ဗြိတိန်နိုင်ငံ ကိန်းဘရစ်ရှ်နယ်စား မင်းသားဝီလျံနဲ့ကြင်ယာတော်တို့ဟာ သူတို့ရဲ့တတိယမြောက်ရင်သွေးကို လာမယ့်နှစ် ဧပြီလမှာ မွေးဖွားမှာဖြစ်တယ်လို့ ကြေညာလိုက်ပါတယ်။
ထီးညွန့်နန်းလျာတော်ဝင်စုံတွဲဟာ အရင် ရင်သွေးများရစဉ်တုန်းကတော့ မွေးဖွားမယ့်လကို အခုလို ထုတ်ဖော်ကြေညာခြင်း မပြုခဲ့ပါဘူး။ အခုလည်း ကန်ဆင်းတန်နန်းတော်ကနေ အသေးစိတ်ထုတ်ပြန် မနေဘဲ သတင်းတိုသာ ထုတ်ပြန်ကြေညာခဲ့တာလည်း ဖြစ်ပါတယ်။
စက်တင်ဘာလက ပြုလုပ်ခဲ့တဲ့ မင်းသားဟယ်ရီရဲ့ စေ့စပ်ပွဲတက်ရောက်ဖို့ရန် လွဲသွားခဲ့ပြီးတဲ့နောက် ကိန်းဘရစ်ရှ်နယ်စားကတော် မင်းသမီး ကိတ်မစ်ဒယ်တန်က သူမမှာ ကိုယ်ဝန်ရှိနေကြောင်း ထုတ်ဖော်ပြောကြားခဲ့တာပါ။ ကိုယ်ဝန်နှစ်ကြိမ်ဆောင်ခဲ့ဖူးသော်လည်း ကိုယ်ဝန်ဆောင်တွေရဲ့ သဘာဝ မနက်အစောပိုင်း ပျို့အန်တာ၊ မူးမော်တာတွေကို စိုးရွံ့လို့နေပါသေးတယ်။
အသက် ၃၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဝီလျံနဲ့ ကိတ်တို့မှာ ၄ နှစ်သားအရွယ် မင်းသားဂျော့ရှ်နဲ ၂ နှစ်သမီး မင်းသမီးလေး ချားလော့တို့ ရှိပါတယ်။