Lifestyle

ဒီတပတ်ဖတ်စရာ

Want create site? Find Free WordPress Themes and plugins.
စာပေရေးရာဆောင်းပါးများ စာအုပ်မျက်နှာဖုံး

စာရေးသူ        –  အောင်သင်း

စာအုပ်အမည် – စာပေရေးရာဆောင်းပါးများ

အမျိုးအစား     –  စာပေ

ကွယ်လွန်သူ စာရေးဆရာအောင်သင်း လှိုင်းသစ်မဂ္ဂဇင်းမှာ ရေးသားခဲ့တဲ့ဆောင်းပါးတွေနဲ့ အသစ်ထပ်ဖြည့်ထားတဲ့ ဆောင်းပါးတွေကို စုစည်း ထုတ်ဝေလိုက်တာဖြစ်ပါတယ်။

ဒီစာအုပ်မှာ သူတို့တွေးပုံရေးပုံ၊ ဘာသာစကားနှင့်စာပေ၊ ဝတ္ထုနှင့်ပတ်သက်၍၊ အတွေးနှင့်အတွေ့ စတဲ့ခေါင်းစဉ်လေးခု အောက်မှာ ဆရာဇေယျ၏ စာပေဝေဖန်ရေး၊ ရွှေဥဒေါင်း၏တစ်သက်တာမှတ်တမ်း၊ ဇော်ဂျီ၏တွေးပုံရေးပုံ၊ ကြည်အေး၏ သ စ္စာသစ်၊ မင်းသုဝဏ်၏သူ့မှာတမ်း၊ မြန်မာဘာသာစကားနဲ့ ကာရန်မဲ့ကဗျာ၊ နှုတ်ချိုသျှိုတစ်ပါး၊ ပြောသလို ရေးခြင်းနှင့် ပတ် သက်၍၊ ခေါင်းစဉ်အောက်မှာ ဇာတ်လမ်းဆိုတာဘာလဲ၊ မောင်ပေါက်ကျိုင်း၊ ဇာတ်လမ်းခွန်အား၊ ဒိဋ္ဌနှင့်စိတ်ကူးအကွာအ ဝေး၊ အတင်အဖြေ အဖိအဖော့၊ စရိုက်သေ၏ခွန်အား၊ ဦးပုည၏ ဝိဇယမင်းသားစရိုက်၊ ရေးသူနှင့်ဝတ္ထု အကွာအဝေး၊ ဝတ္ထု တိုပြောသူသုံးယောက်၊ ဆေးပညာပေးဝတ္ထုများ၊ ဝတ္ထုဆန်းနှစ်ပုဒ်နှင့် ပတ်သက်၍၊ မမေ့သောဝတ္ထုများ၊ ဝတ္ထုထဲက ငြိလုံး၊ ငြိလုံးနိဒါန်း ပုံသဏ္ဌာန်လေ့လာမှု၊ အလင်္ကာနှင့် ဝတ္ထုအန္တရာယ်၊ လောက၏ခင်ပွန်း ကောင်းကြီးများ၊ ကိုယ့်တွေ့သင်ခန်း စာတစ်ခု စတဲ့စာပေဆိုင်ရာဆောင်းပါးတွေ ပါဝင်ပါတယ်။

စိတ်ကူးချိုချိုက တန်ဖိုး ၂၇၀၀ ကျပ်နဲ့ဖြန့်ချိထားပါတယ်။

 

အယ်လ်တန်ဂျွန် စာအုပ်မျက်နှာဖုံး

စီစဉ်သူ               –  the key collection

စာအုပ်အမည်      –  အယ်လ်တန်ဂျွန်

အမျိုးအစား           –  ဂီတ

ကမ္ဘာကျော်တေးဂီတအကျော်အမော် အယ်လ်တန်ဂျွန်ဟာ တေးဂီတနဲ့ကုသိုလ်ဖြစ်ဆောင်ရွက်မှုတွေကြောင့် ဆာဘွဲ့ရခဲ့သူ တယောက်ဖြစ်ပြီး တော်ဝင်မိသားစုဝင်တွေရဲ့ အခမ်းအနားတွေမှာ တင်ဆက်ရလေ့ရှိပါတယ်။

ဒီစာအုပ်မှာ အယ်လ်တန်ဂျွန်ရဲ့ဘဝဇာတ်ကြောင်းကို အခန်း ၁။ စန္ဒရားတီးသည့်ကောင်လေး၊ အခန်း ၂။ နောက်ခံအဆိုရှင်၊ အခန်း ၃။ လုပ်ဖော်ကိုင်ဖက်များ၊ အခန်း ၄။ ရော့ခ်အဆိုတော်၊ အခန်း ၅။ ထူးခြားဆန်းပြား ဆရာကြီး၊ အခန်း ၆။ အဝါ ရောင်အုတ်လမ်းလေးအား နှုတ်ဆက်ခြင်း၊ အခန်း ၇။ ရပ်တည်နေဆဲ၊ အခန်း ၈။ ရက်ဂ် ပြန်လည်တိုက်ခိုက်ခြင်း၊ အခန်း ၉။ ဘဝစက် ဝန်း၊ အခန်း ၁၀။ မင်းရဲ့တေး စတဲ့အခန်းတွေကို ဖတ်ရှုရမှာဖြစ်ပါတယ်။

အယ်လ်တန်ဂျွန် အေအိုင်ဒီအက်စ်ဖောင်ဒေးရှင်ဟာ ကမ္ဘာအနှံ့အပြားမှာ ဒေါ်လာသန်းသုံးရာကျော် ထောက်ပံ့ပေးခဲ့ပြီး ဖြစ် သလို သူ့ရဲ့သီချင်းဓာတ်ပြားတွေကိုလည်း သန်းပေါင်းများစွာသော ကမ္ဘာ့ပရိတ်သတ်ကြီးက ဝယ်ယူအားပေးခဲ့ကြပါတယ်။

the key collection က တန်ဖိုး ၁၅၀၀ ကျပ်နဲ့ဖြန့်ချိထားပါတယ်။

ဇော်ဋီကာ စာအုပ်မျက်နှာဖုံး

စီစဉ်သူ                   –  ဒေါက်တာကျော်စိန်

စာအုပ်အမည်           –  ဇော်ဋီကာ

အမျိုးအစား               –  စာပေ

ဆရာဇော်ဂျီရဲ့စာပေလက်ရာများကို လေ့လာချဉ်းကပ် သုံးသပ်ထားတဲ့ စာအတ္တုပ္ပတ္တိစာအုပ်ဖြစ်ပါတယ်။“ဆရာ ဇော်ဂျီသည် ပုဂ္ဂိုလ်ရေးအတ္ထုပ္ပတ္တိတွင် မစုံဟု ဆိုနိုင်သော်လည်း စာပေအတ္ထုပ္ပတ္တိတွင်မှု စုံသည်ထက်ပင်လွန်သေးသည်ဟု ဆိုရမည်ဖြစ် ပေသည်”လို့ ဒေါက်တာကျော်စိန်က ဆိုပါတယ်။

ဒီစာအုပ်မှာ ပထမပိုင်းအနေနဲ့ ဝတ္ထုရှည် (ဘာသာပြန်) ဆရာဇော်ဂျီ၊ ဋီကာဆရာ ဇော်ဂျီ၊ ဒဿန(ဘာသာပြန်) ကျမ်းပြု ဆ ရာ ဇော်ဂျီ၊ ဒုတိယပိုင်းအနေနဲ့ ရသစာပေကျမ်းပြုဆရာဇော်ဂျီ၊ ခရီးသွားစာပေ ဆရာဇော်ဂျီ၊ ပြဇာတ်ဆရာ ဇော်ဂျီ၊ တတိယ ပိုင်းအနေနဲ့ ဝတ္ထုတိုဆရာ ဇော်ဂျီ၊ ကဗျာဆရာဇော်ဂျီ စတဲ့ အပိုင်း ၃ ပိုင်းကို ဖတ်ရှုရမှာ ဖြစ်ပါတယ်။

“ဇော်ဋီကာကို ဖတ်ရှု၍ သံသရာ၊ စုန်ဆန်လမ်းတွင် ဗေဒါပန်းကဲ့သို့ အံခဲ၍ ပျံဆဲ၊ တက်ဆဲဘဝကို ရှိနိုင်ကြပါစေဟု ဆန္ဒပြု ပါသည်” လို့လည်း ပြုစုသူဒေါက်တာကျော်စိန်က ဆိုထားပါတယ်။

လင်းသစ်ရောင်စဉ်စာပေက တန်ဖိုး ၆၀၀၀ ကျပ်နဲ့ဖြန့်ချိထားပါတယ်။

မေရီကက်ဆက် (သို့မဟုတ်) အရောင်များနှင့် စကားပြောသူ စာအုပ်မျက်နှာဖုံး

စာရေးသူ                – တင်မောင်မြင့်

စာအုပ်အမည်         –  မေရီကက်ဆက် (သို့မဟုတ်) အရောင်များနှင့် စကားပြောသူ

အမျိုးအစား             – ဘာသာပြန်

ပြင်သစ်နိုင်ငံ အင်ပရက်ရှင်းနစ်ပန်းချီဆရာတွေရဲ့ပန်းချီတော်လှန်ရေးကာလမှာ ပါဝင်ခဲ့တဲ့ အမေရိကန်ပန်းချီဆရာမလေး မေရီကက်ဆက်ရဲ့ဘဝဇာတ်လမ်းကို မှတ်တမ်းတင်ထားတဲ့စာအုပ်ဖြစ်ပါတယ်။

ဒီစာအုပ်မှာ ပါရီသို့ရောက်လာတဲ့ အမေရိကန်သူလေး၊ အရောင်သစ်၊ ဟန်သစ်ကို ရှာဖွေကြတဲ့ ပြင်းထန်တဲ့အနုပညာ တိုက်အ တွင်းက မေရီကက်ဆက်၊ အလွန်မတန် ထူးဆန်းလှသည့်မေရီကက်ဆက်၊ အမျိုးသမီးပုံများ၊ မိခင်နှင့်ကလေးပုံများ၊ အင်ပ ရက်ရှင်းနစ်ဂုရုကြီး အဂ္ဂါဒေဂါး၏အချစ်တော်ကလေး မေရီကက်ဆက်၊ မေရီကက်ဆက်နှင့်စပ်လျဉ်းသော သမိုင်းအမြင်၊ ချစ် သူဒေဂါးနဲ့ ကံတူအကျိုးပေး စတာတွေကို ဖတ်ရှုရမှာဖြစ်ပါတယ်။

“မေရီ၏ဘဝသည် သူ့ပန်းချီကားများ၏ပုံရိပ်ဖြစ်သည်။ စာလုံးများ၊ စုတ်ချက်များ ပေါင်းစပ်လိုက်သည့်အခါ ဤမည်သော အမေရိကန်အမျိုးသမီး အင်ပရက်ရှင်းနစ် ပန်းချီဆရာမ မေရီကက်ဆက်၏ ဖတ်လို့မဝနိုင်အောင် စွဲမက်စရာ ဘဝဇာတ်လမ်း မှတ်တမ်းစာအုပ်တစ်အုပ် ဖြစ်လာလေတော့သည်” လို့ စာရေးသူက ဆိုပါတယ်။

အလင်းမြစ်စာပေက တန်ဖိုး ၃၅၀၀ ကျပ်နဲ့ဖြန့်ချိထားပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading