အသက် ၂၁ အရွယ်ရှိ အင်္ဂလန်သရုပ်ဆောင် အယ်လာပါနေးလ်ကို အရူးအမူးစွဲလန်းနေမိပြီလို့ ဟောလိဝုဒ် သရုပ်ဆောင် ဘရက်ပစ်က ရင်ဖွင့်လိုက်ပါတယ်။
သူမဟာ ဘရက်ပစ်ရဲ့ချစ်သူဇနီးဟောင်း အင်ဂျလီနာဂျိုလီပြီးရင် နောက်ထပ် ဖုန်းပုံမှန် ဆက်နေကျသူတဦးဖြစ်လာတဲ့အပြင် ၂၀၁၄ ခုနှစ်တုန်းက ဂျိုလီရဲ့ အောင်မြင်တဲ့ ရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ Maleficent ဇာတ်ကားမှာ ဂျိုလီရဲ့ ငယ်ဘဝနေရာမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ နုပျိုလန်းဆန်းတဲ့ကောင်မလေးလည်း ဖြစ်ပါတယ်။
ဘရက်ပစ်ဟာ ပြီးခဲ့တဲ့နှစ်က အင်ဂျလီနာဂျိုလီနဲ့ အသည်းကွဲပြီးကတည်းက နောက်ထပ်အသစ်မရှာဘဲ နေခဲ့တယ်လို့ In Touch ဝက်ဘ်ဆိုဒ် သတင်းမှာ ဖော်ပြထားပါတယ်။ အခုတော့ ဘရက်ပစ်တယောက် ပြောင်းလဲလိုက်ပါပြီ။
အသက် ၅၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဘရက်ပစ်ဟာ အသက် ၂၁ နှစ်သာရှိသေးတဲ့ အင်္ဂလန်မင်းသမီးချောလေး အယ်လာပါနေးလ်ဆိုသူ ချစ်သူအသစ်စက်စက်အကြောင်းကို အားလုံးကို အသိပေးလိုက်ပြီဖြစ်ပါတယ်။ သူမရဲ့ကိုယ်နေဟန်ထားကလည်း အန်ဂျလီနာဂျိုလီနဲ့ ခပ်ဆင်ဆင်တူသူဆိုရင်လည်း မမှားပါဘူး။
“ဘရက်ပစ်ရဲ့စိတ်ထဲမှာ အခုဆိုရင် အယ်လ်ပဲ ရှိတော့တာပါ။ သူ့ လက်တွဲဖော်အဖြစ် အယ်လ်လာကို ရွေးချယ် ခဲ့တာဖြစ်တယ်”လို့ သတင်းက ဆိုပါတယ်။ ဒါ့အပြင် သူတို့နှစ်ဦးရဲ့ခံစားချက်တွေကလည်း အပြန်အလှန် ထပ်တူကျနေပါတယ်လို့ ဆိုပါတယ်။
ဆက်လက်ပြီး အယ်လာဟာ ဘရက်ပစ်ဆီက မယုံနိုင်လောက်စရာ ချော့မော့အလိုလိုက်မှုကိုလည်း ရရှိနေသူပါ။ သူမကလည်း သူ့ရဲ့အကြိုက်ဆုံးနာမည်ကျော်တွေထဲမှာ ဘရက်ပစ်ဟာ နံပါတ်တစ်ပါလို့ သူငယ်ချင်းတွေကို ပြောပြပါတယ်လို့လည်း သတင်းက ဆိုထားပါတယ်။
အယ်လာဟာ Sweetbitter ရုပ်သံဇာတ်လမ်းတွဲရိုက်ကူးနေရင်း ဘရက်ပစ်ရဲ့စိတ်ဝင်စားမှုကို ရရှိခဲ့ပါတယ်။ တချိန်တည်းမှာပဲ အယ်လ်လာက ဘရက်ပစ်အနေနဲ့ ဆယ်ကျော်သက်ကောင်မလေးတွေနဲ့ အကြည်ဆိုက်တဲ့ ဇာတ်ဝင်ခန်းတွေရိုက်နေရပြီဆိုရင် သူမက မလိုလားတဲ့ဟန် ပြသခဲ့တယ်လို့လည်း သတင်းက ဆိုပါတယ်။
အင်ဂျလီနာဂျိုလီကတော့ သူ့ချစ်သူဟောင်းနဲ့ အယ်လာတို့ အသက် ၃၂ နှစ်လောက် ကွာဟနေတာကိုကြည့်ပြီး ဘဝင်မကျဖြစ်နေပါတယ်။
တကယ်တော့ အယ်လာဟာ ဘရက်ပစ်နဲ့ဂျိုလီတို့ရဲ့သားတော်မောင် မတ်ဒေါ့စ်ထက် ၅ နှစ်ပဲ ကြီးတာပါ။
“အသက်အရွယ်ချင်း ကွာဟနေတာဟာ လက်တွဲရာမှာ အဖုအထစ်ဖြစ်စေတတ်တယ်ဆိုတာ ဘရက်ပစ် ကောင်းကောင်း သဘောပေါက်ပါတယ်” လို့ သတင်းရင်းမြစ်တခုကို ရှင်းပြပြောဆိုခဲ့ပါတယ်။
ဘရက်ပစ်ကတော့ အယ်လာရဲ့ အပေါ်ယံအလှကို မြတ်နိုးတာမဟုတ်ဘဲ သူမရဲ့အတွင်းစိတ်ကိုပါ တန်ဖိုးထားတာပါလို့ ဆိုပါတယ်။
သူက “အယ်လာရဲ့စိတ်၊ ရယ်စရာလုပ်ပြတတ်တာတွေနဲ့ သရုပ်ဆောင်အထူးကျွမ်းကျင်တာတွေကို သဘောကျမိတာ” လို့ အနုပညာသတင်းရပ်ကွက်မှ အတွင်းသတင်းများအရ ကြားသိရပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ဘရက်ပစ်အနေနဲ့ သူမကို ချစ်သူအဆင့်မှာပဲ ထားရှိပြီး နောက်တဆင့်မတက်သေးဘူးလို့လည်း သတင်းများထွက်ပေါ်နေကြောင်းပါ။
Ref:hollywoodlife.com