နှစ်စဉ် အောက်တိုဘာ ၁၃ ရက်နေ့ဟာ ကမ္ဘာ့ အမျိုးသမီးများ ဘရာဆီယာ မဝတ်ရေးနေ့၊ တနည်းအားဖြင့် No Bra Day နေ့ ဖြစ်ပါတယ်။ အမျိုးသမီးများ ၂၄ နာရီကြာ ဘရာ မဝတ်ဘဲ နေကြဖို့ လှုံ့ဆော်တဲ့ နေ့ပါပဲ။
ဒီလှုံ့ဆော်မှုကို ၂ဝ၁၁ ခုနှစ်က ကနေဒါနိုင်ငံ၊ တိုရွန်တိုမြို့မှ ပလပ်စတစ် ဆာဂျင် ဒေါက်တာ မစ်ချယ် ဘရောင်း ကနေ စတင်ပြုလုပ်ခဲ့တာပါ။ အဲဒီ No Bra Day လှုံ့ဆော်မှုကို နိုင်ငံပေါင်း ၃ဝ ကျော် ပါဝင်ဆင်နွှဲခဲ့ပါတယ်။
ဘာကြောင့် အမျိုးသမီးများ ဘရာ မဝတ်ဖို့ လှုံ့ဆော်ကြတာလဲ ဆိုတော့ ဒီနေ့ဟာ Breast Reconstruction Awareness Day (ရင်သားပြန်လည် တည်ဆောက်ပေးခြင်း အသိပေး လှုံ့ဆော်တဲ့ နေ့) လည်း ဖြစ်ပါတယ်။ ဒီလှုံ့ဆော်မှုဟာ ရင်သားကင်ဆာ ရောဂါကြောင့် ဖြစ်ပေါ်လာမယ့် အကျိုးဆက်တွေ ကာကွယ်ပေးနိုင်ဖို့ အတွက် လှုံ့ဆော်ပေးခြင်း တမျိုးလည်း ဖြစ်ပါတယ်။
အင်္ဂလန်နိုင်ငံမှာလည်း အောက်တိုဘာလကို Breast Cancer Awareness Month (ရင်သားကင်ဆာ အသိပညာ ဖြန့်ဖြူးရေး လ) အဖြစ် သတ်မှတ်ထားပါသေးတယ်။
အမေရိကန်မှာတော့ အဲ့ဒီနေ့ကို လူတွေစိတ်ဝင်စားမယ့် နည်းလမ်း အမျိုးမျိုးနဲ့ ဆင်ယင်ကျင်းပကြပါတယ်။