ဝါကျွတ်မင်္ဂလာပွဲဆင်နွှဲကြတဲ့ မင်္ဂလာမောင်နှံများ ထည့်သွင်းစဉ်းစားရတဲ့ အချက်တွေထဲမှာ သတို့သား သတို့သမီး တွေအနေနဲ့ မင်္ဂလာဝတ်စုံကို ဘယ်လိုအရောင်မျိုးရွေးချယ်မလဲ ဘယ်လို ဒီဇိုင်းမျိုးဝတ်ဆင်မလဲ စတဲ့ မေးခွန်းများဖြင့် အတွေးများနေကြမှာ အမှန်ပါ။ မင်္ဂလာဝတ်စုံဒီဇိုင်းတွေကို တနှစ်နဲ့ တနှစ် မရိုးရအောင် ဆန်းသစ်တီထွင်ပြီး ဖန်တီးချုပ်လုပ်ပေးလေ့ရှိတဲ့ ဒီဇိုင်နာ ပြည်စိုးအောင်နဲ့ မင်္ဂလာ သတို့သား သတို့သမီးများအတွက် ကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေပေးနေတဲ့ Aroma Zulu Studio မှ မိတ်ကပ်နဲ့ ဒီဇိုင်နာ ကိုအောင်မြတ်သူတို့က ဒီနှစ်အတွက် ဘယ်လို ဝတ်စုံဒီဇိုင်းတွေ ခေတ်စားနေလဲ၊ ဘယ်လိုအရောင်မျိုးတွေခေတ်စားနေမလဲ၊ ဘယ်လိုဒီဇိုင်းအရောင်မျိုးကို ရွေးချယ်သင့်သလဲ၊ မင်္ဂလာဆောင်တခုအတွက် ဘာတွေလိုအပ်ပြီး ဘယ်လိုတွေ ပြင်ဆင်လို့ရမလဲဆိုတဲ့ သူတို့ရဲ့အကြုံပြုပြောစကားများကို ဖော်ပြပေးလိုက်ပါတယ်။
ဒီနှစ်အတွက် မင်္ဂလာဝတ်စုံကို ဘယ်လိုအရောင်မျိုးက ခေတ်စားပြီး ရွေးချယ်ဝတ်ဆင်ကြသလဲ
ဒီဇိုင်နာပြည်စိုးအောင်
ဘာအရောင်တွေခေတ်စားမလဲ ဆိုတာကတော့ ကျနော်က အရောင်တမျိုးမျိုးကို ကြိုက်ပြီးတော့ သတို့သမီးတယောက်ကို ဆင်လိုက်တယ်။ အဲဒီအခါကျရင် ဆင်ပေးလိုက်တဲ့ သတို့သမီးက ကျနော်ဆင်ပေးလိုက်တဲ့ အရောင်လေးကို ကြိုက်သလိုမျိုး ကျနော့်ဆီလာအပ်တဲ့ တခြားသတို့သမီးတွေကလည်း ဒီအရောင်လေးလှလိုက်တာ ငါတို့လည်း ဝတ်ရင်ကောင်းမလား မသိဘူး ဆိုပြီးရှိသလို အရောင်တွေက ဒီ အရောင်တမျိုးထဲကိုပဲ လုပ်နေရတာမျိုးတွေရှိတယ်။ ကျနော့်အနေနဲ့က ဒီဘက်ခေတ်မှာ အရောင်ဖျော့တာလေးတွေပဲ ကြိုက်တယ်။ အဝါဆိုလည်းဖျော့ဖျော့လေး အစိမ်းဆိုလည်း ဖျော့ဖျော့လေး။ ထောပတ်စိမ်းလေးပေါ့ အဲ့ဒါမျိုးလေးတွေကြိုက်တယ်။ အရောင်ရွေးချယ်မှုကတော့ မင်္ဂလာအရောင်မှ မဟုတ်ဘူး။ ဗေဒင်ဆရာက ရွေးပေးတဲ့အရောင်တွေရှိတယ်။ သူတို့ရွေးထားတဲ့အရောင်ရယ် လပ်ကီးကာလာရယ်ပေါ်မူတည်ပြီးတော့ လှုပ်ရှားရတာပေါ့။ အရင်တုန်းကလည်း အရောင်ဆန်းဆန်းပြားပြားတွေ ဝတ်ကြပါတယ်။ အခုလို အွန်လိုင်းမီဒီယာတွေဘာတွေက ခေတ်မစားသေးတော့ မသိကြတာပါ။ ဒီဘက်ခေတ်ကျမှ အရောင်မျိုးစုံတွေ ဝတ်ကြတယ်လို့ထင်နေကြတာပါ။ ဟိုအရင်တည်းက ကျနော်တို့က လုပ်ပေးနေရပါတယ်။ အနက်ကလွဲလို့ မသုံးဖူးတဲ့အရောင်မရှိပါဘူး။
ကိုအောင်မြတ်သူ (Aroma Zulu Studio)
ဒီနှစ်မှာတော့ မင်္ဂလာအရောင်လည်းဖြစ်မယ်။ မြန်မာလူမျိုးတွေနဲ့ ရင်းနှီးပြီးသားဖြစ်မယ့် ရှန်ပိန် Gold လို့ခေါ်တဲ့ ရွှေပန်းနုရောင်လေးကို ရွေးချယ်ဖြစ်တာပါ။ ရှန်ပိန် Gold ပေါ်မှာ ကျောက်မျက်ရတနာအစစ်တွေနဲ့ ဖန်တီးပြီးတော့ ပြသခဲ့ပါတယ်။ နောက်ပြီးတော့ ခရစ်စတယ်အစစ်တွေနဲ့လည်း ထိုင်မသိမ်းဝတ်စုံတွေဖန်တီးထားပါတယ်။
ဘယ်လို ဒီဇိုင်းမျိုး ဝတ်ဆင်ကြမလဲ
ဒီဇိုင်နာပြည်စိုးအောင်
ဒီဇိုင်းတွေကျတော့ နေ့တိုင်းကိုအသစ်အဆန်းတွေ ဖြစ်အောင်အမြဲတမ်း လုပ်နေရတယ်။ သတု့ိသမီးတွေက ကျနော့်မှာ ရှိပြီးသားဒီဇိုင်းကိုပဲ အပ်ကြတာရှိသလို သူတို့ကိုယ်ပိုင်လိုချင်တဲ့ဒီဇိုင်းလေးတွေ ပေးကြတယ်။ အဲဒီအခါကျရင်တော့ ညှိပြီးတော့ လုပ်ကြရတယ်။
ကိုအောင်မြတ်သူ (Aroma Zulu Studio)
၂၀၁၈ ခုနှစ်အတွက် ရှန်ပိန် Gold ကတော့ အနောက်တိုင်းဝတ်စုံတွေကနေ ဆင်းသက်လာတာပါ။ ဖက်ရှင်ကို ဦးဆောင်နေတဲ့ နိုင်ငံတွေမှာ အခုဆိုရင် ရှန်ပိန်ဆိုတဲ့အရောင်က ခေတ်စားနေတယ်။ အဲဒါနဲ့ မြန်မာနိုင်ငံမှာ မြန်မာလူမျိုးတွေနဲ့ဆိုရင်က ဒီ ရှန်ပိန်ဆိုတဲ့အရောင်က နည်းနည်းညစ်တယ်။ အဲဒီအတွက် Gold ဆိုပြီးထပ်ရောပြီးတော့ ရှန်ပိန် Gold အဖြစ်ဖန်တီးတယ်။ ကျနော်တို့ဆီမှာ ၂၀၁၈ ခုနှစ်အတွက် အနောက်တိုင်းဝတ်စုံကိုတော့ မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှုနဲ့ ကိုက်ညီအောင်လို့ လျှပ်ပေါ်လော်လီတဲ့ ဝတ်စုံမျိုးတွေမဟုတ်ဘဲ လုံလုံခြုံခြုံနဲ့ ခေတ်မီဆန်းသစ်အောင် ဖန်တီးထားတယ်။ ကျနော်၂ဝ၁ဝ ခုနှစ်တုန်းက ရွှေထိုင်မသိမ်းကို ပထမဆုံးဖန်တီးခဲ့ပါတယ်။ လူမှုကွန်ရက်တွေက အခုလောက် ခေတ်မစားတဲ့အတွက် လူသိမများခဲ့ပါဘူး။ ၂၀၁၇ အကယ်ဒမီပေးပွဲမှာ ရွှေဝတ်စုံတွေကို ဖန်တီးဖြစ်တယ်။ ၂၀၁၈ မှာ နောက်တမျိုးကို ဖန်တီးရမယ်ဆိုပြီးတော့ စဉ်းစားလိုက်တော့ ရွှေ နဲ့လုပ်ပြီးတဲ့အခါကျတော့ မြန်မာနိုင်ငံက ကျောက်မျက်ရတနာလည်း ပေါများတဲ့အတွက် ကိုယ့်နိုင်ငံက ကျောက်မျက်ရတနာတွေနဲ့ ဖန်တီးချင်တဲ့စိတ်ဖြစ်ပေါ်တဲ့ အတွက် တွင်းထွက်ဝတ်စုံတွေ ထိုင်မသိမ်းတွေကို ဖန်တီးဖြစ်ပါတယ်။
မင်္ဂလာဝတ်စုံအတွက် ကိုယ်ပိုင် သီးသန့်ချုပ်မယ်ဆို ဘယ်လောက်ကုန်ကျနိုင်မလဲ
ကျနော်တို့ (Aroma Zulu Studio) ဆီမှာ မင်္ဂလာဝတ်စုံချုပ်မယ်ဆိုရင် တသိန်းကျော်ကနေ စပြီး ချုပ်လို့ရပါတယ်။ သူဆောင်မယ့်အနေအထားပေါ်လိုက်ပြီးတော့ ဈေးနှုန်းတွေက ကွာသွားမှာပါ။ ဒါကတော့ သူတု့ိရဲ့ရွေးချယ်မှုပေါ့။ ဌားမယ်ဆိုလည်း ၁ သိန်းဝန်းကျင်ကနေစပြီး ၁၅ သိန်း သိန်း ၂၀ လောက်အထိရှိနေပါတယ်။
မိတ်ကပ်လိမ်းချယ်မှုအပိုင်းကိုရော ဘယ်လိုပြင်ဆင်နိုင်မလဲ
Aroma Zulu Studio မှာ မိတ်ကပ်ကိုလည်း အတန်းအစားများ ထားပေးထားပါတယ်။ ကျနော်နဲ့လိမ်းမယ်ဆိုရင် တဈေး ကျနော့် လက်ထောက်နဲ့ လိမ်းမယ်ဆိုရင် တဈေးပေါ့။ အဲ့ဒီမှာမှ ကျနော်နဲ့လိမ်းချင်တယ်။ ပိုက်ဆံအများကြီးမတတ်နိုင်ရင် Aroma မှာလာလိမ်းရင်သက်သာမှာပါ။ ကျနော်အနေနဲ့ Aroma မှာလာလိမ်းရင် မိတ်ကပ်ဆံပင်အပြီးအစီး ပစ္စည်းအစုံပါပြီး တသိန်းခွဲယူပါတယ်။ ဟိုတယ်မှာလိုက်ပြင်ရမယ်ဆိုရင်တော့ အပြီးအစီးကို နှစ်သိန်းခွဲယူပါတယ်။ အဲဒီလိုမျိုး သတို့သမီးကို အပ်လိုက်ပြီဆိုတာနဲ့ သတို့သားပါ ပါပြီးသားပါ။ သတို့သားကိုတော့ Aroma က မိတ်ကပ်လုံးဝမလိမ်းပေးပါဘူး။ သတို့သား တွေက မိတ်ကပ်နဲ့မလိုက်ဖက်ဘူး။ သတို့သမီးမိတ်ကပ်လိမ်းနေတဲ့အချိန်မှာ သတို့သားကို မျက်နှာပေါင်းတင်ပေးတယ်။ ပွဲခင်းထဲမှာ ချွေးဘယ်လောက်ပဲထွက်ထွက် စိတ်ပူစရာမလိုပါဘူး။
အလုပ်မရှုပ်တဲ့ One Stop Service ကို ဘယ်လိုလုပ်ကြမလဲ
ကျနော်တို့ Aroma ကို One stop service စင်တာဆိုပြီးတော့ နာမည်တပ်ထားပါတယ်။ One stop service ဖြစ်တဲ့အတွက် မင်္ဂလာတပွဲလုံးကို သတို့သားနဲ့ သတို့သမီးက ပွဲရောက်ရင် သတို့သား၊ သတို့သမီးနေရာမှာ ထိုင်လိုက်ရုံပါပဲ။ အစအဆုံးကို ကျနော်တို့က တာဝန်ယူဆောင်ရွက်ပေးပါတယ်။ အခုခေတ်က အလုပ်တွေအများကြီးလုပ်လာကြတဲ့အခါ အရင်လို အချိန်တွေ အများကြီးပေးစရာမလိုတော့အောင် စိတ်ပူပန်စရာလည်း မလိုတော့အောင် တပွဲလုံးကို စီစဉ်ဆောင်ရွက်ပေးနေပါတယ်။ ဒီ One stop service မှာဘာတွေပါလဲဆိုရင် Pre Wedding ရိုက်တာမှာ Out door၊ In door ပါမယ်။ နောက်တခုက မင်္ဂလာဝတ်စုံပေါ့၊ ဝတ်စုံကို ကျနော်တို့ဆီမှာ ရှိပြီးသား ဝတ်စုံကိုပဲ ဝတ်လို့ရသလို အသစ်ထပ်ချုပ်ပြီးတော့ ငှားတာပဲဖြစ်ဖြစ် ဝယ်တာပဲဖြစ်ဖြစ် လုပ်ပေးပါတယ်။ နောက်တခုကိုယ်ပိုင်ချုပ်ချင်တယ်ဆိုရင် ကျနော်ကို မူပိုင်ခပေးမယ်ဆိုရင် ချုပ်လုပ်ပေးပါတယ်။ နောက်တစုံမရှိစေရပါဘူး။ သတို့သား၊သတို့သမီး အပြင် ပန်းကြဲတို့ အရံတို့အတွက်ရယ် အဖေအမေတွေအတွက်လည်း ဖန်တီးပေးပါတယ်။ ပွဲကြီးနေ့မှာ ရိုက်ကူးမယ့် ဗီဒီယို၊ ဓာတ်ပုံ၊ လက်ဝတ်လက်စားတွေ ပန်းအပြင်အဆင်တွေ၊ဖိတ်စာ၊ ပြန်ကမ်းပစ္စည်းတွေ၊ ကားအလှဆင်တာဆိုရင်လည်း ဘယ်လိုကားစီးချင်လဲ ဆိုတာကိုလည်း ကြိုက်တဲ့ကားအမျိုးအစားကိုလည်း ငှားရမ်းပြီးတော့ စီးလို့ရပါတယ်။ သတို့သား၊သတို့သမီးက မင်္ဂလာဆောင်တော့မယ်လို့ စိတ်ကူးလိုက်ရင် နာရီဝက်လောက်တော့ ကျနော်တို့ကို အချိန်ပေးပါ။ နာရီဝက်အတွင်းမှာ အရင်က ၆ လလောက်ပြင်ဆင်လာရတဲ့ အရာအားလုံးကို တထိုင်တည်းနဲ့ ပြင်ဆင်ပေးနေပါတယ်။
One Stop Service ကရော ဈေးနှုန်းဘယ်လောက်က စပြီးလုပ်နိုင်မလဲ
Aroma Zulu Studio ရဲ့ One stop service မှာက Pacekage က ၄၊၅ ခုလောက်ရှိတယ်။ အနိမ့်ဆုံးဈေးနှုန်းကတော့ Economi Package ပါ။ အဲ့ဒါကတော့ ပိုက်ဆံနည်းနည်းနဲ့ မင်္ဂလာတပွဲလုံးကို စီစဉ်ပေးတာပါ။ အနိမ့်ဆုံး ၅ သိန်းဝန်းကျင်ကနေ မင်္ဂလာတပွဲလုံးကို ကောင်းကောင်းဆောင်လို့ရပါတယ်။ အဲဒီမှာမှ ပိုက်ဆံတတ်နိုင်တဲ့ သူကတော့ တတ်နိုင်သလို Package တွေ လုပ်ကြတာပေါ့။ တကယ်လို့များ မိမိမှန်းထားတဲ့ငွေထက် များနေတယ်ဆိုရင်တော့ အရစ်ကျငွေပေးချေမှုနဲ့ ပြုလုပ်ပေးနေပါတယ်။