Lifestyle

အတွင်းခံမပါတဲ့ ဖက်ရှင်နဲ့ ဆယ်လီနာဂိုးမက်ဇ်

ဟောလီးဝုဒ်ကြယ်ပွင့်တပွင့်ဖြစ်တဲ့ အမေရိကန် သရုပ်ဆောင်နဲ့ အဆိုတော် ဆယ်လီနာဂိုးမက်ဇ် (Selena Gomez) တယောက် အင်္ဂါနေ့က နယူးယောက်မြို့မှာ အမျိုးသမီးအဖော်တစ်ဦးနဲ့အတူ မဂ်နိုလီးယားမုန့်ဆိုင်တွင် မုန့်စားဖို့လာခဲ့ရာ သူ့ရဲ့ခန္ဓာကိုယ်အပေါ်ပိုင်းအနေအထားက အများသူငါ အထူး အာရုံစိုက်စရာ ဖြစ်ခဲ့ပါတယ်။

ဂိုးမက်ဇ်ဟာ အမည်းရောင် လည်ပင်းအထောင် ကိုယ်ကျပ်အင်္ကျီနဲ့ ဂျင်းဘောင်းဘီဝတ်ဆင်ထားပြီး အတွင်းခံ ဘရာစီယာဝတ်ဆင်ထားခြင်း မတွေ့ရတာကြောင့် သူမရဲ့ရင်သားနဲ့နို့သီးခေါင်းဟာ ကွက်ကွက်ကွင်းကွင်း ပေါ်လွင်နေတယ်လို့ hollywoodlife အင်တာနက်စာမျက်နှာက ရေးသားထားပါတယ်။

အသက် ၂၅ နှစ် အရွယ် ဆယ်လီနာဂိုးမက်ဇ်ရဲ့ အပေါ်ပိုင်းအတွင်းခံမပါတဲ့ အလှနဲ့ပတ်သက်ပြီး စွဲမက်စရာပါလို့ အဆိုပါ အင်တာနက်စာမျက်နှာက ပုံဖော်ရေးသားထားတာပါ။

နောက်တခါ သူမ လမ်းထွက်ရင် ဘယ်လို ဝတ်စားဆင်ယင်မှုမျိုးနဲ့ ဆွဲဆောင်ဦးမှာလဲဆိုတာ စိတ်ဝင်စားစရာကောင်းပါတယ်လို့လည်း hollywoodlife က ဆက်လက်ရေးသားထားပါတယ်။

စက်တင်ဘာ ၂၇ ရက်နေ့က နေထိုင်ရာ တိုက်ခန်းမှ နယူးယောက်မြို့ထဲသို့အသွား တွေ့ရတဲ့ ဆယ်လီနာ

မကြာသေးမီကမှ ကျောက်ကပ်အစားထိုး ကုသမှုပြုလုပ်ထားတဲ့ ဆယ်လီနာဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၇ ရက်နေ့ကလည်း သူနေထိုင်ရာ တိုက်ခန်းမှ နယူးယောက်မြို့ထဲသို့ ထွက်လာတဲ့ မီဒီယာတွေရဲ့ မှတ်တမ်းဓာတ်ပုံထဲတွင် ဆွယ်တာ အဝါရောင် ခါးတိုအကီၤျကိုဝတ်ဆင်ထားကာ အဆိုပါ ပုံထဲတွင်လည်း အတွင်းခံ ဘရာစီယာ ဝတ်ဆင်ထားခြင်းမရှိတာကို တွေ့ရပါတယ်။

အဆိုပါပုံသည်လည်း အွန်လိုင်းသုံးစွဲသူများအကြား ပြောစမှတ်ပြုရလောက်အောင် ရေပန်စား ခဲ့ပါသေးတယ်။

ဖက်ရှင်ပိုင်းတွင် ငွေကြယ်ပွင့်တဦးအဖြစ် သတ်မှတ်ခြင်းခံထားရသူဖြစ်တဲ့အတွက်ကြောင့် သူမရဲ့ ဘယ်လိုဝတ်စားဆင်ယင်မှုမျိုးမဆို လူအများ သတိထားမိနေခြင်းလည်း ဖြစ်နိုင်ပါတယ်။

ဟောလီးဝုဒ် ဆယ်လီတွေအတွက်ကတော့ ဒီလိုဝတ်စားဆင်ယင်မှုမျိုးဟာ အထူးအဆန်းလို့တော့ မဆိုနိုင်ပါဘူး။

Loading