှာပြီး စာဖြင့် မွေ့လျော်သည့်စိတ်ကို ပျိုးထောင်ရယူပါ”လို့ တိုက်တွန်းထား ပါတယ်။
the key colloction က တန်ဖိုး ၃၀၀၀ ကျပ်နဲ့ဖြန့်ချိထားပါတယ်။
စာရေးသူ – အဝေးရောက် သံတမန်တစ်ဦး
စာအုပ်အမည် – အာဏာအလွဲသုံးစားသူများ၏ အတွင်းရေးအဖြစ်မှန်များ
အမျိုးအစား – နိုင်ငံရေး
မြန်မာ့လူသားများအား ဂျူနီယာနေဝင်းကလေးများ မဖြစ်စေလိုသော စေတနာမွန်ဖြင့်” လို့ စာရေးသူက ဆိုပါတယ်။ ဒီ စာအုပ်မှာ ပြည်သူ့တပ်မတော် သန့်ရှင်းရေး (၁)၊ (၂)၊ ဂဠုန်မောင်စောနှင့်ငြိမ်ပိစောမောင်၊ အခက်ပွေနေတဲ့ ငြိမ်ပိသန်းရွှေ၊ အပေါက်စောင့် ဗိုလ်ခင်ညွန့်၏ နိုင်ငံ့အကြီးအကဲဖြစ်လိုသော ဝိသမလောဘ၊ အရိုးအရွက်မျှသာ စားရရှာသော ပညာ ရှင် ဆိုသူများ၊ ဘားမစ္စ် ကွန်မြူနတီ၊ စုမှသာလျှင်၊ ဒေါ်စုပုဒ်မ ငြိစွန်းနေသူများ၊ ဝက်ခေါင်းသုပ် ဒပလိုမေစီ အလိုမရှိ၊ ပြည်သူ့ ရင်ခွင်သို့ ပြေးဝင်လှည့်ပါတော့ ဗိုလ်မောင်အေးရယ်၊ အမျိုးသားရေးဝါဒကို ကြွေးကြော်ရင်း တရုတ်နီသံရုံးထဲ ရောက်သွား သော မခင်ဝင်းရွှေ၊ ဝန်ကြီးကတော်ပုံပြင်၊ ဗဟိုမှ အောက်ခြေအဆင့်ထိ အကြံအဖန် လုပ်နေသူများ၊ ဗိုလ်ချုပ်ကြီး ကတော် ရောင်းရန်ရှိသည်၊ စစ်အာဏာရှင်ဦးနေဝင်း၏ အဆိပ်မိနေရသူများ၊ ဗိုလ်ရှုပ်ကျော်ဘရဲ့ရာထူးက တလှုပ်လှုပ် ဟိုတယ်များ က ငုတ်တုတ်၊ မောင်အေးနေဝင်း (ဝါ) ကိုလိုနီလက်သစ်ပညာ သင်ကြားနေသူ၊ နဝတတွေ ရှက်တတ်ရင် သဲသေတာ ကြာ ပါပြီ စတဲ့ ဆောင်းပါးများအပါအဝင် ဆောင်းပါး ၄၅ ပုဒ်ကို ဖတ်ရှုရမှာပါ။
လွင်ဦးစာပေက တန်ဖိုး ၃၅၀၀ ကျပ်နဲ့ ဖြန့်ချိထားပါတယ်။
စီစဉ်သူ – the key collection
စာအုပ်အမည် – အဲလ်ဗစ္စ ပရက်စ်လေ
အမျိုးအစား – အတ္ထုပ္ပတ္တိ
ရော့ခ်အန်ရိုးလ်တေးဂီတကို အုပ်ချုပ်မင်းလုပ်သွားတဲ့ ဘုရင်ကြီး အဲလ်ဗစ္စပရက်စ်လေရဲ့ဘဝဇာတ်ကြောင်းဖြစ်ပါတယ်။ ဒီ စာအုပ်မှာ အခန်း ၁။ တူပီလို၊ အခန်း ၂။ မမ်းဖစ္စ၊ အခန်း ၃။ ဆန်း စတူဒီယို၊ အခန်း ၄။ ဗိုလ်မှူးကြီး တွမ်ပါကာ၊ အခန်း ၅။ အမဲလိုက်ခွေး၊ အခန်း ၆။ ရုပ်ရှင်သရုပ်ဆောင်၊ အခန်း ၇။ ပရစ္စစီလာ၊ အခန်း ၈။ ရုတ်ခြည်း နာမည်ကျသွားသည့် အဲလ်ဗစ္စ၊ အခန်း ၉။ တစ်ကျော့ပြန် အခန်း ၁၀။ အကျပိုင်း စတဲ့ ပရက်စ်လေရဲ့ဆင်းရဲနွမ်းပါးတဲ့ကလေးဘဝကနေ အောင်မြင် ထင် ရှားပြီး အသက်ငယ်ငယ်နဲ့ကွယ်လွန်ခဲ့ရတဲ့ ဘဝဇာတ်ကြောင်းကို သရုပ်ဖော်ပုံတွေနဲ့အတူ ဖတ်ရှုရမှာဖြစ်ပါတယ်။
ပရက်စ်လေကွယ်လွန်ခဲ့တာ နှစ်ပေါင်း ၃၀ ကျော်ရှိပြီဖြစ်ပေမယ့် သူ့ရဲ့မွေးနေ့ပွဲနဲ့ သူကွယ်လွန်တဲ့နှစ်ပတ်လည်နေ့တိုင်း ပရိ သတ်လူအုပ်ကြီးက စည်ကားနေဆဲဖြစ်ပြီး ၂၀၀၆ ခုနှစ်က အမေရိကန်ကိုရောက်ရှိလာတဲ့ ဂျပန်နိုင်ငံဝန်ကြီးချုပ်က သမ္မတ ဂျော့ချ်ဘုရှ်ကို ပရက်စ်လေရဲ့ဂရေ့စ်လန်းဒ်အိမ်ကြီးကို သွားရောက်လည်ပတ်လိုကြောင်း မေတ္တာရပ်ခံခဲ့ပါတယ်။
ဂရေ့စ်လန်းဒ်ကို ရောက်သွားတဲ့ဂျပန်ဝန်ကြီးချုပ်ဟာ ပရက်စ်လေရဲ့သီချင်းတစ်ပုဒ်ကို သီဆိုရင်း သူ့အတွက် အိပ်မက်တစ် ခုကဲ့သို့ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။
the key colloction က တန်ဖိုး ၁၅၀၀ ကျပ်နဲ့ ဖြန့်ချိထားပါတယ်။