၁။ အောင်လအန်ဆိုင်းနှင့် အယ်လိန်ဂလာနီ တို့၏ One: HERO’s DREAM လက်ဝှေ့ထိုးသတ်ပွဲကြီးကို သုဝဏ္ဏ မိုးလုံလေလုံ အားကစားကွင်းတွင် ၃.၁၁.၂၀၁၇ ရက်နေ့ည ၆ နာရီခွဲတွင် ပြုလုပ်သွားမည် ဖြစ်သည်။ ပွဲလက်မှတ်များကို www.myasiatiket.com နှင့် ဖုန်း သ၉ ၉၅၁ ၅၄၉ ၂၉၇ သို့ဆက်သွယ် မှာယူနိုင်ပြီး SKYNET SPORTS 3 ရုပ်သံလိုင်း၊ SKYNET SPORTS-HD ရုပ်သံလိုင်းများတွင်လည်း တိုက်ရိုက် ထုတ်လွှင့်ပြသသွားမည် ဖြစ်ကြောင်း သိရသည်။
၂။ MEMORY! နိုင်ငံတကာအမွေအနှစ် ရုပ်ရှင်ပွဲတော်ကို ဝဇီရာရုပ်ရှင်ရုံ၊ မဟာဗန္ဓုလပန်းခြံတို့တွင် ၄.၁၁.၂၀၁၇ မှ ၁၃.၁၁.၂၀၁၇ ရက်နေ့ အထိ ပြုလုပ်သွားမည် ဖြစ်သည်။ ဝင်ကြေးအခမဲ့ ဖြစ်ပြီး အဆိုပါ ရုပ်ရှင်ပွဲတော်တွင် ကမ္ဘာတဝန်းမှ ဂန္ထဝင်ရုပ်ရှင်ဇာတ်ကားပေါင်း ၆၀ ခန့် ပြသသွားမည် ဖြစ်ကြောင်းသိရသည်။
၃။ တေးသံရှင် ဇော်ဝင်းထွဋ်၊ R ဇာနည်၊ ဝေလတို့ ပါဝင်မည့် ဆေးပေါင်းခတဲ့ ည ဂီတဖျော်ဖြေပွဲကို ၂.၁၁.၂၀၁၇ ရက်နေ့ ည ၇ နာရီတွင် ပြုလုပ်သွားမည် ဖြစ်သည်။ ပွဲလက်မှတ်များကို ၁ သောင်းကျပ်မှ ၅ သောင်းကျပ်အထိ သတ်မှတ်ထား ပြီး ၀၉-၇၈၂၀၉၇၄၃၆ ၊ ၀၉-၄၅၁၀၁၀၇၈၉ သို့ ဆက်သွယ် မှာယူနိုင်ကြောင်း သိရသည်။
၄။ တေးသံရှင် အိမ့်ချစ်၏ Beyond The Success ဂီတဖျော်ဖြေပွဲကို ကန်တော်ကြီး၊ မျှော်စင်ကျွန်းတွင် ၃.၁၁.၂၀၁၇ ရက်နေ့ည ၇ နာရီတွင် ပြုလုပ်သွားမည် ဖြစ်သည်။ ပွဲလက်မှတ်များကို ၅ ထောင်ကျပ်မှ ၅ သောင်းကျပ်အထိ သတ်မှတ်ထားပြီးJunction Square ၊ Junction Mawtin၊ Junction 8၊ မန်းသီရိတေးသံသွင်းနှင့် ဖုန်းနံပါတ် ၀၉-၄၅၈၈၈၉၂၉၂ တို့တွင် ဝယ်ယူနိုင်ကြောင်း သိရသည်။
၅။ မြန်မာ့ရိုးရာ တန်ဆောင်တိုင်ပွဲတော်ကို အင်းလျားလမ်းရှိ စိမ်းလမ်းစိုပြေဥယျာဉ်တွင် ၄.၁၁.၂၀၁၇ ရက်နေ့ ညနေ ၅ နာရီတွင် ပြုလုပ်သွားမည် ဖြစ်သည်။ ဝင်းကြေးအခမဲ့ ဖြစ်ပြီး မြန်မာ့ရိုးရာ ရုပ်သေးအက၊ မြန်မာ့ဆိုင်းဝိုင်း၊ မြန်မာ့ဂီတဆီးမီးခွက် အကနှင့် မြန်မာ့ရိုးရာ အကအလှများ၊ မြန်မာ့ရိုးရာ ခြင်းလုံးခတ် ဖျော်ဖြေမှုများ၊ မီးမျှောပွဲတို့ဖြင့်မြိုင်မြိုင်ဆိုင်ဆိုင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
၆။ နှစ်စဉ် ပြုလုပ်နေကျဖြစ်သည့် ကာတွန်း ဦးဘဂျမ်းလမ်း တန်ဆောင်တိုင် ကာတွန်းပွဲတော်ကို လမ်းမတော်မြို့နယ်၊ ၁၃ လမ်း (အောက်လမ်း) တွင် ၂.၁၁.၂၀၁၇ မှ ၄.၁၁.၂၀၁၇ ရက်နေ့အထိ ပြုလုပ်သွားမည် ဖြစ်သည်။ အဆိုပါ ကာတွန်းပွဲတော်တွင် ဦးဘဂျမ်း၏ ကာတွန်းလက်ရာများ၊ ဒို့ပြည်ဒို့မြေ ကာတွန်းပြိုင်ပွဲမှ ဆုရကာတွန်း လက်ရာများနှင့် အခြား ကာတွန်းပညာရှင်များ၏ ကာတွန်း လက်ရာများ ပြသသွားမည် ဖြစ်ကြောင်း သိရသည်။
၇။ စာပေချစ်သူများ အတွက် တန်ဆောင်တိုင် ဉာဏ်အလင်းထွန်းပွဲတော်ကို လမ်းမတော်သံဈေးရှိ Yangon Book Plaza တွင် ၃.၁၁.၂၀၁၇ မှ ၅.၁၁.၂၀၁၇ ရက်နေ့အထိ ပြုလုပ်သွားမည် ဖြစ်သည်။ အဆိုပါပွဲတော်တွင် စာအုပ်များ အထူးလျော့ဈေးများဖြင့် ရောင်းချပေးခြင်း၊ စာကြည့်တိုက်များသို့ စာအုပ်များ လှူဒါန်းပေးခြင်း၊ မိမိ အတွက် မလိုအပ်တော့သည့် စာအုပ်များကို အခြား စာအုပ်များနှင့် လဲလှယ်ပေးခြင်းတို့ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။
၈။ ပန်းချီ အောင်ခိုင်၏ ၅ ကြိမ်မြောက် တကိုယ်တော်ပန်းချီ ပြပွဲကို အောင်ဆန်းအားကစားကွင်း (မြောက်ဘက်) ရှိ OK Art Gallery တွင် ၁.၁၁.၂၀၁၇ မှ ၅.၁၁.၂၀၁၇ အထိပြုလုပ်သွားမည် ဖြစ်သည်။ အဆိုပါ ပန်းချီပြပွဲတွင် မြန်မာမှုအခြေပြု မော်ဒန် ပန်းချီကားများ ပြသသွားမည် ဖြစ်ကြောင်း သိရသည်။
၉။ ပန်းချီဝင်းဖေမြင့်၏ dialogue with nature ပန်းချီပြပွဲကို လောကနတ် ပန်းချီပြခန်းတွင် ၂.၁၁.၂၀၁၇ မှ ၁၁.၁၁.၂၀၁၇ ရက်နေ့အထိ ပြုလုပ်သွားမည် ဖြစ်သည်။ ပြပွဲတွင် မြန်မာ့အလှ သဘာဝရှုခင်း ပန်းချီကားများကို ပြသသွားမည် ဖြစ်ကြောင်း သိရသည်။
၁၀။ ပျဉ်းမနား ပန်းချီဆရာများ၏ ပေါင်းလောင်း ရောင်စုံပန်းချီပြပွဲကို ဗိုလ်ချုပ်ဈေးရှိ မြန်မာပန်းချီပန်းပု အစည်းအရုံး(ဗဟို) ပန်းချီ ပြခန်းတွင် ၁.၁၁.၂၀၁၇ မှ ၅.၁၁.၂၀၁၇ ရက်နေ့အထိ ပြုလုပ်သွားမည် ဖြစ်သည်။ ပြပွဲတွင် မီဒီယံစုံလက်ရာစုံပန်းချီကား ၃၀ ကျော် ပြသသွားမည် ဖြစ်ကြောင်း သိရသည်။