ကမ္ဘာမှာလူဦးရေထူထပ် များပြားလာမှုနဲ့အတူ မြို့တမြို့ချင်းစီရဲ့ လူနေထိုင်မှုကလည်း နေ့စဉ်နဲ့အမျှ ကြည့်မယ် ဆိုရင်တောင် သိသာလောက်အောင် တိုးတက်မြင့်မားလာတာတွေ့ရပါတယ်။ ဒီလိုလူနေထူထပ်လာတဲ့ အနေအထားမှာ ကမ္ဘာတလွှားကလူနေထူထပ်မှု အများဆုံးမြို့တွေအကြောင်းကို နည်းနည်းလောက် ပြောပြချင်ပါတယ်။ အမေရိကန်က နယူးယောက်၊ တရုတ်က ဘေကျင်းနဲ့ ဂျပန်က တိုကျိုတွေကတော့ အရင်ကတည်းက လူနေမှု အရမ်းများတယ်လို့ အားလုံးသိထားတဲ့ မြို့ကြီးတွေ ဖြစ်မှာပါနော်။ တခြား ဘယ်မြို့ကြီးတွေမှာရော လူနေမှု အရမ်းထူထပ်နေပါသလဲ။
(၂၀) Rio de Janeiro
ဘရာဇီးနိုင်ငံက ဒီမြို့က အမြဲတမ်းတော့ လူနေမများပါဘူး။ ပင်လယ်ကမ်းစပ်မြို့ဖြစ်ပြီး အပန်းဖြေရာသီမှာ လူနေထူထပ်တာတွေ့ရပြီး ဖေဖော်ဝါရီလနဲ့ နောက်ပိုင်းလတွေမှာလူအများဆုံးလာရောက် လည်ပတ် နေထိုင်တာ တွေ့ရပါတယ်။ အထူထပ်ဆုံးအချိန်မှာ မြို့အတွင်းလူဦးရေ ၁၂.၉ သန်းလောက်ထိအောင် နေထိုင်ကြပါတယ်။
(၁၉) Guangzhou
တရုတ်နိုင်ငံ ဂေါင်ဇူးပြည်နယ်ရဲ့မြို့တော်ကတော့ ပုလဲမြစ် အနီးမှာရှိတယ်၊ ဟောင်ကောင်ရဲ့ မြောက်ဘက်ကျကျ၊ တရုတ်မှာတော့ တတိယအကြီးဆုံးမြို့အဖြစ် စာရင်းဝင်နေတာပါ။ လူဦးရေ ၁၃ သန်းလောက်နေထိုင်နေပါတယ်။ တရုတ်ရဲ့ ဆိပ်ကမ်းမြို့လည်း ဖြစ်တယ်၊ စက်မှုထုတ်ကုန် လုပ်ငန်းအများအပြားအခြေစိုက်ရာမြို့လည်း ဖြစ်ပါတယ်။
(၁၈) Manila
ဖိလစ်ပိုင်နိုင်ငံရဲ့ မြို့တော်က လူဦးရေ ၁၃.၁ သန်းလောက်ထိအောင် နေထိုင်မှုရှိတဲ့မြို့ပါ။ ဘဏ်လုပ်ငန်းနဲ့ စက်မှုလုပ်ငန်းတွေ အများဆုံးရှိတဲ့ အရေးပါတဲ့ မြို့ကြီးတခုပါ။ မနီလာဆိပ်ကမ်းကလည်း နိုင်ငံအတွင်း အကြီးဆုံးဆိပ်ကမ်းဖြစ်ပြီး သဘောၤလုပ်ငန်းအများအပြားလည်း အခြေစိုက်တာတွေ့ရပါတယ်။
(၁၇) Lagos
နိုက်ဂျီးရီးယားနိုင်ငံရဲ့အကြီးဆုံး မြို့တော်ဖြစ်တဲ့ Lagos ဟာ လူဦးရေ ၁၃.၆ သန်းလောက်ထိအောင် နေထိုင် နေပါတယ်။ စီးပွာရေးအတွက် အရေးပါဆုံးနိုင်ငံရဲ့မြို့တော်ဖြစ်သလို အာဖရိကမှာ တိုးတက်မှုအမြန်ဆုံး မြို့အဖြစ် စာရင်းဝင်နေပါတယ်။ UN ရဲ့ ခန့်မှန်းခြေအရဆိုရင် ၂၀၃၀ ခုနှစ်မှာ လာဂိုက လူဦးရေ ၂၄.၂ သန်း လောက်ထိအောင် နေထိုင်လာဖို့ ရှိနေပါတယ်။
(၁၆) Chongqing
တရုတ်နိုင်ငံအတွင်းအရေးပါတဲ့ ရန်ဇီမြစ် အနီးမှာရှိတဲ့ မြို့ကြီးပါ။ ဆိပ်ကမ်းမြို့အဖြစ်လည်း အသက်ဝင် နေတယ်။ စက်မှုလုပ်ငန်းလည်း အများကြီးရှိတယ်။ တရုတ် အနောက်တောင်ပိုင်းဒေသရဲ့ အားအထားရဆုံး မြို့ပါ။ လူဦးရေ ၁၃.၇ သန်းလောက်ထိအောင် နေထိုင်နေပါတယ်။ သံ၊ သံမဏိနဲ့ အခြား ကုန်မာပစ္စည်း အများဆုံးထုတ်လုပ်ရာ မြို့ဖြစ်ပါတယ်။
(၁၅) Istanbul
တူရကီရဲ့မြို့တော်က အစ္စတန်ဘူး ဟာ လူဦးရေ ၁၄.၃ သန်းလောက်ထိအောင် ရှိနေပါတယ်။ တူရကီ စီးပွားရေးအချက်အချာအကျဆုံးမြို့လည်း ဖြစ်တယ်။ ကမ္ဘာလှည့်ခရီးသည် အများဆုံးလာရောက်ရာ မြို့လည်းဖြစ်ပါတယ်။ ၂ဝ၁၈ခုနှစ် အတွင်း အစ္စတန်ဘူးလေဆိပ်အသစ် ဖွင့်လှစ်လာဖို့ ရှိနေပြီး ဒီ လေဆိပ်က ဖွင့်လှစ်ပြီးရင် တစ်နှစ်ကို ခရီးသည် သန်း ၁၅၀ လောက်ထိအောင် ဝန်ဆောင်မှုပေးဖို့ ရှိနေတာပါ။
(၁၄) Kolkata
အိန္ဒိယနိုင်ငံရဲ့ အရှေ့ဖျားမှာတည်ရှိတဲ့ ဒီမြို့က ဘင်္ဂလားဒေ့ရှ်နဲ့ ပိုနီးစပ်ပါတယ်။ အနောက် ဘင်ဂေါပြည်နယ်ရဲ့မြို့တော်လည်း ဖြစ်ပါတယ်။ ပညာရေးမြို့အဖြစ် နာမည်ကြီးပြီးတက္ကသိုလ်ပေါင်း ၁၄ ခုထိအောင် ရှိပါတယ်။ လူဦးရေ ၁၄.၉ သန်းလောက်ထိအောင် နေထိုင်လျက်ရှိပါတယ်။
(၁၃) Buenos Aires
အာဂျင်တီးနားရဲ့ မြို့တော်ဟာ သူ့ပတ်ဝန်းကျင် အိမ်နီးချင်းနိုင်ငံတွေရဲ့ စက်မှုလုပ်ငန်းတွေ အတွက်ပါ အရေးပါတဲ့ မြို့တော် ဖြစ်ပါတယ်။ ခရီးသွားလုပ်ငန်း၊ ငွေကြေးဝန်ဆောင်မှုနဲ့ ကုန်ထုတ်လုပ်ငန်း အများအပြားရှိပါတယ်။ ကလေးမွေးနှုန်း လျော့ချနေပေမယ့် လာမယ့် ၂၀၃၀ မှာ လူဦးရေ ၁၆.၉ သန်း လောက်ထိအောင် နေထိုင်လာဖို့ရှိနေပြီး အခုတော့ လူဦးရေ ၁၅.၃ သန်းလောက်ထိအောင် နေထိုင် လျက်ရှိပါတယ်။
(၁၂) Karachi
ပါကစ္စတန်ရဲ့မြို့တော် ကရာချိဟာ စက်မှု လုပ်ငန်းအတွက်ရော နိုင်ငံစီးပွားရေးအတွက်ပါ အရေးပါဆုံးမြို့လို့ ဆိုပါတယ်။ ဆိပ်ကမ်းလည်းရှိလို့ ကုန်သွယ်ရေးအတွက် အချက်အချာကျနေတာလည်း ဖြစ်ပါတယ်။ ၂၀၃၀ မှာ ဆိုရင် လူဦးရေ ၂၄.၈ သန်းလောက်ထိအောင် နေထိုင်လာဖို့ရှိပြီးအခုတော့ လူဦးရေ ၁၇.၁ သန်းလောက် နေထိုင်နေပါတယ်။
(၁၁) Dhaka
ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ မြို့တော်က လက်ရှိလူဦးရေ ၁၈.၂ သန်းလောက်ထိအောင် နေထိုင်နေတာ ဖြစ်ပါတယ်။ မထင်မှတ်လောက်အောင် လူဦးရေတိုးပွားလာမှုနဲ့အတူ မြို့နေ လူဦးရေလည်း အရမ်းထူထပ်လာတာ ဖြစ်ပါတယ်။ တစ်စတုန်ရန်းကီလိုမီတာအကျယ်မှာလူဦးရေ ၄၄၅၀၀ ထိအောင် နေထိုင်နေပါတယ်။ ၂၀၁၅ ခုနှစ် စာရင်းတွေအရ မြေအကျယ်နဲ့ လူဦးရေ အချိုးအဆသိပ်သည်းမှု အများဆုံးမြို့ဖြစ်ပါတယ်။
(၁၀) Newark
အမေရိကန်ရဲ့လူဦးရေအထူထပ်ဆုံးနေရာတခုပါ။ နယူးဂျာစီပြည်နယ်မှာရှိတယ်၊ နယူးယောက်မြို့နဲ့တမြို့တည်းအဖြစ် လူသိများပေမယ့် တကယ်ကတော့ နယူးယောက်ရယ်၊ နယူးယောက်မြို့တော်ဆိုပြီး အပိုင်း(ခရိုင်)ခွဲတွေရှိပြီး ဒေသတွင်းလူဦးရေ ၁၈.၆ သန်းလောက်ထိအောင် နေထိုင်နေတာ ဖြစ်ပါတယ်။
(၉) Al-Qahirah
ကိုင်ရိုအဖြစ် လူသိများတဲ့ ဒီ မြို့က အီဂျစ်အတွက်တော့ အကြီးဆုံးမြို့ကြီးပါ။ ရှေးဟောင်းမြို့တော်နုဲ့ ဆက်စပ်နေပြီး ကမ္ဘာလှည့်ခရီးသွားလည်း ဝင်ရောက်မှုများတဲ့နေရာပါ။ Giza ပိရမစ် အများအပြား ရှိရာ အရပ်လည်း ဖြစ်ပါတယ်။ ခေတ်သစ်ဆေးရုံနဲ့ တက္ကသိုလ်တွေလည်းရှိလို့ လူဦးရေထူထပ်လာတာဖြစ်ပြီး လက်ရှိလူဦးရေ ၁၉.၁ သန်းလောက် ရှိနေပါတယ်။
(၈) Kinki M.M.A (Osaka)
ဂျပန်နိုင်ငံရဲ့ အရေးပါတဲ့မြို့တော်ဖြစ်ပြီး လက်ရှိမှာလူဦးရေ ၂၀.၃ သန်းလောက်ထိအောင် နေထိုင်လျက် ရှိပေမယ့် လာမယ့် ၂၀၃၀ ခုနှစ်မှာ လူဦးရေ လျှော့ချမှုရှိနိုင်လို့ အဆိုပါ အချိန်မှာ လူဦးရေ ၁၉.၉ သန်း လောက်ထိအောင် ရှိနေမယ့်မြို့ပါ။ အရင်နှစ်တွေကတည်းက လူဦးရေတိုးတက်မှုနှုန်းလျော့ချနေတာ ဖြစ်ပေမယ့် ပြည်ပကနေ အခြေချလာသူတွေကတော့ တိုးတက်နေဆဲမြို့ဖြစ်ပါတယ်။
(၇) Ciudad de Mexico
မက္ကဆီကိုရဲ့မြို့တော်ဖြစ်ပြီး မက္ကဆီကိုစီးတီးအဖြစ် လူသိများပါတယ်။ ရှေးခေတ် အဆောက်အဦး တွေလည်းရှိတယ်၊ ခေတ်သစ် စက်မှု မြို့တွေလည်းရှိတယ်။ လက်တင်အမေရိကဒေသရဲ့ အကြီးဆုံးငွေကြေး ဝန်ဆောင်မှု လုပ်ငန်းတွေ ရှိရာမြို့လည်း ဖြစ်ပြီး လက်ရှိမှာ လူဦးရေ ၂၁.၁ သန်းလောက်ထိအောင် နေထိုင်နေတာပါ။
(၆) Beijing
တရုတ်နိုင်ငံရဲ့ မြို့တော် ဘေကျင်းက လက်ရှိလူဦးရေ ၂၁.၆ သန်းလောက်ထိအောင် ရှိနေတာဖြစ်ပါတယ်။ ကမ္ဘာမှာလည်း လူဦးရေအထူထပ်ဆုံးနဲ့ တိုးပွားနှုန်းအများဆုံးမြို့ကြီး ၄ ခုထဲက တခုပါ။ ၂၀၃၀ ခုနှစ်မှာဆိုရင် လူဦးရေ ၂၇.၇ သန်းလောက်ထိအောင် နေထိုင်လာဖို့ ရှိနေတာပါ။
(၅) Sao Paulo
ဘရာဇီးနိုင်ငံရဲ့မြို့တော်ဖြစ်တဲ့ ဆောပေါ်လိုမြို့ဟာ ကမ္ဘာလှည့်တွေရော နယ်ခံတွေပါပေါင်းရင် လူဦးရေ ၂၂ သန်း နီးပါးလောက်ထိအောင်ရှိနေပြီး နိုင်ငံရဲ့ တောင်ပိုင်းဒေသအတွက်တော့ လူဦးရေအများဆုံးမြို့လည်း ဖြစ်ပါတယ်။ ခေတ်သစ်လုပ်ငန်းအများအပြားအခြေချလာမှုနဲ့အတူ ဆောပေါ်လိုမြို့က လူဦးရေ တိုးတက်နှုန်း များလာသလို နိုင်ငံခြားခရီးသွားတွေ ပါဝင်နှုန်းများလာတာ ဖြစ်ပါတယ်။
(၄) Mumbai
အိန္ဒိယနိုင်ငံက မွမ်ဘိုင်းမှာ လူဦးရေ ၂၁.၃ သန်းလောက်ထိအောင် နေထိုင်လျက်ရှိတယ်လို့ စာရင်းတွေ အရ သိရပါတယ်။ မြို့ရဲ့သယ်ယူပို့ဆောင်ရေးဓါတ်ပုံတွေကို မြင်ရုံနဲ့ မြို့ရဲ့ လူဦးရေများပြားမှုကို တွေ့နိုင်ပါတယ်။ ထူးခြားချက်က မွမ်ဘိုင်းအနေနဲ့ အိန္ဒိယမှာ အချမ်းသာဆုံးမြို့ကြီးဖြစ်ပြီး အမေရိကန် ဒေါ်လာဘီလီယံ ၂၈၀ ဖိုးလောက် တန်ဖိုးရှိတဲ့မြို့ ဖြစ်ပါတယ်။
(၃) Shanghai
တရုတ်နိုင်ငံမှာတော့ လူဦးရေအများဆုံးနေထိုင်နေတဲ့မြို့ပါ။ လူဦးရေ ၂၄.၄ သန်းကျော်လောက်ထိအောင် နေထိုင်နေပါတယ်။ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းနဲ့အတူ နိုင်ငံရဲ့ အချက်အချာကျတဲ့ မြို့ကြီး ဖြစ်လာသလို ကမ္ဘာမှာအကြီးဆုံးဆိပ်ကမ်းမြို့တွေထဲကတခုလည်း ဖြစ်ပါတယ်။
(၂) Delhi
အိန္ဒိယရဲ့ မြို့တော် ဒေလီက နိုင်ငံရဲ့မြောက်ပိုင်းမှာ တည်ရှိပါတယ်။ လူဦးရေ ၂၆.၄ သန်းလောက်ထိအောင် နေထိုင်လျက်ရှိပါတယ်။ ကမ္ဘာမှာတော့ မြို့နေလူဦးရေ ဒုတိယမြောက် အထူထပ်ဆုံးမြို့လည်း ဖြစ်ပါတယ်။ လာမယ့်နှစ်တွေမှာလည်းလူဦးရေက ထိန်းချုပ်မှုမရှိလို့ ထပ်များလာဖိ့ုရှိနေတာပါ။ ၂၀၃၀ မှာတော့ နောက်ထပ် လူဦးရေ ၁၀ သန်းလောက် ထပ်တိုးလာဖို့တောင် ရှိနေတာပါ။
(၁) Tokyo
ဂျပန်နိုင်ငံရဲ့ မြို့တော် တိုကျိုက လက်ရှိကမ္ဘာမှာ လူဦးရေအများဆုံးရှိရာမြို့ကြီးပါ။ လူဦးရေ ၃၈.၁ သန်း လောက်ထိအောင် နေထိုင်လျက်ရှိပါတယ်။ လူဦးရေတိုးပွားနှုန်းတွေအရ လာမယ့် ၂၀၃၀ ထိအောင်လည်း ကမ္ဘာမှာ လူဦးရေအများဆုံးရှိရာမြို့အဖြစ် ဆက်လက်ရပ်တည်နေမယ်လို့ UNက ခန့်မှန်းထားတာ တွေ့ရပါတယ်။ ဒါပေမယ့် အဆိုပါ အချိန်မှာတော့ လူဦးရေ အနည်းငယ် လျော့လာနိုင်ပြီး ၃၇.၁ သန်းလောက် နေထိုင်လာမယ်လို့ ခန့်မှန်းထားတာတွေ့ရပါတယ်။
Ref : www.businessinsider.com