• English
Friday, July 18, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle

ဒီတပတ် ဖတ်စရာ

by ဝေယံအောင်
2 November 2017
in Lifestyle
A A
ဒီတပတ်ဖတ်စရာ
7.2k
VIEWS
Share on FacebookShare on Twitter

စာရေးသူ        –  ညီပုလေး
စာအုပ်အမည် –  ညီပုလေး ဝတ္ထုတိုပေါင်းချုပ်
အမျိုးအစား      –  ဝတ္ထုတို

RelatedPosts

အောင်လအန်ဆန်းနှင့် ဂျိုရွှာဗန်တို့က ပေးတဲ့ အမျိုးသားစည်းလုံးညီညွတ်မှု

အောင်လအန်ဆန်းနှင့် ဂျိုရွှာဗန်တို့က ပေးတဲ့ အမျိုးသားစည်းလုံးညီညွတ်မှု

16 July 2025
999
မိုးကုတ်မြို့

မိုးကုတ်မြို့

13 July 2025
473
အီလွန်မတ်စ် တက်စ်လာ ရဲ့ Robotaxi တွေကို ဆန်ဖရန်စစ္စကိုမှာ ၂ လ အတွင်း ဖြန့်မယ်တဲ့

အီလွန်မတ်စ် တက်စ်လာ ရဲ့ Robotaxi တွေကို ဆန်ဖရန်စစ္စကိုမှာ ၂ လ အတွင်း ဖြန့်မယ်တဲ့

12 July 2025
474

လူထုဒေါ်အမာက “သူရှိတုန်းက စာတစ်လုံးမှ ရေးမပြတဲ့သားက ဝတ္ထုတိုကလေးတွေ ရေးလာတော့ သူ့အဖေများရှိရင် ဘာပြောမှာပါလိမ့်လို့ ကျမမတွေးဘဲ မနေနိုင်ဘူး”လိ့ု အမှာစာမှာ အမှတ်တရစကား ဆိုထားပါတယ်။ ဒီစာအုပ်မှာ ၁။ သူ့ထက်ကဲရွှေပြည်စိုး ညီပုလေးဝတ္ထုတိုများ၊ ၂။ ကလေးလူကြီး ကြိုက်ပြီးချစ်ကြပါတဲ့ ညီပုလေး ဝတ္ထုတိုများ၊ ၃။ တကြောင်းဆွဲကလေးပန်းချီနှင့် အခြားဝတ္ထုတိုများ၊ ၄။ လူအအိပ်မက် ဝတ္ထုတိုများ၊ ၅။ ငြိမ်သက်တမိနစ်နှင့် တခြားဝတ္ထုတိုများ၊ ၆။ ဆူးရစ်၊ ပဒုမ္မာ၊ ကျားလျှာ၊ ထနောင်း ဝတ္ထုတိုများ ၊ ၇။ တတိယမြို့တော်သားရဲ့အလွမ်း၊ ၈။ လမ်းပေါ်ကိုကိုးအုပ်တော့ မြတ်ကျော်မုဆိုးစုတ်နှင့် မဂ္ဂဇင်းဝတ္ထုတိုများစတဲ့ ဆရာညီပုလေးရဲ့ဝတ္ထုတိုလက်ရာစာအုပ် ၈ အုပ်မှပါဝင်တဲ့ ဝတ္ထုတိုလက်ရာ ၁၀၀ နီးပါးကို ဆရာညီပုလေးရဲ့ သရုပ်ဖော်ပန်းချီပုံတွေနဲ့အတူ ဖတ်ရှုရမှာဖြစ်ပါတယ်။ လူထုဒေါ်အမာ၊ သုခ၊ ခင်ဆွေဦးတို့ရဲ့ အမှာစာတွေကိုလည်းဖတ်ရှုရမှာဖြစ်ပါတယ်။ စိတ်ကူးချိုချိုက တန်ဖိုး ၉၀၀၀ ကျပ်နဲ့ ဖြန့်ချိထားပါတယ်။

စာရေးသူ        – မောင်ခင်မင် (ဓနုဖြူ)

စာအုပ်အမည် – သင်္ကေတဗေဒနိဒါန်း

အမျိုးအစား     – သင်္ကေတဗေဒ

“ဆီမီးသည် ပညာကိုရည်ညွှန်းသောသင်္ကေတ၊ အသည်းပုံသည် အချစ်ကိုရည်ညွန်းသောသင်္ကေတ။ အနီရောင်သည် ရဲရင့်ခြင်းကိုရည်ညွန်းသောသင်္ကေတ၊ ကိုဝင်းဦး၏ပုံတူ ပန်းချီကားသည် ကိုဝင်းဦးကို ရည်ညွန်းသောသင်္ကေတစသည် စသည်ဖြင့် သင်္ကေတအမျိုးအမျိုးကို စဉ်းစားကြည့်နိုင်ပါသည်” လို့ ဆရာမောင်ခင်မင် (ဓနုဖြူ)က မိတ်ဆက် တင်ပြထားပါတယ်။ ဒီစာအုပ်မှာ အခန်း ၁။ သင်္ကေတကမ္ဘာကြီးထဲမှာ၊ အခန်း ၂။ အညွန်းပြု-အညွန်းခံ၊ ခင်မောင်ရင်-ဗိုလ်အောင်ဒင်၊ အခန်း ၃။ သင်္ကေတသုံးမျိုးနှင့် သင်္ကေတသတ်မှတ်မှု၊ အခန်း ၄။ ပုံစံရင်းပုံစံတူသင်္ကေတ၊ အခန်း ၅။ အညွန်းပြု အညွန်းခံ ထင်မိယောင်မှား၊ အခန်း ၆။ အလျားလိုက်နှင့် ဒေါင်လိုက်၊ အခန်း ၇။ ဖြစ်စဉ်ထဲက ဖြစ်ရပ်များ၊ အခန်း ၈။ သင်္ကေတ၏ အနက်သုံးဆင့်၊ အခန်း ၉။ လမ်းသစ် ဥပစာ၊ လမ်းဟောင်းဥပစာ၊ အခန်း ၁၀။ သင်္ကေတဖွဲ့စည်းပုံစနစ်များ၊ အခန်း ၁၁။ အနက်ဖွဲ့ခြင်းနှင့် အနက်ဖော်ခြင်းစတဲ့ အခန်းတွေကိုဖတ်ရှုရမှာ ဖြစ်ပါတယ်။ “သင်္ကေတဗေဒဟာဘာသာစကား၊ စာပေ၊ ဓာတ်ပုံ၊ သတင်းစာ၊ ကြော်ငြာ၊ တေးဂီတ၊ သဘင်၊ ရုပ်ရှင်၊ ပြဇာတ်၊ ရုပ်မြင်သံကြားစတဲ့ နယ်ပယ်များစွာမှာနေရာယူလျက်ရှိပါတယ်” လို့လည်းဆရာမောင်ခင်မင် (ဓနုဖြူ)က ဆိုပါတယ်။ The key collection က တန်ဖိုး ၁၀၀၀ ကျပ်နဲ့ဖြန့်ချိထားပါတယ်။

စာရေးသူ         –  မောင်သာနိုး

စာအုပ်အမည်  –  အင်္ဂလိပ်စာမတတ်ခြင်းဒုက္ခ

အမျိုးအစား      –  ဘာသာစကား

“ပြည်သူကိုချစ်ပါတယ်၊ အလုပ်အကျွေးပြုချင်ပါတယ် ဆိုကာမျှနဲ့ ကနေ့ခေတ်နိုင်ငံရေးလုပ်လို့မရဘူး။.. အင်္ဂလိပ်စာတတ်ပါ `လို့ ဆရာကြီးဦးသာနိုးက ဆိုပါတယ်။ ဒီစာအုပ်မှာဘာသာစကား  ကြွယ်ဝရေး၊ ရှက်တတ်ကြဖို့ကောင်းတယ်၊ စနစ်တကျ အရေးအသားအလေ့အကျင့်၊ လူငယ်တွေ ဗမာစကားမပီကြဘူး၊ အရေးမပိုင်တာနဲ့ အမှားရေးတာ၊ ဒေါ်လှကြည် ရှာပုံတော်၊ ဗမာနာမည်နဲ့ အင်္ဂလိပ် စာလုံးပေါင်း၊ နှုတ်ကျိုးသွားတဲ့ အမှား၊ အင်္ဂလိပ်စာမတတ်တဲ့ စာပြင်သူ၊ အတ်ကိုအေမှတ်သူများ၊ အသံထွက်ပုံမတူကြ၊ ဆရာဆရာမတွေ စာတတ်ဖို့၊ ရီမုနဲ့ ဟန်းဆက်၊ အင်္ဂလိပ်စာမတတ်ခြင်းဒုက္ခ၊ ဗရုတ်သုတ်ခအင်္ဂလိပ်စာ ၊ ကလေးတွေကိုသနားကြပါ၊ အင်္ဂလိပ်စာတော်ချင် ဘာလုပ်မလဲ၊ တတ်ယောင်ကားအင်္ဂလိပ်စာ၊ ဗမာစကားထဲရောက် အင်္ဂလိပ်စကားလုံးများ၊ သဒ္ဒါ ဘယ်လောက် တတ်ရမလဲ၊ ရေရေလည်လည် မသိတာတွေ၊ အီးမေးလ် ရေးပုံရေးနည်းစတဲ့ ဆောင်းပါး ၂၂ ပုဒ်ကိုဖတ်ရှုရမှာဖြစ်ပါတယ်။ “ရခိုင်အရေးမှာ နိုင်ငံတကာရဲ့ တဘက်သတ် စွပ်စွဲချက်တွေကိုဗမာတို့ မတုံ့ပြန်နိုင်ခဲ့ပါ။ အကြောင်းကတော့ အင်္ဂလိပ်စာ မတတ်ကြလို့ ဖြစ်ပါတယ်” လို့ ထုတ်ဝေသူက ဆိုပါတယ်။ ကွမ်းခြံလမ်း စာပေက တန်ဖိုး ၂၅၀၀ ကျပ်နဲ့ဖြန့်ချိထားပါတယ်။

စာရေးသူ –  ကျော်ဝင်း

စာအုပ်အမည် –  ဆရာကြီးမောင်စူးစမ်းကွယ်လွန်ခြင်း အထိမ်းအမှတ်စာစုများ

အမျိုးအစား – အတ္ထုပ္ပတ္တိ

“စွဲလမ်းသူအချို့က သူ့ကိုတသသဖြစ်နေကြသည့်တိုင်၊ မကျေနပ်သူများကား သူ့ကိုကျိန်ဆဲနေကြပါလိမ့်မည်။ သူကတော့ ဘာကိုမှကြားနိုင်တော့မည်မဟုတ်တော့။ အားလုံးကိုဥပေက္ခာပြုသွားခဲ့လေပြီ” လို့ ဆရာကျော်ဝင်းက ဆိုပါတယ်။  ဒီစာအုပ်မှာ ဘဝမာတိကာ၊ နိုင်ငံရေးမာတိကာနှင့် မဟာဗျူဟာမာတိကာများ၊ အဝေးမြင်ရုပ်ပုံလွှာ၊ ဆရာနှင့်ဆရာ့စာများ၊ စာအုပ်အညွန်းစတဲ့ အပိုင်း ၄ ပိုင်း ပါဝင်ပြီး ဗမာပြည်ကွန်မြူနစ်ပါတီ နှင့် ချမ်းအေးစစ်တမ်း၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီနှင့် ဦးချမ်းအေး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ဦးချမ်းအေး၊ အဝေးမြင်စာရေးဆရာ နိုင်ငံရေးသမားကြီးများ…၊ အနှစ်နှစ်ဆယ်၊ နိုင်ငံရေးသမား၊ စာရေးဆရာနှင့် ပညာရှင်စိတ်အခံ၊  စစ်အေးခေတ်မီးဖိုချောင်နိုင်ငံရေးတွင် အဘိုးတန်ကလောင်တချောင်းရပ်နားသွားခြင်း၊ အမေ့လျော့ခံ နိုင်ငံရေးသမားဘောဂဗေဒပညာရှင်နှင့် ဂျာနယ်လစ်၊ ဦးနှောက်ကိုဖိခြင်း၊ ဦးနှောက်ကိုဆွခြင်းနှင့် ဦးနှောက်မုန်တိုင်းဆင်ခြင်း၊ ကြက်ဥပေါ် လမ်းလျှောက်ရင်း ဖူကူယားမားကိုလိုက်ကြည့်ခြင်းစတဲ့ စာစုတွေကို ဖတ်ရှုရမှာဖြစ်ပါတယ်။ UNITY စာပေက တန်ဖိုး ၁၀၀၀ ကျပ်နဲ့ဖြန့်ချိထားပါတယ်။

Your Thoughts …
Tags: ဒီတပတ် ဖတ်စရာ
ဝေယံအောင်

ဝေယံအောင်

ဧရာဝတီ

Similar Picks:

ဒီတပတ်ဖတ်စရာ

ဒီတပတ် ဖတ်စရာ

by ဝေယံအောင်
24 November 2017
6k

“အခုဟာက ပြည်သူကို စာကောင်း ပေကောင်း ဖတ်အောင် စာရေးဆရာက စည်းရုံးရမှာ မဟုတ်ဘူး။ စာရေးဆရာကို စာကောင်းပေကောင်း ရေးအောင် ပြည်သူက စည်းရုံးရမလို ဖြစ်နေတယ်” လို့ ဆရာမြသန်းတင့်က ဆိုပါတယ်

ဒီတပတ်ဖတ်စရာ

ဒီတပတ် ဖတ်စရာ

by ဝေယံအောင်
10 November 2017
8.3k

မြို့တော် သန့်ရှင်းရေးနဲ့ ပတ်သက်ပြီး မြန်မာတို့ရဲ့ ခပ်ပေါ့ပေါ့ ပြုမူတတ်တဲ့ စရိုက်လက္ခဏာနဲ့ ဥရောပက မြို့သူမြို့သားများ ပါဝင်ဆောင်ရွက်မှု စရိုက်လက္ခဏာတွေကို နှိုင်းယှဉ်တင်ပြထားတာကို ဥရောပက ပေးစာ စာအုပ်မှာ တွေ့ရပါတယ်။

ဒီတပတ် ဖတ်စရာ

ဒီတပတ် ဖတ်စရာ

by ဝေယံအောင်
16 February 2018
5k

အပူဇော်ခံ ဆရာတော်ဘ၀ ကနေ အနှိပ်စက်ခံအကျဉ်းသားတဦးဘဝကို ရောက်သွားခဲ့ရတဲ့ ဆရာတော်က “ဦးခေါင်းထဲမှ ထုတ်နုတ် စာစီရေးသားခြင်း မဟုတ်ဘဲ၊ နှလုံးသားမှ ထုတ်နုတ်စာပန်းချီ ခြယ်မိနေသည် များသာ ဖြစ်နေသည်” လို့

ဒီတပတ်ဖတ်စရာ

ဒီတပတ် ဖတ်စရာ

by ဝေယံအောင်
1 December 2017
12k

“အခု စာရှုသူများ ဖတ်ရှုရမှာကတော့ ကျနော်တို့ တိုင်းပြည်မှာ ခေါင်းဆောင်များ သဘောထား မကြီးတဲ့ အတွက် သူပုန်ပေါ် ပေါက်လာပုံကို ကျနော်တို့ရဲ့ ဘဝအတွေ့အကြုံမှ တဆင့် စာရှုသူများ ဆန်းစစ် ဝေဖန်သုံးသပ်နိုင်ဖို့ ဝေမျှလိုက်ခြင်း ဖြစ်ပါတယ်”

Next Post
“ကြောက်ခေတ်ရုပ်ကြွင်းများ” ကို ဆင်တူယိုးမှား လိုက်လုပ်တာလား (ရုပ်/သံ)

"ကြောက်ခေတ်ရုပ်ကြွင်းများ" ကို ဆင်တူယိုးမှား လိုက်လုပ်တာလား (ရုပ်/သံ)

မိုးလွန်မှ မြောင်းဆယ်

မိုးလွန်မှ မြောင်းဆယ်

No Result
View All Result

Recommended

အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

6 days ago
3.5k
၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

2 days ago
3.1k

Most Read

  • MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    shares
    Share 0 Tweet 0
  • ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

    shares
    Share 0 Tweet 0
  • ပြည်သူ့ရင်ခွင် ခိုလှုံတဲ့ သုခစခန်းက ဗိုလ်ကြီး မျိုးဆွေဦးရဲ့ စကား

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

    shares
    Share 0 Tweet 0
  • နတ်အိမ်တောင်နယ်စပ်တဝိုက် တိုက်ပွဲဖြစ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate