Lifestyle

ခွင့်လွှတ်နိုင်တဲ့အကြောင်းအရာတခု ပေးနိုင်ရင် ပြန်လက်တွဲသွားမယ်ဆိုတဲ့ ချမ်းချမ်း

Want create site? Find Free WordPress Themes and plugins.

လတ်တလော ပရိသတ်အများစု စိတ်ဝင်စားလျက်ရှိတဲ့ တေးသံရှင် ချမ်းချမ်းတို့ဇနီးမောင်နှံရဲ့ အိမ်ထောင်ရေးပြဿနာနဲ့ ပတ်သက်လို့ ချမ်းချမ်းက ခွင့်လွှတ်နိုင်တဲ့ အကြောင်းအရာတခု ပေးနိုင်ရင် ခွင့်လွှတ်ပြီး ပြန်လည်လက်တွဲသွားမယ်လို့ ပြောဆိုလိုက်ပါတယ်။

“အစ်မ ထင်တာကတေ့ာ သူလည်းတကယ်ချစ်တယ်။ တကယ်ပြုပြင်နိုင်မယ်ဆိုရင် အစ်မ ခွင့်လွှတ်နိုင်တဲ့ အကြောင်းအရာ တခုပေးရင် ပြန်ခွင့်လွှတ်မယ်။ အစ်မလည်း သူ့ကိုပြောပြမယ်။ ဘယ်အရာတွေပြင်ပေးရမလဲ၊ ဒါပေမယ့် အများကြီး ပြင်စရာမလိုပါဘူး။ အစ်မ သူဆိုးတာလေးတွေကို တချို့အရာလေးတွေကို ချစ်တယ်။ သူဆိုးတာလေးတွေက အစ်မအတွက် ချစ်ဖို့ကောင်းနေတယ်။ဒါဆိုပြီးတာပဲလေ၊ ဘယ်သူ့မှ သူ့ကိုသဘောကျစရာမလိုဘူး။ အစ်မသူ့ဆီက ရိုးသားမှုနဲ့သစ္စာရှိမှုပဲလိုချင်တယ်။ကျန်တာဘာမှမလိုဘူး”လို့ သူက ဆိုပါတယ်။

ဒါ့အပြင် အိမ်ထောင်တခုမှာ ငွေကြေးပြည့်စုံနေရုံနဲ့ မလုံလောက်ဘဲ တယောက်နဲ့တယောက်ခံစားချက်များကို မျှဝေ ခံစားတတ်ရမယ်ဆိုတဲ့ သင်ခန်းစာလည်း ရမိတယ်လို့ သူက ဆက်ပြောပါတယ်။

“အိမ်ထောင်တခုမှာ ငွေရှိနေရုံနဲ့ မပြည့်စုံဘူးဆိုတာကို အစ်မဘဝမှာ သင်ခန်းစာရတယ်။ တယောက်နဲ့တယောက် ခံစားချက်တွေကို မျှဝေရမယ်။ အဲဒီလိုမျှဝေတဲ့နေရာမှာလည်း ကိုယ့်အချင်းချင်းမျှဝေတာပဲ လုပ်စေချင်တယ်။ တစုံတယောက်ကို မိသားစုထဲဆွဲထည့်တဲ့အခါ အမှားတွေအများကြီးဖြစ်လာနိုင်တယ်။ သည်းခံတယ်ဆိုတာ အတိုင်းအတာတခုအထိရှိတယ်”လို့ ချမ်းချမ်းက ဆိုပါတယ်။

တေးသံရှင် ချမ်းချမ်းတို့ ဇနီးမောင်နှံရဲ့ အိမ်ထောင်ရေးနဲ့ ပတ်သက်လို့ ယခင်က ဘယ်လို ကောလဟလသတင်းမျိုးမှ ကြားခဲ့ရခြင်းမရှိခဲ့တာကြောင့် လူအများက ၎င်းတို့ အိမ်ထောင်ရေးဟာ သာသာယာယာရှိတယ်လို့ ထင်မြင်ထားခဲ့ပေမယ့် ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၄ ရက်နေ့တွင် နိုင်ငံပိုင်သတင်းစာမှတဆင့် ၎င်းတို့နှစ်ဦး ကွာရှင်းပြတ်ဆဲပြီးစီးကြောင်း ကြေညာခဲ့တာကြောင့် ပရိသတ်အများက အံ့သြခဲ့ကြရတာပါ။

နိုင်ငံပိုင် သတင်းစာတွင် ကွာရှင်းပြတ်ဆဲကြောင်းထည့်ခဲ့တာနဲ့ ပတ်သက်လို့ ချမ်းချမ်းက “သူ့ဆီက ရိုးသားမှုနဲ့သစ္စာရှိမှုကို ဘယ်လိုနည်းနဲ့ ပြန်ရနိုင်မလဲ၊ ဘယ်လိုကတိတွေပေးနိုင်လဲ၊ ဘယ်လိုတွေလုပ်ပြနိုင်မလဲဆိုတာပေါ်မူတည်ပြီးတော့ ပြန်လည် တည်ဆောက်ခြင်း ပေါင်းစည်းခြင်းဆိုတာ ဖြစ်လာမှာပေါ့။ ပေါ့ပေါ့ပါးပါးနဲ့လမ်းခွဲပြီး ပြန်ပေါင်းမယ်ဆိုတာကတော့ အပြက် အပြက်နဲ့ နှာခေါင်းသွေးထွက်တာကိုတော့ လက်မခံနိုင်ပါဘူး။ အဓိကက သမီးလေးအတွက် စဉ်းစားတာပါ။ အစ်မတို့ ၂ ယောက်က မာနတွေနဲ့ နားလည်မှုတွေမရှိဘဲနဲ့ ဆက်သွားနေမယ်ဆိုရင် ကြာရင် သမီးလေးအတွက် ထိခိုက်လိမ့်မယ်။ အဲဒါကြောင့် လုပ်ခဲ့တာပါ” လို့ ပြောပါတယ်။

တေးသံရှင် ချမ်းချမ်းနဲ့ မော်ဒယ်လ်သရုပ်ဆောင် ဘုဏ်းသိုက်တို့ဟာ ၂၀၁၃ ခုနှစ် ဇူလိုင်လက လက်ထပ်ခဲ့ကြတာဖြစ်ပြီး မြမိုးဂင်္ဂါဆိုတဲ့ သမီးတယောက်ရှိပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading