
စာရေးသူ – မောင်ခင်မင် (ဓနုဖြူ)
စာအုပ်အမည် – အဘိဓာန်ပညာနိဒါန်း
အမျိုးအစား – အဘိဓာန်ပညာ
အဘိဓာန်ပညာကို စိတ်ဝင်စားသူများ၊ ဝေါဟာရအနက်အဓိပ္ပာယ် သက်ရောက်ပုံတွေကို စိတ်ဝင်စားသူတွေ လေ့လာနိုင် မယ့်စာအုပ်ဖြစ်ပါတယ်။
ဒီစာအုပ်မှာ အခန်း ၁။ အဘိဓာန်လုပ်ငန်း၏သဘောသဘာဝ၊ အခန်း ၂။ စွယ်စုံအဘိဓာန်နှင့် ဘာသာစကားအဘိဓာန်၊ အခန်း ၃။ ခေတ်စဉ် အဘိဓာန်နှင့် ခေတ်လိုက်အဘိဓာန်၊ အခန်း ၄။ သရုပ်ဖော်အဘိဓာန်များ၊ အခန်း ၅။ ဝေါဟာရစကားလုံးနှင့် အနက်အဓိပ္ပာယ်သဘော၊ အခန်း ၆။ ဝေါဟာရနက် အမျိုးအစားများ၊ အခန်း ၇။ ပညာနက်၊ ဂယက်နက်၊ အသုံးနယ်ပယ်၊ အ ခန်း ၈။ အနက်ပွား စကားလုံး၊ အခန်း ၉။ အသွင်တူ အနက်ကွဲစကားလုံး၊ အခန်း ၁၀။ အနက်တူ အသွင်ကွဲစကားလုံး၊ အ ခန်း ၁၁။ အနက် ဖွဲ့ယှက်မူ နယ်ပယ်၊ အခန်း ၁၂။ သဒ္ဒါ စကားလုံးနှင့် ကိုယ်ပိုင်အမည်၊ အခန်း ၁၃။ စကားရင်းနှင့် စကား ပွားများ ၁၊ အခန်း ၁၄။ စကားရင်းနှင့် စကားပွားများ ၂၊ အခန်း ၁၅။ စကားပေါင်းတည်ပုဒ် ပြဿနာများ၊ အခန်း ၁၆။ စ ကားလုံးတွဲစပ်မှု ၁၊ အခန်း ၁၇။ စကားလုံးတွဲစပ်မှု ၂၊ အခန်း ၁၈။ ပုဂ္ဂလ ဒေသိယ၊ ဒေသ ဒေသိယ၊ လူမှုဒေသိယ၊ အခန်း ၁၉။ စကားလုံးပြောင်းလဲမှု၊ တိုးပွားမှု၊ အခန်း ၂၀။ အဘိဓာန်လုပ်ငန်းဖွံ့ဖြိုးမှုလမ်းကြောင်း စတဲ့အခန်းတွေ ပါဝင်ပါတယ်။
ဘာသာစကားလေ့လာမှုကို စိတ်ဝင်စားတဲ့ စာဖတ်သူများအတွက် ရည်ရွယ်တယ်လို့ ဆရာမောင်ခင်မင်(ဓနုဖြူ) က ဆိုပါ တယ်။
the key colloction က တန်ဖိုး ၂၀၀၀ ကျပ်နဲ့ဖြန့်ချိထားပါတယ် ။

စာရေးသူ – ဦးသိမ်းမောင်
စာအုပ်အမည် – ရန်ကုန်ရာဇဝင်သမိုင်း
အမျိုးအစား – သမိုင်း
ရန်ကုန်အကြောင်းသိချင်ရင် မဖြစ်မနေ လေ့လာရမယ့် ဒီစာအုပ်မှာ အခန်း ၁။ ဥက္ကလာပမင်းကြီးနှင့် ရွှေတိဂုံ၊ အခန်း ၂။ ရန် ကုန်သည် ဥက္ကလာပလော၊ အခန်း ၃။ ဥက္ကလာနှင့်မွန်တို့ဘဝ၊ အခန်း ၄။ ဒဂုံမြေနင်း၍ မင်းဖြစ်လာသူ၊ အခန်း ၅။ ဒဂုံနှင့်ရှင် စောပု၊ အခန်း ၆။ ရန်ကုန်နှင့်အလောင်းဘုရား၊ အခန်း ၇။ ကုန်းဘောင်မင်းများ၏ ပထမရန်ကုန်၊ အခန်း ၈။ ကုန်းဘောင် မင်းများ၏ ဒုတိယရန်ကုန်၊ အခန်း ၉။ အင်္ဂလိပ်ရန်ကုန်၏ ပထမခေတ်၊ အခန်း ၁၀။ နိုင်ငံရေးအစ ရန်ကုန်က၊ အခန်း ၁၁။ စစ်ကြိုခေတ်ရန်ကုန်၊ အခန်း ၁၂။ ပြဿနာစုံစုံ ရွှေတိဂုံ၊ အခန်း ၁၃။ ဂျပန်ခေတ်ရန်ကုန်၊ အခန်း ၁၄။ ရန်ကုန်မြို့နှင့် မြန်မာ့ အလံတော်ကြီး၊ အခန်း ၁၅။ စစ်ပြီးခေတ် ရန်ကုန်၊ အခန်း ၁၆။ ကမ္ဘာကျော် ရန်ကုန်လူသတ်မှုကြီး၊ အခန်း ၁၇။ ရန်ကုန်မြို့ ၏ ပြည်ကြီးတန်ဆာ၊ အခန်း ၁၈။ နေပြည်တော် သယ်ယူပို့ဆောင်ရေး၊ အခန်း ၁၉။ ရန်ကုန်မြေမျက်နှာပြင်ပေါ်ဝယ်၊ အခန်း ၂၀။ သာသနာ ရောင်ဝါထွန်းချိန်မို့၊ အခန်း ၂၁။ ဇာတ်သဘင်နှင့် တီထွင်မှု၊ အခန်း ၂၂။ ရန်ကုန်က အပုပ်ကောင်ကြီး၊ အခန်း ၂၃။ မတ်လ ၂ ရက်နေ့ ရန်ကုန်မြို့အသွင် စတဲ့ ရန်ကုန်ရာဇဝင်သမိုင်းကို ရှားပါးဓာတ်ပုံ၊ ပန်းချီပုံပေါင်းများစွာနဲ့ ဖတ်ရှုနိုင် မှာဖြစ်ပါတယ်။
စိတ်ကူးချိုချိုက တန်ဖိုး ၆၀၀၀ ကျပ်နဲ့ဖြန့်ချိထားပါတယ်။

စာရေးသူ – မြသန်းတင့်
စာအုပ်အမည် – ချိုးဖျက်၍ မရသော သမိုင်းမှတ်တိုင်များ
အမျိုးအစား – စာပေ
“လူတစ်ယောက် မွေးဖွားတယ်၊ အသက်ရှင်တယ်၊ သေဆုံးတယ်၊ အဲဒီထက်ပိုတဲ့ သမိုင်းတန်ဖိုးကြီးခဲ့တဲ့ လူတစ်ယောက် အဖြစ် ဂုဏ်ပြုထိုက်သမို့ ဂုဏ်ပြုလိုက်ပါတယ်။” လို့ စီစဉ်သူ ဆရာမင်းဆွေနှစ်က ဆိုပါတယ်။
ဒီစာအုပ်မှာ ဆရာမြသန်းတင့်ရဲ့ ပင်ကိုယ်ရေးကဗျာ၊ ဘာသာပြန်ကဗျာ၊ ဆရာမြသန်းတင့် လက်ရေးမူ၊ ပြဇာတ်၊ ဆောင်း ပါး၊ မြန်မာရသစာတမ်း၊ နိုင်ငံတကာရသစာတမ်း၊ ခရီးသွား၊ ဝတ္ထုတို၊ ဘာသာပြန်ဝတ္ထုတို၊ အမှတ်တရ၊ ရုပ်ပုံလွှာ၊ အမှာစာ၊ ကျွန် တော်ဆက်၍ ရေးချင်သောဝတ္ထု၊ ပေးစာ၊ အင်တာဗျူး၊ ဆရာမြသန်းတင့်၏ကလောင်ခွဲများ၊ စာစုစာရင်း၊ ဘဝနှင့် စာပေမှတ် တမ်း၊ ဆရာမြသန်းတင့်၏အမျိုးသားစာပေဆုရစာအုပ်များ စတဲ့ ဆရာမြသန်းတင့်ရဲ့ဘဝ၊ အနုပညာနဲ့စာပေလက်ရာတွေကို တစုတစည်းထဲ ဖတ်ရှုလေ့လာနိုင်မှာဖြစ်ပါတယ်။
ဆရာဗန်းမော်တင်အောင်အမှတ်တရဆောင်းပါးမှာ “မြေဝသုန်ရေ ဂုဏ်ပြုအပ်တဲ့ ဧည့်သည်တစ်ယောက်ကို ဆီးကြိုပေ တော့” လို့ ဆရာမြသန်းတင့်က မှတ်တမ်းတင်ထားပါတယ်။
ချင်းတွင်းအိမ်စာပေက တန်ဖိုး ၅၀၀၀ ကျပ်နဲ့ ဖြန့်ချိထားပါတယ်။

စီစဉ်သူ – the key collection
စာအုပ်အမည် – သောမတ် အယ်ဗာ အက်ဒီဆင်
အမျိုးအစား – အတ္ထုပ္ပတ္တိ
မြန်မာနိုင်ငံအင်္ဂလိပ်လက်အောက်ကျရောက်တဲ့ အချိန်မှာ အင်ဒီဆင်က လျှပ်စစ်မီးကို တီထွင်နိုင်လို့ ကျော်ကြားမှု အထွတ် အထိပ်ရောက်နေခဲ့ပါတယ်။ သူ့ရဲ့ဧည့်ခံပွဲကြီးတွေကို လေယာဉ်ပျံတီထွင်တဲ့ အော်ဗီလီရိုက်၊ မော်တော်ကားတီထွင်တဲ့ ဟင် နရီဖို့ဒ်၊ စာရေးဆရာမ ဟယ်လင်ကဲလားတို့က တက်ရောက်နေကြပါပြီ။
ဒီစာအုပ်မှာ အက်ဒီဆင်ရဲ့အကြောင်းကို အခန်း ၁။ အစဉ်သိလိုစိတ် ပြင်းပြသူ၊ အခန်း ၂။ တီထွင်သူလေး၊ အခန်း ၃။ တွမ် နှင့်ကောင်လေးတွေ၊ အခန်း ၄။ တီထွင်စက်ရုံ၊ အခန်း ၅။ အလင်းကို ဖွင့်လှစ်ခြင်း၊ အခန်း ၆။ ရွှေ့လျားပုံရိပ်များ ဖန်တီး ခြင်း၊ အခန်း ၇။ အစဉ်တီထွင်နေသူစတဲ့အခန်းတွေမှာ ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။ တီထွင်သူပညာရှင်ကြီး အက်ဒီဆင်က “ပါရမီရှင်ဆိုတာ ဖန်တီးမှုတစ်ရာခိုင်နှုန်းနဲ့ ချွေးစက် ကိုးဆယ့်ကိုးရာခိုင်နှုန်းပေါင်းစပ်ထားတာပဲ” လို့ ဆိုခဲ့ပါတယ်။
အက်ဒီဆင်ရဲ့ဈာပနညမှာ အမေရိကန်သမ္မတကြီးဦးဆောင်တဲ့ အမေရိကန်တစ်နိုင်ငံလုံးဟာ အက်ဒီဆင်ကို ဂုဏ်ပြုတဲ့အ နေနဲ့ သူတို့ရဲ့မီးတွေကို ပိတ်ပေးခဲ့ကြပါတယ်။
the key collection စာအုပ်တိုက်က တန်ဖိုး ၁၅၀၀ ကျပ်နဲ့ဖြန့်ချိထားပါတယ်။