• English
Saturday, July 19, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle

အိမ်ထောင်ရေးမှာ ငါပဲ ဆိုတဲ့စိတ်နဲ့တော့ မရဘူး

by ယုဖြူဟန်
24 October 2017
in Lifestyle
A A
Loreal Paris ပွဲမှာ တွေ့ရတဲ့ သရုပ်ဆောင် အကယ်ဒမီ အိန္ဒြာကျော်ဇင် (ဓာတ်ပုံ - ယုဖြူဟန်/ဧရာဝတီ)

Loreal Paris ပွဲမှာ တွေ့ရတဲ့ သရုပ်ဆောင် အကယ်ဒမီ အိန္ဒြာကျော်ဇင် (ဓာတ်ပုံ - ယုဖြူဟန်/ဧရာဝတီ)

14.7k
VIEWS
Share on FacebookShare on Twitter

အိမ်ထောင်ရေးကို အခြေခံပြီး ရိုက်ကူးထားတဲ့ လမင်းမိုမိုရဲ့ “အမှောင်ထဲမှာ” ဆိုတဲ့ ဝတ္ထုဇာတ်လမ်းကို ဒါရိုက်တာ ဝိုင်း က “ရင်ဘတ်ထဲက ဓား” ဆိုပြီး ပြန်လည် ပုံဖော်ရိုက်ကူးထားပါတယ်။ အဆိုပါ ဇာတ်ကား အထူးပွဲ ပြသပြီး ချိန်မှာတော့ လရိပ်ဝေး ဆိုတဲ့ ဇာတ်ကောင်ကို ခံစားသက်ဝင်ပြီး ဒါရိုက်တာနဲ့ ပရိသတ်အများရဲ့ အကယ်ဒမီ ပေးခြင်းခံနေရသော အကယ်ဒမီ အိန္ဒြာကျော်ဇင်ကို ဒီ ဇာတ်ကားနဲ့ ပတ်သက်ပြီးရော အိမ်ထောင်တခု အပေါ် သူ ဘယ်လိုထိန်းသိမ်းသလဲဆိုတာရော ဧရာဝတီရဲ့ အနုပညာသတင်းထောက် ယုဖြူဟန်က မေးမြန်းဖြစ်ခဲ့ပါတယ်။

မေး။ ။ လတ်တလော အနုပညာလှုပ်ရှားမှုတွေက ဘာတွေလုပ်ဖြစ်နေလဲ။

RelatedPosts

ဗိုလ်ချုပ်က စာနယ်ဇင်းသမားကို မပစ်ပယ်ဘူး

ဗိုလ်ချုပ်က စာနယ်ဇင်းသမားကို မပစ်ပယ်ဘူး

19 July 2025
68
အောင်လအန်ဆန်းနှင့် ဂျိုရွှာဗန်တို့က ပေးတဲ့ အမျိုးသားစည်းလုံးညီညွတ်မှု

အောင်လအန်ဆန်းနှင့် ဂျိုရွှာဗန်တို့က ပေးတဲ့ အမျိုးသားစည်းလုံးညီညွတ်မှု

16 July 2025
1.3k
မိုးကုတ်မြို့

မိုးကုတ်မြို့

13 July 2025
564

ဖြေ။ ။ အခု လောလောဆယ်က ကြော်ငြာလေးတွေ ဓာတ်ပုံရိုက်လေးတွေပဲ လက်ခံဖြစ်နေပါတယ်။ ဖွင့်ပွဲလေးတွေ တက်တယ်ပေါ့။

မေး။ ။“ရင်ဘတ်ထဲကဓား” ရဲ့ Press Show ပြသပြီးတဲ့ အချိန်မှာတင် ရင်ထဲကို ထိသွားကြတယ်။ ပြောကြတယ်ပေါ့။ အဲဒီအပေါ်မှာ ဘယ်လိုခံစားရပါသလဲ။

ဖြေ။ ။ ရင်ဘတ်ထဲကို ထိသွားတယ်လို့ကြားရတဲ့အတွက် ကျေးဇူးအရမ်းတင်ပါတယ်။ ကျေးဇူးတင်တယ်ဆိုတာ ကိုယ်ကြိုးစားခဲ့တာလေးတွေကို ပရိသတ်က အဲဒီလိုခံစားလိုက်ရတယ်ဆိုတော့ ကြိုးစားရတာက အရာထင်တယ်လို့ ထင်ပါတယ်။

မေး။ ။ ဒီ ကားကိုရိုက်တုန်းက ကြုံတွေ့ခဲ့ရတဲ့ အမှတ်တရလေးတွေရှိရင် ပြောပြပေးပါ။

ဖြေ။ ။ အမှတ်တရကတော့ သီးသန့်ကြီးတော့ မရှိပါဘူး။ ဒ ီကားက ဟဲဗီးဒရာမာဆိုတော့ စိတ်တွေနှစ်ပြီးတော့ လုပ်ရတော့ ဒီ ဇာတ်ကိုပဲခေါင်းထဲထည့်ပြီးတော့ Mood တွေနဲ့ပဲ ရိုက်နေရတာဆိုတော့ ပေါ့ပေါ့ပါးပါးနဲ့ ပျော်တဲ့ဟာမျိုး သိပ်မရှိပါဘူး။

မေး။ ။ ကိုပြေတီဦးနဲ့ တွဲရိုက်တဲ့ကားဖြစ်တဲ့အတွက် ဘယ်လိုမျိုး အပေးအယူမျှအောင် သရုပ်ဆောင်ခဲ့ရပါသလဲ။

ဖြေ။ ။ အပေးအယူကတော့ တခန်းရိုက်ခါနီးရင် ဒိုင်ယာလော့ခ်တွေ ကျက်ရတယ်။ ရီဟာဇယ်တွေမှာ ဒိုင်ယာလော့ခ် တွေ အပြန်အလှန်ပြောကြတယ်။ အိုက်တင်လေးတွေကိုလည်း ဒီလိုလုပ်ရင်ကောင်းမလား။ အဲဒီလိုမျိုးတွေတွေတော့ တိုင်ပင်ပြီးတော့လုပ်ဖြစ်တယ်။

မေး။ ။ နောက်ပိုင်းရော ကိုပြေတီဦးနဲ့တွဲပြီး သရုပ်ဆောင်သွားဖို့ရှိပါသေးလား။

ဖြေ။ ။ လိုက်ဖက်တဲ့ ဇာတ်လာရင်တော့ ရိုက်ဖြစ်မှာပါ။

မေး။ ။ ဇာတ်လမ်းရွေးချယ်မှုအပိုင်းကိုရော ဘယ်လိုမျိုးရွေးချယ်ဖြစ်လဲ။

ဖြေ။ ။ ပြောရရင်တော့ ဇာတ်လမ်းနဲ့ပတ်သက်ပြီးတော့ အဓိကကတော့ ပရိသတ်ပါပဲ။ ပရိသတ်ကြိုက်မယ့် ဇာတ်လမ်း မျိုးတွေ အမတို့ Fans တွေက ဘယ်လိုမျိုးလေးတွေ ရိုက်စေချင်လဲမှာ မူတည်ပါတယ်။ အမြဲ ဟဲဗီးဒရာမာဆိုရင်လည်း ထပ်နေပြီ။ တခါတလေကျရင်လည်း လူတွေရဲ့စိတ်ကို ပေါ့ပေါ့ပါးပါး ဖြစ်သွားစေတာမျိုး ရိုက်တယ်ပေါ့။ အဓိက ကတော့ ပရိသတ်ကို မတူညီတဲ့ပုံစံမျိုးတွေ ပေးချင်တာ။

မေး။ ။ အိမ်ထောင်ရေးနဲ့ပတ်သက်တဲ့ ဇာတ်ကားလည်းဖြစ်တဲ့အတွက် ဘယ်လိုမျိုး Message ပေးချင်ပါလဲ။

ဖြေ။ ။ အိမ်ထောင်မပြုရသေးတဲ့သူတွေ သွားကြည့်ရင်တော့ အိမ်ထောင်ပြုချင်မှာ မဟုတ်တော့ဘူး။ အပြင်မှာလည်း ဒီထဲကထက်ဆိုးတာတွေ ရှိချင်ရှိမယ်။ ဒီထဲကအတိုင်းလည်း ရှိချင်ရှိမယ်။ ရုပ်ရှင်ဆိုတာကတော့ Entertainment တခုပါပဲ။ ဇာတ်တခုကို ဖန်တီးတာပေါ့။ ဒီဇာတ်က ပြောရမယ်ဆိုရင်တော့ အပြင်မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ပုံစံမျိုးတွေပါတယ်။ ဒီကားကို ရိုက်လိုက်တဲ့အခါမှာ အမအနေနဲ့ ဒီလိုအိမ်ထောင်ပြုလိုက်ရင် ဒီလို လင်မယား နှစ်ယောက်က ဘယ်လိုပြဿနာဆိုရင် ဘယ်လိုပုံစံမျိုးနဲ့ ဖြေရှင်းရမှာပါလား ဆိုတဲ့ဟာမျိုးလေးတွေကို သိသွားတယ်။ ဒီ ကားလေးကိုကြည့်ပြီးတော့ ကိုယ်မသိသေးတဲ့ ကိစ္စလေးတွေ သိမယ် ပညာလေးတွေရမယ်ပေါ့။

မေး။ ။ အပြင်မှာလည်း အိမ်ထောင်ရှင်တယောက်ဖြစ်တယ်။ ဒီကားထဲမှာကျတော့ အိမ်ထောင်ရေး ပြဿနာ လေးတွေနဲ့ ကြုံရတဲ့ ဇာတ်ရုပ်ဆိုတော့ ဘယ်လိုမျိုး ခံစားဖြစ်လဲ။

ဖြေ။ ။ ဘယ်လိုမျိုးခံစားရလဲဆိုတော့ အမက အဲဒီကားထဲမှာပါတဲ့ လရိပ်ဝေးပေါ့။ အဲဒီ ကာရိုက်တာကို တကယ်ဖြစ်လိုက်တာပေါ့။ ဒီကား စကတည်းကိုက သူက ပေါ့ပေါ့ပါးပါး မရှိဘူး။ မွန်းကြပ်နေတယ်။ စလိုက်တဲ့ First scene မှာထဲကိုက အမေဆီကနေ ထောင်ကထွက်တော့မယ်ဆိုကတည်းကိုက ဒီ အမေကို နာကျည်းနေတာ အဲဒီက စပြီး တောက်လျှောက်ခံစားမှုတွေနဲ့ တကားလုံးသွားတာ။

မေး။ ။ အမှတ်တရ အဖြစ်ဆုံးဆိုရင် ဘယ်အခန်းလေးဖြစ်မလဲ။

ဖြေ။ ။ အခန်းတိုင်းကတော့ အမှတ်ရစရာလို့ ပြောရမယ်။ ဘာလို့လည်းဆိုတော့ ပေါ့ပေါးပါးပါးနဲ့ ရိုက်တဲ့ဟာမျိုးမဟုတ်ဘူး။ အခန်းတိုင်းက ဟဲဗီးကြီးတွေရိုက်၊ ရန်တွေဖြစ်၊ ခံစားချက်အကြီးကြီးတွေထည့်ထား၊ ကဒ် ဆိုရင် Mood တွေက ချက်ချင်းချမရဘူး။ ရင်ထဲမှာ နင့်ပြီးခံစားထားတော့ မောနေတာ လက်ဖျားတွေ ခြေဖျားတွေ ကျဉ်တက်လာတာပေါ့။ ဒါတွေကတော့ အမှတ်တရလို့ ပြောလို့ရတယ်။

မေး။ ။ အပြင်မှာရော ကိုယ့်ရဲ့ အိမ်ထောင်ရေးကို ဘယ်လိုမျိုးထိန်းသိမ်းပါလဲ။

ဖြေ။ ။ အဓိကကတော့ အပြန်အလှန်နားလည်မှုပေါ့။ တယောက်နဲ့တယောက် ကိုယ်ချင်းစာတရားတွေ ရှိမယ်ဆို ပြဿနာတခုဖြစ်တဲ့အထိ မသွားဘဲနဲ့ ဒီကိစ္စကို ဘယ်လိုဖြေရှင်းမလဲ။ အမြင်ချင်းဘယ်လိုရှိလဲ။ ဆွေးနွေးဖြစ်တယ်။ ဘယ်လိုဖြစ်သင့်လဲဆိုတာနဲ့ သွားတယ်။ အမနဲ့ အစ်ကိုကတော့ ပြဿနာအကြီးကြီးဖြစ်သွားတဲ့အထိ ဘယ်တော့မှ မဖြစ်ဘူး။ အမြဲတမ်းဆွေးနွေးပြီးတော့ ပြီးသွားတာပဲ။ တခုတော့ရှိတာပေါ့။ စိတ်တော့ထားတတ်ရတာပေါ့။ ငါပဲဆိုတဲ့ စိတ်နဲ့တော့ မရဘူး။ အရာရာကိုလျော့သင့်တာ လျော့ရမယ်။

မေး။ ။ အိမ်ထောင်သည် ကလေးနှစ်ယောက်အမေအနေနဲ့ ကိုယ့်ရဲ့အလှအပကိုရော ဘယ်လိုမျိုးထိန်းသိမ်းဖြစ်လဲ။

ဖြေ။ ။ အိမ်ထောင်ကျပြီး ကလေးမွေးပြီးရင် အများစုက ဝသွားတာမျိုးတွေ ခန္ဓာကိုယ်ကြီးသွားတာမျိုးတွေရှိတယ်။ အမကတော့ အဲဒီလိုမျိုးမပြောင်းလဲသွားလို့သာ လှနေတယ်လို့ ထင်ရတာပါ။ အပြင်မှာဆို အမတို့ထက် ကလေးတွေ ၃၊ ၄ယောက်မွေးထားပြီး လှနေတာတွေအများကြီးပဲပေါ့။ Gym တော့မဆော့ဖြစ်ဘူး။ တနေ့ကိုတနာရီတော့ လမ်းလျှောက်တယ်။

မေး။ ။ ဖက်ရှင်ပိုင်းနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုမျိုးလေ့လာဖြစ်လဲ။

ဖြေ။ ။ ဖက်ရှင်နဲ့ပတ်သက်ပြီးတော့ အမက စိတ်ဝင်စားတယ်။ ကိုယ်နဲ့ဘယ်လိုမျိုးလေးက လိုက်လဲ။ ကိုယ်သွားမယ့်ပွဲက ဘယ်လိုမျိုးနဲ့လိုက်မလဲ။ အဲဒါကိုစိတ်ဝင်စားတယ်။ အဲဒီလိုမျိုးတွေလိုက်တွေးပြီး ဝတ်ဖြစ်တယ်။

မေး။ ။ ပရိသတ်အတွက် ဘာများပြောချင်ပါသေးလဲ။

ဖြေ။ ။ ပရိသတ်ကိုတော့ အခု အနုပညာအလုပ်လေးတွေ နည်းသွားတဲ့အတွက် တောင်းပန်ပါတယ်။ ဒါပေမယ့် အတတ်နိုင်ဆုံး အကောင်းဆုံး ကြိုးစားပြီးတော့ လုပ်ပေးပါမယ်။

Your Thoughts …
Tags: ရင်ဘတ်ထဲက ဓား
ယုဖြူဟန်

ယုဖြူဟန်

ဧရာဝတီ

Similar Picks:

No Content Available
Next Post
အောက်တိုဘာ ၂၄ ရက်က ရန်ကုန်မြို့တွင် ပြုလုပ်နေသည့် PC နှင့် DPN အစည်းအဝေး (ဓာတ်ပုံ- ချမ်းစွန်း/ဧရာဝတီ)

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် နိုင်ငံတကာ ပါဝင်ရေး အခန်းကဏ္ဍကိစ္စ ညှိနှိုင်းမှု အခက်အခဲရှိနေ

၂၀၁၂ ခုနှစ် တောင်ကြီး တန်ဆောင်တိုင် ပွဲတော်ကွင်း ဖွင့်ပွဲတွင် ကပြ ဖျော်ဖြေနေမှု တခုကို တွေ့ရစဉ် / ဂျွန်ချစ်ငြိမ်း / တောင်ကြီး / ဧရာဝတီ

တောင်ကြီးမြို့တွင် တိုင်းရင်းသား ၇ မျိုး ပါဝင်မည့် ရိုးရာအက ပြိုင်ပွဲ ကျင်းပမည်

No Result
View All Result

Recommended

MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

2 days ago
3.5k
၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

3 days ago
3.4k

Most Read

  • အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

    အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

    shares
    Share 0 Tweet 0
  • လေကြောင်းပစ်ကူဖြင့် ဆန်တက်လာသည့် စစ်သင်္ဘောများ စဥ့်ကူးရောက်

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၆

    shares
    Share 0 Tweet 0
  • MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    shares
    Share 0 Tweet 0
  • ပြည်သူ့ရင်ခွင် ခိုလှုံတဲ့ သုခစခန်းက ဗိုလ်ကြီး မျိုးဆွေဦးရဲ့ စကား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate