Lifestyle

ဆွဲဆောင်မှုကောင်းတဲ့ ယောက်ျားတယောက် ဖြစ်ဖို့

Want create site? Find Free WordPress Themes and plugins.

ကျနော်တို့ ပုရိသ ယောင်္ကျားတွေ အနေနဲ့ မိန်းကလေးတွေလို လှပဖို့ အဓိက မကျပေမယ့် ဆွဲဆောင်မှုရှိဖို့တော့ လိုအပ်ပါတယ်။ တည်ငြိမ်တယ်၊ ရင့်ကျက်တယ်၊ လေးနက်တယ် ဆိုရုံလောက်နဲ့တော့ ဆွဲဆောင်မှုရှိတဲ့ ယောင်္ကျားတယောက်အဖြစ် အမှတ်ပေး သတ်မှတ်လို့ မရသေးပါဘူး။ တခြား ဆွဲဆောင်မှုကောင်းအောင် နေထိုင်သင့်တဲ့ အချက်တွေရော ရှိပါသေးသလား။

(၁) သင့် အနေနဲ့ UVB(နေလောင်မှုကာကွယ်)ဆီတခုခုတော့ ပုံမှန်လိမ်းသင့်တယ်၊ အနည်းဆုံး တလမှာ ၁၅ ရက်လောက်ပေါ့။ ဒါဟာ သင့်ကို လှပအောင် လိမ်းချယ်ခြင်း မဟုတ်လို့ ရှက်စရာ မဟုတ်ပါဘူး။ အသားအရေ ထိန်းသိမ်းတဲ့ သဘောဖြစ်ပြီး ကျန်းမာရေးအတွက်လည်း ကောင်းသလို အများအမြင်မှာလည်း ကြည့်ကောင်းစေပါတယ်။

(၂) အစားမှန်ပါစေ၊ အသားဓါတ်ပြည့်ဝအောင် အသား၊ ကျန်းမာရေးအတွက် ကောင်းမွန်အောင် အသီးအရွက်၊ ရေမှန်မှန်သောက်သုံးမှုတွေနဲ့ အာဟာရ ပြည့်ဝအောင် စားသုံးနေထိုင်တတ်ပါစေ။

(၃) လေ့ကျင့်ခန်း များများစားစား မလုပ်ဖြစ်ဘူးဆိုရင်တောင် အနည်းဆုံးလမ်းတော့ ပုံမှန်လျှောက်ပါ။ အပြင်ထွက် လျှောက်လို့လည်းရသလို အိမ်မှာ အပြေးလေ့ကျင့်စက်နဲ့ ပြေးမယ်၊ လမ်းလျှောက်မယ် ဆိုရင်လည်း ရပါတယ်။ ကျန်းမာစေတယ်၊ မျက်နှာကို ရွှင်လန်းစေတယ်၊ စိတ်ကြည်လင်စေပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှု အားကောင်းစေပါတယ်။

(၄) ဖြစ်နိုင်ရင်တော့ တပတ်မှာ အနည်းဆုံး ၂ ရက်တော့ လေ့ကျင့်ခန်း လုပ်ပါ။ အထက်မှာ ပြောသလို ပုံမှန် လမ်းလျှောက်ခြင်း မဟုတ်တော့ဘဲ ရေကူးမယ်၊ ပြေးမယ်၊ စက်ဘီးစီးမယ်၊ ယောဂကျင့်မယ်၊ Gym ကစားမယ် ဆိုတာမျိုးတွေ ဖြစ်ပါတယ်။

(၅) စာဖတ်ပါ။ အနည်းဆုံး တလမှာ စာအုပ်တအုပ်ပြီးအောင်ဖတ်ပါ။ ဗဟုသုတ လေ့လာပါ၊ သတင်းစာက အစ အခြား စာပေ၊ ဖတ်စရာတွေကို ဖတ်ပါ၊ မှတ်ပါ၊ အများအလယ်မှာ သိသော၊ ဖတ်ထားဖူးသော သူက ထင်ပေါ်မှု ပိုအားကောင်းစေပါတယ်။

(၆) အခြားသူတွေ၊ အထူးသဖြင့် မိမိ သဘောကျသူရဲ့အကျင့်၊ ခံစားချက်နဲ့ လုပ်ဆောင်မှုတွေမှာ အချိန်ပေးပါ၊ ပါဝင်ပါ၊ စိတ်ရှည်ရှည် ဝင်ကူပေးပါ။ တပါးသူရဲ့ အသိအမှတ်ပြုမှုနဲ့ အလေးထားမှုကို ရပါလိမ့်မယ်။

(၇) ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိပါစေ။ ငွေကြေး ချမ်းသာမှ လူအများစုက ယုံကြည်မှု အားကောင်းတတ်ပေမယ့် လူတိုင်းမှာ သူ့ အားသာချက်နဲ့သူ ရှိပါတယ်။ အားမငယ်ပါနဲ့။ ကိုယ့်ကိုယ်ကို ယုံကြည်ပါ။ မိမိသာ အကောင်းဆုံး၊ အတော်ဆုံးအဖြစ် အထင်ကြီး ဘဝင်မြင့်ဖို့ မဟုတ်ပေမယ့် အားမငယ်ဘဲ ယုံကြည်မှု ရှိနေပါစေ။

(၈) အဝတ်အစားကို သင့်တင့်တယ် ဆိုတာထက် နည်းနည်းပိုပြီး ကောင်းအောင် ဝတ်ပါ။ ဆိုလိုတာက ပုံမှန် ရုံးတက်ရက်၊ ရုံးတက်ချိန် ဖြစ်သည့်တိုင်အောင် ပေါ့ပေါ့ပါးပါး ဝတ်ခွင့်ပေးထားပေမယ့် သေသေသပ်သပ် ဝတ်ပါ။ ဒါပေမယ့် လိုတာထက် ပိုပြီး အကောင်းစားတွေ၊ ပုံစံကျလွန်းမှုတွေ၊ ဖက်ရှင်ဆန်လွန်းတာမျိုးတွေ မဝတ်ပါနဲ့။

(၉) ဖိနပ်ကိုလည်း မိမိ သွားရမယ့် နေရာ၊ အခြေအနေ၊ အဆင့်အတန်းနဲ့ လိုက်ဖက်မယ့် ဖိနပ် ပြောင်းလဲ ဝတ်ဆင်ပါ။ ရှုးဖိနပ် ဝတ်ဆင်မှ လှမယ်၊ သေသပ်မယ်မထင်ပါနဲ့။ ကျွန်တော်တို့ဆီမှာ ဝတ်ဆင်လေ့ ရှိတဲ့ ကတ္တီပါ၊ သားရေ ဖိနပ် စသဖြင့် မိမိ အဝတ်အစား၊ သွားလာမယ့် နေရာနဲ့ လိုက်ဖက်မယ့် ဖိနပ်ကို ဝတ်ဆင်ပါ။ သန့်ရှင်းအောင် ထားပါ၊ နေပါ။

(၁၀) ချွေးနံ့ပျောက်ဆေးသုံးပါ။ မိမိ နှစ်သက်တဲ့ ရနံ့ထက် မိမိ သဘောကျသူ၊ ဒါမှမဟုတ် မိမိ ရုံးဝန်ထမ်း အများစု လက်ခံတဲ့ ရနံ့ကို ရွေးချယ်ပါ။ အများလက်ခံနိုင်ပါစေ။ ဂရုပြုစရာ တခုအနေနဲ့ ရနံ့၊ အမှတ်တံဆိပ် တခုတည်းကို အမြဲ စွဲသုံးပါ။

(၁၁) ပွဲတက်ဝတ်စုံကောင်းကောင်း တစုံတော့ ရှိပါစေ။ ဒါကတော့ ဝန်ထမ်းဆိုရင်လည်း နှစ်ပတ်လည် အခမ်းအနားတွေ၊ အရေးပါတဲ့သူတွေရဲ့ အခမ်းအနားကောင်းတွေမှာ တက်ရောက်ဖို့ အကျႌ၊ ဘောင်းဘီကနေ ဖိနပ်ထိအောင် အပြည့်အစုံ တစုံစာ အကောင်းဆုံး ရှိနေပါစေ။ လိုအပ်မှ ထုတ်ဝတ်ပါ။

(၁၂) ခံတွင်းနံ့ပျောက်ဆေးသုံးဖို့ မဆိုလိုပေမယ့် ခံတွင်းနံ့ မနံပါစေနဲ့၊ သွားပုံမှန် တစ်ရက် ၂ ကြိမ်တိုက်ပါ၊ ရေများများ သောက်ပါ။ လိုအပ်ရင်တော့ ခံတွင်းနံ့ပျောက်ဆေး သုံးပါ။

(၁၃) ညဝတ် အင်္ကျီတွ၊ ဘောင်းဘီတွေ သန့်နေပါစေ။ ကျနော်တို့ဆီမှာ မြို့ပြနေသူတွေကတော့ ညဝတ်စုံတွေ သုံးကြပေမယ့် အများစုကတော့ အိမ်နေရင်း အလွယ်ဝတ် အဝတ်အစားနဲ့ပဲ နေလို့ အိမ်နေရင်း အကြမ်းဝတ် အကျႌတွေက အစ သန့်ရှင်းနေပါစေ၊ ပုံမှန် လျှော်ပါ၊ နေပူပူမှာ ကြာကြာ လှမ်းပါ၊ ရောဂါပိုးတွေ သေစေသလို ကျန်းမာရေးလည်း ကောင်းစေတယ်၊ သန့်သန့်ရှင်းရှင်း နေတတ်တယ် ဆိုတာလည်း လူသိစေပါတယ်။

(၁၄) အလှအပ၊ အဝတ်အစားအပေါ်မှာ အရမ်း အလေးမထားပါနဲ့၊ အထက်မှာ ပြောခဲ့တာက သေသေသပ်သပ်နေဖို့၊ ဝတ်ဆင်ဖိ့ု၊ ကျန်းမာအောင်နေဖို့နဲ့ သန့်သန့်ရှင်းရှင်းနေဖို့တွေဖြစ်ပြီး အရမ်း အလှအပ ဆန်လွန်းသွားရင်တော့ အမျိုးသားတွေဖြစ်လို့ လူအများက အလှအပ မက်နေတာကို မကြိုက်ကြပါဘူး။

(၁၅) ရှုးဖိနပ်ဝတ်တတ်သူတွေအနေနဲ့ ခြေအိတ် အရောင် အသုံးပြုမှုမှာ မိမိ ဝတ်မယ့် ဖိနပ်၊ ဘောင်းဘီနဲ့ အရောင် ဆက်စပ်မှု ရှိပါစေ။ စတိုင်ထုတ်ပြီး သိသာတဲ့ အရောင်ကွဲမျိုး မသုံးပါနဲ့။ သိသာမှုထက် လူအများရဲ့ တီးတိုးရယ်မောမှုကို ခံရတတ်ပါတယ်။

(၁၆) နား၊ နှာခေါင်းတွေ အမြဲ သန့်နေပါစေ။ နားဆိုရင် မျက်စိနဲ့ မမြင်လု့ိ ညစ်ပတ်နေတာမျိုးရှိရင် ဂရုမပြု မိတတ်ကြပါဘူး။ ပုံမှန် တပတ် တခါတော့ အမြဲ ဂရုစိုက် သန့်ရှင်းမှု လုပ်ပေးပါ။ နှာခေါင်းမှာလည်း မှန်မကြည့်ချိန် မထင်မှတ်ဘဲ ညစ်ပတ်မှု ရှိနေတတ်လို့ ဂရုပြုပြီး အပြင်မသွားခင်ကတည်းက သန့်ရှင်းအောင် လုပ်ဆောင်နေထိုင်ပါ။

(၁၇) တပါးသူတွေနဲ့ စကားပြောနေချိန် အာရုံစိုက်မှု အပြည့်ပေးပါ။ အလုပ်ပဲ ဖြစ်ဖြစ်၊ ကျောင်းစာပဲ ဖြစ်ဖြစ်၊ အခြား ဘယ်လို အကြောင်းပဲ ဖြစ်ဖြစ် စကားပြောနေပြီဆိုရင် တပါးသူရဲ့ ပြောဆိုမှုကို အာရုံစိုက်မှု အပြည့်ပေးပါ၊ မိမိကလည်း စိတ်ဝင်တစား ပြန်လည် ပြောဆိုပါ။

(၁၈) ဖိနပ်နဲ့ ပတ်သက်တဲ့ ထပ်ပြီး ပြောရရင် သင့် အနေနဲ့ လေ့ကျင့်ခန်း လုပ်ချိန် လေ့ကျင့်ခန်းလုပ်မယ့် ဖိနပ်ဝတ်ပါ၊ ဘောလုံး ကန်မယ် ဆိုရင်လည်း ဘောလုံးကန် ဖိနပ်ပေါ့။ ဒီလိုပဲ ဘယ်လိုပွဲကိုပဲ သွားသည်ဖြစ်စေ မိမိ ဝတ်ထားတဲ့ အဝတ်အစားနဲ ဖိနပ်နဲ့ လိုက်ဖက်မှန်ကန်ပါစေ။

(၁၉) အဝတ်အစားဝယ်ချိန်မှာ အရင်းနှီးဆုံး သူငယ်ချင်းနဲ့အတူ သွားဝယ်ပါ။ အရောင်၊ ဒီဇိုင်း၊ လိုက်ဖက်မှုတွေကို သူ့နားက အကြံတောင်းကြည့်ခိုင်းပြီးမှ ဝယ်ပါ။ မိမိ ကိုယ်ကိုယ်ထက် သူ တပါးရဲ့ အမြင်ကို ရယူ ဝတ်ဆင်ပါ။

(၂၀) အိမ်မှာသုံးတဲ့ လက်သုပ်ပဝါ၊ သန့်ရှင်းရေးသုံး အခြား တံမြက်စည်းလို အရာတွေက အစ သစ်နေ၊ သန့်နေပါစေ။ လျှော်ဖွပ်လို့ရရင် လျှော်သုံးပါ၊ လဲလှယ်ဖို့ လိုအပ်ရင် လဲလှယ်ပါ။ မိမိ အိမ်လာသူတွေ အနေနဲ့ အကောင်းဆုံး မှတ်ချက်ပေးမှုကို ရရှိအောင်နေပါ။

Ref: www.maxim.com

Did you find apk for android? You can find new Free Android Games and apps.
Loading