Lifestyle

ဒီတပတ်ဖတ်စရာ

Want create site? Find Free WordPress Themes and plugins.
ဖိုးသူတော်ဦးမင်း၏ သဘာဝပြက္ခဒိန်နှင့်အခြားစာများ စာအုပ်မျက်နှာဖုံး

စာရေးသူ          –  မင်းသုဝဏ်

စာအုပ်အမည်   – ဖိုးသူတော်ဦးမင်း၏ သဘာဝပြက္ခဒိန်နှင့်အခြားစာများ

အမျိုးအစား       – စာပေယဉ်ကျေးမှု

သီတင်းကျွတ်လနဲ့ပတ်သက်လို့ ဖိုးသူတော်ဦးမင်းက “ကြာငါးမည် ကြိုင်သင်းလို့ လျှံဝင်းတဲ့ ပြောင်ထိန်။ ရွှေနန်းတောင် တော်ဦးမှာ ကွန့်မြူးမြင့်မိုရ်မီး ညီးတဲ့ခါချိန်။ ရှိဦးငယ်နှိမ် သုံးကြိမ်ရိုပျောင်း။ သက္ကစ္စာ ဂါရဝါနှင့် စဉ်အလာပူဇော်ပွဲကို နွှဲကြ ပေတောင်း။ ။” လို့ စပ်ဆိုခဲ့ပါတယ်။

ဒီစာအုပ်မှာ ဖိုသူတော်ဦးမင်းရဲ့ တန်ခူးလ၊ ကဆုန်လ၊ နယုန် လ၊ ဝါဆိုလ၊ ဝါခေါင်လ၊ တော်သလင်းလ၊ သီတင်းကျွတ်လ၊ တန်ဆောင်းမုန်းလ၊ နတ္တော်လ (နတ်တော်လ)၊ ပြာသိုလ၊ တပို့တွဲလ၊ တပေါင်းလ စတဲ့ ဆယ့်နှစ်ရာသီဘွဲ့လေးဆစ်ကဗျာ များနဲ့အတူ ရှင်ဥက္ကံသမာလာ၊ မုံရွေးဆရာတော် စသူတို့ရဲ့ စာပေအမြင်နဲ့စပ်ဆိုင်တဲ့ ဆောင်းပါးတွေ၊ ရှောက်ရွှာ၊ ယောင် ကြီးဗွေ၊ စစ္ဆေ၊ စဉ်းလဲ စတဲ့ ဝေါဟာရဆောင်းပါးတွေကိုလည်း ပန်းချီဘဌေးကြည်ရဲ့သရုပ်ဖော်ပုံတွေနဲ့အတူ ဖတ်ရှုရမှာ ဖြစ်ပါတယ်။

အမှာစာရေးပေးတဲ့ ဆရာတိုက်စိုးက “အဖြေစာ အဖွင့်စာ မည်သည် ကျောင်းစော် နံတတ်၏။ ပျင်းရိဖွယ်ရာ ဖြစ်တတ်၏။ မင်းသုဝဏ်၏ စာမှာမူ၊ ဖတ်လည်း ဖတ်ပျော်၊ ဖတ်ရင်းလည်း ဗဟုသုတ အမှတ်မထင်ဝင်မည့် စာမျိုးပင် ဖြစ်မည်ဟု ထင်မိပါ သတည်း။”လို့ ဆိုထားပါတယ်။

the key colloction က တန်ဖိုး ၃၀၀၀ ကျပ်နဲ့ဖြန့်ချိထားပါတယ်။

သော်တာဆွေ ဝတ္ထုတို ၅ ပုဒ်စာအုပ်မျက်နှာဖုံး

စာရေးသူ         –  သော်တာဆွေ

စာအုပ်အမည်  – သော်တာဆွေ ဝတ္ထုတို ၅ ပုဒ်

အမျိုးအစား      -ဝတ္ထုတို

မြန်မာဝတ္ထုတိုရာပြည့် (၁၉၁၇ – ၂၀၁၇ ) ရက်သတ္တပတ်အထိမ်းအမှတ်အနေနဲ့ စိတ်ကူးချိုချိုက ထုတ်ဝေလိုက်တဲ့ စာအုပ် ဖြစ်ပါတယ်။

ဒီစာအုပ်မှာ “ဖ-ဆ-ပ-လ ပြည်တော်သာ စီမံကိန်းကြီးအောက်တွင် နှစ်စဉ်နှစ်တိုင်း မီး-ဂဒီး-ဂဒီး တောက် လောင်နေ၍ ရန် ကုန်ရွှေမြို့တော်ကြီးမှာ မီးဘေးဒုက္ခသည်မှ မဖြစ်ဘူးလျှင် ပင်လယ်ငါးမစားဖူးသလိုရှိနေလေရာ”လို့ အစချီထားတဲ့ မီးဘေး ဒုက္ခသည်တဲ့ဗျာဝတ္ထုတို၊`ကြောင်ဆိုတာ ခွေးလိုမဟုတ်ဘူးဗျ `အစချီ ကြောင်ကြီးစံနတ်ကျော် ဝတ္ထု၊ “ဒီမှာကိုကျော်ကြီး ၊ ကျုပ်တော့မနေရတော့ဘူး။ ရှင့်အပေါ်မှာ ကျုပ်ဆိုးခဲ့တာတွေ၊ ခု သေခါနီးမှာ ကောင်းတာလေးတစ်ခု ပြုခဲ့ချင် တယ်။ ဘာလဲဆိုတော့၊ ခုရှိတဲ့သားသမီးခြောက်ယောက်ဟာ ရှင်နဲ့ရတာ တစ်ယောက်မှမဟုတ်ဘူး။ ဒီတော့ ကျုပ် သေပြီးရင် ဒီက လေးတွေ ရှင်တာဝန်ယူချင်မှယူတော့”ဆိုတဲ့ ကျောက်ဖြုံးကျော်ကြီး၊ ဒန့်သလွန်သီးအဆစ်ပေးရာ အားလုံးရဲ့ရန်တွေ့မှုကို ခံလိုက်ရတဲ့ လူ့မနောဝတ္ထုတိုအပါအဝင် တောဘဲကလေးတွေ ချစ်စရာ စတဲ့ နာမည်ကျော်ဝတ္ထုတိုတွေကို ဖတ်ရှုရမှာဖြစ်ပါ တယ်။

စိတ်ကူးချိုချိုစာအုပ်တိုက်က တန်ဖိုး ၁၆၀၀ ကျပ်နဲ့ဖြန့်ချိထားပါတယ်။

ကိုယ်တိုင်ရေး ကိုယ်ရေးမှတ်တမ်း စာအုပ်မျက်နှာဖုံး

စာရေးသူ        – ဦးဗဆွေ (ဝန်ကြီးချုပ်ဟောင်း)

စာအုပ်အမည် –  ကိုယ်တိုင်ရေး ကိုယ်ရေးမှတ်တမ်း

အမျိုးအစား     – အတ္ထုပ္ပတ္တိ

“ငါ” ရေးကို နိုင်ငံရေးမလုပ်သင့် “ငါ”ရေးကြီးစိုးလာပါက တိုင်းပြည်နာမည်…လူထုခံရမည်လို့ ဦးဗဆွေက ဆိုပါတယ်။ ဒီစာအုပ်မှာ အမျိုးသားရေးအခြေခံဝံသာနုစိတ်ဓာတ်များပေါ်ပေါက်လာခြင်း၊ စာရေးသူမွေးဖွားခြင်း၊ ငယ်ဘဝအတွေ့ အ ကြုံများ၊ ထားဝယ်အကြောင်းသိကောင်းစရာများ၊ မြန်မာပြည်နိုင်ငံရေးအခြေ အနေ၊ အထက်တန်း ကျောင်းသားဘ၀ နိုင် ငံရေးလှုပ်ရှားဆောင်ရွက်မှုများ၊ တက္ကသိုလ်ကျောင်းသားဘ၀ နိုင်ငံရေးလှုပ်ရှားဆောင်ရွက်မှုများ၊ ၁၃၀၀ ပြည့်အရေး တော် ပုံ၊ မြန်မာပြည်တော်လှန်ရေးလှုပ်ရှားဆောင်ရွက်မှုများ၊ တနင်္သာရီတိုင်းတာဝန်ခံ၊ ကျွန်ုပ်ဘဝတစ်ဆစ်ချိုး၊ သမိုင်းပေး တာ ဝန်၊ ရန်ကုန်သို့ မည်သူသိမ်းသနည်း၊ ဖ.ဆ.ပ.လ၏လွတ်လပ်ရေးကြိုးပမ်းမှုများ၊ ပွဲကြီးပွဲကောင်း၊ လွတ်လပ်ရေးအောင် ပွဲဆီ သို့၊ မိုးသက်မုန်တိုင်းကျ သည့်နေ့ စတဲ့စာစုတွေအပြင် နောက်ဆက်တွဲကဏ္ဍအဖြစ် ဒေါ်နုနုဆွေ၏ပါရမီ ဖြည့်ဆောင်ရွက်ချက် များ၊ ဦးဗဆွေဝန်ကြီးချုပ်တာဝန်ထမ်းဆောင်စဉ် အမှတ်တရဓာတ်ပုံများကိုလည်း ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

SMART စာပေက တန်ဖိုး တသောင်းကျပ်နဲ့ဖြန့်ချိထားပါတယ်။

ဘီးတဲလ်စ် စာအုပ်မျက်နှာဖုံး

စီစဉ်သူ           –  the key collection

စာအုပ်အမည်  –  ဘီးတဲလ်စ်

အမျိုးအစား      –  ဂီတ

ဘီးတဲလ်စ်ဟာ အင်္ဂလန်က သတင်းစာတစ်စောင်က “ဘီးတဲလ်စ် စွဲလမ်းမှုပြဿနာ” လို့ ဖော်ပြကြပြီး အမေရိကန် သတင်း စာတွေကတော့ “ဗြိတိသျှတို့၏ ဝင်ရောက်ကျူးကျော်မှုကြီး” လို့ တင်စားရလောက်အောင် ကြီးကျယ်တဲ့ ရော့ခ်ဂီတဝိုင်း တစ် ဝိုင်းဖြစ်ခဲ့ပါတယ်။

ဒီစာအုပ်မှာ အခန်း ၁။ ဂျွန်လင်နွန်၊ အခန်း ၂။ ပေါလ် မက္ကတ်နေး အခန်း ၃။ ရင်ဂိုစတားရ် အခန်း ၄။ ဂျော့ဟယ်ရစ်ဆင်၊ အခန်း ၅။ တေးဂီတဝိုင်း တည်ထောင်ခြင်း၊ အခန်း ၆။ အမည်သစ်၊ အသွင်သစ်၊ အခန်း ၇။ ဘီးတဲလ်စ် စွဲလမ်းမှု ပြဿနာ၊ အခန်း ၈။ စိတ်ပင်ပန်း ငြီးငွေ့လာခြင်း၊ အခန်း ၉။ အဆုံးသတ်နိဂုံး၏အစ အခန်း ၁၀။ လူတိုင်း တစ်ကိုယ်တော်အဖြစ်သို့ အခန်း ၁၁။ ဝမ်းနည်းကြေကွဲဖွယ် အကောင်းဆုံးနေ့ စတဲ့ အခန်းတွေကို ဖတ်ရှုရမှာဖြစ်ပါတယ်။

ဂျွန်လင်နွန်က “ယေရှုခရစ်တော်ထက်ပင် ပို၍ လူကြိုက်များပြီး ရေပန်းစားနေပြီ” လို့ ပြောလို့ ပြဿနာတွေတောင် တက် ခဲ့ကြပါတယ်။

the key colloction က တန်ဖိုး ၁၅၀၀ ကျပ်နဲ့ဖြန့်ချိထားပါတယ်။

အဝေးမှာ မိုးတွေ ရွာပြီ စာအုပ်မျက်နှာဖုံး

စာရေးသူ        – မြတ်

စာအုပ်အမည် –  အဝေးမှာ မိုးတွေ ရွာပြီ

အမျိုးအစား     –  ကဗျာ

မဟေသီ၊ ချယ်ရီ၊ ရုပ်ရှင်တေးကဗျာ၊ ဟန်သစ်၊ သောင်းပြောင်းထွေလာ၊ ရယ်စရာ၊ သရဖူ၊ မြန်မာ့ရုပ်ရှင်မဂ္ဂဇင်းတွေမှာ ပါခဲ့ တဲ့ ဆရာမမြတ်ရဲ့ကဗျာစုစည်းမှုစာအုပ်ဖြစ်ပါတယ်။

ဒီစာအုပ်မှာ ကျွန်မရဲ့ပွင့်ဦးကြွေ၊ မန်းအပျိုမရဲ့ ည၊ ဂန္ဓာရီမ၊ စိမ်းမြတမာ နွေသစ္စာ၊ ဟေမန္တဟိုက္ကူ၊ အလွမ်းငှက်၊ ညဉ့်နက် အောက်ကမြို့၊ ဝိညဉ့်ရဲ့ဆည်းဆာ၊ မီးခိုးငွေ့များရဲ့မိတ်ဆွေ၊ ပုလဲနှစ်စို့၊ ဖန်သားပြင်ထက် ဖြားယောင်းမှု၊ ခိုအိမ်၊ သေမိန့်၊ က လော၊ ညရထား၊ ချစ်ခြင်းနဲ့ဈာပန၊ အဝေးမှာမိုးတွေရွာပြီ၊ ငါ့ဓား၊ ညတေး၊ နှင်းဆက်မယ့် နှင်းစက်မဲ့လမ်း၊ ဆီးနှင်းများရဲ့ မယ်လိုဒီ၊ သစ္စာဖျက်သူရဲ့လက်၊ နှောင်းကြိုဝေးရာ၊ လှိုင်းမူးချိန်၊ သစ်ပင်များရဲ့အရောင်၊ အချစ်အိမ်၊ ချစ်တဲ့မြို့ကလေးရေ၊ သုံ့ပန်း ၊ ဖြစ်ခြင်းပျက်ခြင်းများ၊ ပိုလီယိုကလေးရဲ့ ရန်ကုန်၊ မမေ့ခင် (၁) စတဲ့ကဗျာတွေအပါအဝင် ကဗျာပုဒ်ရေ ၆၀ ကို ဖတ် ရှုခံစားနိုင်မှာဖြစ်ပါတယ်။

“ရောင်နီပျို့လာပြီ ၊ တက်မထောင်ကြပါနှင့်ဦး၊ ရဲတိုက်ကြီးထဲ စာအုပ်အစိမ်းကြီး ရှိနေသေး သည် ပြိုင်တူတောင်းလျှင် ပြောင်းနိုင်ပါသည်။ ။” လို့ ၂၀၁၆ သင်ပုန်းကြီးကဗျာမှာ စပ်ဆိုထားပါတယ်။

ဇွန်ပွင့်စာအုပ်တိုက်က တန်ဖိုး ၁၅၀၀ ကျပ်နဲ့ဖြန့်ချိထားပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading