Lifestyle

ဗြိတိန်တော်ဝင်မင်းသားငယ် စေ့စပ်ကြောင်းလမ်း

ဗြိတိန်အိမ်ရှေ့စံ ချားလ်စ်မင်းသားကြီးနဲ့ ဝေလမင်းသမီး ဒိုင်ယာနာ(ကွယ်လွန်)တို့ရဲ့သားငယ် တော်ဝင်မင်းသား ဟယ်ရီ ဟာ မစ္စ မဂ္ဂဟန်မာကဲနဲ့ ထိမ်းမြားလက်ထပ်ဖို့အတွက် စေ့စပ်ကြောင်းလမ်းလိုက်ပြီဖြစ်ပါတယ်။

ဒီ သတင်းကို ဝေလမင်းသားကြီးက ဝမ်းပန်းတသာနဲ့ထုတ်ပြန်လိုက်ပါတယ်။ မင်းသားဟယ်ရီရဲ့တော်ဝင်မင်္ဂလာပွဲကိုတော့ ၂၀၁၈ ခုနှစ် နွေဦးရာသီမှာ ကျင်းပတော့မှာပါ။ မင်္ဂလာပွဲအသေးစိတ်အစီအစဉ်ကိုတော့ လတ်တလော ထုတ်ပြန် ကြေညာခြင်းမရှိသေးပါဘူး။

မင်းသားဟယ်ရီနဲ့ မစ္စမာကဲတို့ဟာ ယခုလအစောပိုင်းမှာ လန်ဒန်မြို့မှာ စေ့စပ်လိုက်ကြတာလည်းဖြစ်ပါတယ်။ ဒီစေ့စပ်ပွဲနဲ့ပတ်သက်ပြီး မင်းသားဟယ်ရီဟာ ဘွားအေဖြစ်သူ အဲလီဇဘက်ဘုရင်မကြီးနဲ့တော်ဝင်မိသားစုဝင်တွေထံ အသိပေးခဲ့ပြီးလည်းဖြစ်ပါတယ်။ ဒါ့အပြင် မင်းသားဟယ်ရီဟာ မစ္စမာကဲရဲ့မိဘတွေထံက ကောင်းချီး မင်္ဂလာ ဆုတောင်းလည်း ရရှိပြီးဖြစ်ပါတယ်။

ဒီ တော်ဝင်စုံတွဲဟာ ကင်စင်တန်နန်းတော်က နော်တင်ဟန်စံအိမ်မှာ နေထိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

Ref:royal family

Loading