Lifestyle

ကမ္ဘာကသိတဲ့ မော်ဒယ်လ်ဖြစ်ဖို့ ကြိုးစားသွားမယ့် ရွှေအိမ်စည်

Want create site? Find Free WordPress Themes and plugins.

လတ်တလောတွင် ဝေဖန်မှုများနဲ့ ပရိသတ်ရဲ့ အရုံစိုက်ခြင်းကိုခံနေရတဲ့ အလှမယ် ရွှေအိမ်စည်က မော်ဒယ်လ်ပိုင်းနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံမှာတင်မကဘဲ ကမ္ဘာကပါသိတဲ့ မော်ဒယ်လ်ရွှေအိမ်စည် ဖြစ်အောင်ကြိုးစားသွားမယ်လို့ ပြောဆိုလိုက်ပါတယ်။

“အိမ်စည်အသက်ကလည်း အရမ်းငယ်သေးတဲ့အတွက် Modeling ပိုင်းမှာ ကိုယ့်ဘက်က အတတ်နိုင်ဆုံး ထိုးဖောက်ချင်တယ်။ မြန်မာနိုင်ငံမှာ မဟုတ်ဘဲနဲ့ ကမ္ဘာမှာပါ ဒါက မြန်မာနိုင်ငံက မော်ဒယ်လ်ရွှေအိမ်စည်ပါလား ဆိုပြီးတော့ သိအောင် ကြိုးစားသွားမှာပါ။ အခုချိန်မှာတော့ ဘယ်လမ်းကိုမှ မရွေးသေးဘဲနဲ့ အဲဒီလိုမျိုးတော့ စိတ်ကူးထားပါတယ်” လို့ ရွှေအိမ်စည်က ပြောပါတယ်။

အလှမယ် ရွှေအိမ်စည်ဟာ သိပ်မကြာသေးခင်က ဗီယက်နမ်နိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ Miss Grand International 2017 ပြိုင်ပွဲကို မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ သွားရောက်ယှဉ်ပြိုင်ခါနီးမှ Organization က သရဖူ ပြန်လည်သိမ်းယူခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဟိုးလေးတကျော်ကျော်ဖြစ်ခဲ့ပါတယ်။

အဲဒီကနေ လူအများ သတိထားမိလာခဲ့ရာမှ နောက်ပိုင်းမှာ အနုပညာလုပ်ငန်းများကို ခပ်စိပ်စိပ် လှုပ်ရှားလာတာကို တွေ့လာရပါတယ်။

လတ်တလောမှာ ကြော်ငြာရိုက်ကူးမှုများအတွက် ဓာတ်ပုံများရိုက်ကူးနေရပြီး နောက်ပိုင်းတွင် သူမရဲ့လက်ရှိပုံရိပ်နဲ့ ကိုက်ညီမယ့်ပုံစံမျိုးများကိုသာ သရုပ်ဆောင်သွားချင်တယ်လို့လည်း ဆိုပါတယ်။

“သရုပ်ဆောင်ပိုင်းကိုတော့ စိတ်ဝင်စားတယ်။ ဒါပေမယ့် မော်ဒယ်လ်ပိုင်းမှာ သဘောကျသလောက် သရုပ်ဆောင်ပိုင်းမှာကျတော့ အားမသာဘူးဖြစ်နေတယ်။ သရုပ်ဆောင်ပိုင်းကိုလုပ်သွားမယ်။ ဒါပေမယ့် သရုပ်ဆောင်ပိုင်းနဲ့ မရပ်တည်သွားဘူး။ သရုပ်ဆောင်က လုပ်တော့လုပ်သွားမယ်။ ဒီပုံစံအတိုင်းကိုပဲ လုပ်သွားပါမယ်” လို့ ရွှေအိမ်စည်က ပြောပါတယ်။

ဆက်လက်ပြီး ဖက်ရှင်ပိုင်းနဲ့ပတ်သက်လို့ သူက “ဖက်ရှင်က လူတယောက်အတွက် အရေးကြီးဆုံးပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ လူတယောက်ကိုက အရင်ဆုံးတွေ့ရင် သူရဲ့ စိတ်ဘယ်လိုရှိမလဲဆိုတာကို အရင်မမြင်သေးဘဲနဲ့ သူ့ရဲ့ဖက်ရှင်ကို အရင်တွေ့ရမှာဆိုတော့ ကိုယ်က နုနုရွရွဝတ်ထားတာကို မြင်ရင် သူကဒီလိုမျိုးရှိတယ်ပေါ့။ အဲဒီလိုမျိုးခံစားချက်ကို ပေးတဲ့အတွက် ဖက်ရှင်က အရေးကြီးပါတယ်” လို့ ရွှေအိမ်စည်က ဆိုပါတယ်။

ဖက်ရှင်တခုကို ရွေးချယ်မယ်ဆိုပါက မိမိရဲ့ စိတ်နေစိတ်ထားကို ကိုယ်ဝတ်ဆင်ထားတဲ့ အဝတ်အစားမှတဆင့် လူတွေသိအောင် ဝတ်ဆင်တတ်ရမယ်လို့လည်း ရွှေအိမ်စည်က အကြံပြုထားပါတယ်။

အလှမယ် ရွှေအိမ်စည်ကို အောက်တိုဘာလ ၂၉ ရက်နေ့ ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့တွင် ပြုလုပ်ခဲ့တဲ့ တပ်မတော်နဲ့ ဝန်ထမ်းကောင်းများထောက်ခံပွဲတွင် ပါဝင်ခဲ့မှုအပေါ် ဝေဖန်မှုများ ဖြစ်ပေါ်လျက်ရှိပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading