Lifestyle

ဘောလုံးအငွေ့အသက်များနဲ့ လင်းလင်းနဲ့ချစ်သုဝေတို့ရဲ့ “Soccer House”

Want create site? Find Free WordPress Themes and plugins.

ဘောလုံးအားကစားအငွေ့အသက်ပုံရိပ်များနဲ့ ဖန်တီးထားတဲ့ အဆိုတော် လင်းလင်းနဲ့ ချစ်သုဝေတို့ရဲ့ Soccer House Cafe’ ဆိုင်လေးကိုတော့ သုဝဏ္ဏဘောလုံးအားကစားလေ့ကျင့်ရေးကွင်းအတွင်းတွင် အောက်တိုဘာလ ၂၁ ရက်နေ့က စတင် ဖွင့်လှစ်လိုက်ပါတယ်။

ထူးခြားတဲ့ ဆိုင်အပြင်အဆင်နဲ့ပတ်သက်ပြီး အဆိုတော်လင်းလင်းက “ဘောလုံးအားကစားနဲ့ ပတ်သက်တဲ့ နေရာဆိုတော့ ဘောလုံးနဲ့ပတ်သက်တဲ့ဟာ ပါတာလုပ်မယ်လို့ စဉ်းစားတော့ ဘောလုံးအသင်းတွေက အများကြီးရှိတယ်။ လတ်တလောနာမည်ကြီးတာရော ကိုယ့်မြန်မာအသင်းတွေကလည်း အများကြီးရှိတယ်။ ရှားရှားပါးပါးအမှတ်တရဖြစ်တဲ့ ၁၉၅၀/၆၀ /၇၀ ဝန်းကျင်က နိုင်ငံ့ဂုဏ်ဆောင်ဆရာသမားကြီးတွေရဲ့ ပုံရိပ်တွေနဲ့ ဖွင့်လှစ်ဖြစ်ခဲ့တာပါ” လို့ အဆိုတော် လင်းလင်းက ပြောပါတယ်။

ဒီဆိုင်မှာတော့ ရွှေရောင်လွှမ်းခဲ့တဲ့ ဘောလုံးလောကရဲ့ အမှတ်တရပစ္စည်းများ၊ မြန်မာ့ဂုဏ်ဆောင်နိုင်ခဲ့တဲ့ ဘောလုံးသမားများရဲ့ ပုံရိပ်များ အမှတ်တရအနေဖြင့် ပြသထားတာတွေ့ရပါတယ်။

“ကိုယ်တိုင်ကလည်း ဘောလုံးဝါသနာပါတယ်။ အေးအေးဆေးဆေးလည်း စားသုံးနိုင်မယ်။ အဓိကက ကားပါကင်လည်းကျယ်တယ်။ ဆိုင်အပြင်အဆင်အနေနဲ့ကလည်း နိုင်ငံံ့ဂုဏ်ဆောင်အားကစားသမားတွေရဲ့ ပုံလေးတွေ၊ အားကစားပစ္စည်းတွေ၊ ဘောလုံးကန်တဲ့ အင်္ကျီတွေ၊ ဖိနပ်တွေကအစ ရောင်းချတာရော ပြင်ဆင်တာရော ပြုလုပ်ထားပါတယ်” လို့ လင်းလင်းက ဆိုပါတယ်။

Soccer House Cafe’ ကို နံနက် ၆ နာရီမှ ည ၁၁ နာရီအထိ ဖွင့်လှစ်ထားတာဖြစ်ပြီး အစားအစာများအနေနဲ့ နံနက်စာ အစုံအလင်နဲ့ တရုတ်အစားအစာ၊ ယိုးဒယားအစားအစာများအပြင် မန္တလေးမုန့်တီ၊ မုန့်ဟင်းခါး၊ လက်ဖက်ရည်တို့ ရရှိနိုင်ပါတယ်။

ဆိုင်တွင်ရောင်းချတဲ့ အစားအစာများကို ကျန်းမာရေးနဲ့ ညီညွတ်ရန် အကောင်းဆုံးပြင်ဆင်ပေးကာ အရက်သေစာများ ကိုတော့ ရောင်းချခြင်းပြုမှာ မဟုတ်ဘူးလို့လည်း သိရပါတယ်။

နောက်ပိုင်းမှာတော့ Soccer House Cafe’ တွင် မီဒီယာနဲ့ပတ်သက်သော ပွဲအခမ်းအနားများပြုလုပ်နိုင်မှာဖြစ်ပြီး အဆိုပါ ပွဲပြုလုပ်မှုအတွက် နေရာကြေးအဖြစ် သတ်မှတ်တောင်းယူမှာမဟုတ်ဘဲ တတ်နိုင်တဲ့ ငွေကြေးပမာဏကို ထည့်သွားနိုင်ပြီး ရရှိတဲ့ငွေကြေးကိုတော့ သက်ကြီးအားကစားပညာရှင်များကို လှူဒါန်းကန်တော့သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading