Lifestyle

ဆွဲဆောင်မှုရှိသူထက် ခန္ဓာကိုယ်တောင့်တင်းသူကို အမျိုးသမီးတွေ ပိုသဘောကျ

Want create site? Find Free WordPress Themes and plugins.

တကယ်တော့ ဆွဲဆောင်မှုရှိတဲ့ ချောမောတဲ့ ရုပ်ရည်နဲ့ အမျိုးသားတယောက်က ခေတ်စကားနဲ့ ပြောရရင် စော်ကြည်ဘဲတယောက်လား၊ ဒါမှမဟုတ် အနေအထိုင်၊ အပြောအဆို တက်ကြွသွက်လက်ပြီး လူအများအလယ်မှာ ထင်ပေါ်သူတယောက်က ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ပါလား။ ဖြစ်ကောင်း ဖြစ်နိုင်ပေမယ့် သူတို့တွေထက် မိန်းကလေးတွေ ပိုပြီး နှစ်သက်သဘောကျတဲ့ အမျိုးသားတွေရဲ့ ပုံစံတခု ရှိပါ သေးတယ်။ အဲဒါကတော့ ကိုယ်ခန္ဓာတောင့်တင်းခိုင်မာပြီး ကျန်းမာသန်စွမ်းတဲ့ အမျိုးသားပုံစံပဲ ဖြစ်ပါတယ်။

Royal Society Journal မှာ ဖော်ပြချက်အရ မိန်းကလေးတွေဟာ ရုပ်ချောသူတွေ၊ ထင်ပေါ်သိသာသူတွေထက် ခန္ဓာကိုယ်ပိုပြီး တောင့်တင်းသန်မာမယ့်ပုံစံရှိတဲ့ အမျိုးသား တွေကို ပိုပြီးနှစ်သက်တယ်လု့ိ ဖော်ပြထားတာ တွေ့ရပါတယ်။ ဒါဆိုရင်တော့ အခုခေတ် ပြည်တွင်းက လူငယ်တွေအကြားမှာ ခေတ်စားနေတဲ့ Gym ကစားနည်းနဲ့ ကိုယ်ထည် လှလှ ပိုင်ဆိုင်သူတွေကတော့ စော်ကြည်ဘဲတွေဖြစ်ဖို့ နှာတဖျားသာနေသလိုပါပဲ။

အခု လေ့လာချက်ကို လုပ်ဆောင်ခဲ့တဲ့ လေ့လာရေး အဖွဲ့က အမျိုးသားတွေရဲ့ ကိုယ်ခန္ဓာကို ပုံစံမျိုးစုံနဲ့ ရိုက်ကူးထားတဲ့ ဓါတ်ပုံတွေကို အမျိုးသမီးပေါင်း ၁၆၀ ကျော်ကို ပြသပြီး လေ့လာမှု လုပ်ဆောင်ခဲ့တယ်လို့ ဆိုပြီး အမျိုးသမီး အများစု၊ ရာခိုင်နှုန်း တော်တော်များများက Body အရမ်းလှတဲ့ အမျိုးသားတွေကိုပဲ ရွေးချယ်ပြီး သဘောကျတယ်လို့ ဖြေဆိုတာ တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

အထူးသဖြင့်တော့ Body တောင့်တောင့်နဲ့ အမျိုးသားတွေကို အမျိုးသမီး ၇၀ ရာခိုင်နှုန်းလောက်က သဘောကျကြတာ တွေ့ခဲ့ရတာလည်း ဖြစ်ပါတယ်။ အခု လေ့လာရေးကို လုပ်ဆောင်ခဲ့တဲ့ သြစတြေးလျနိုင်ငံ Griffith University က လေ့လာသူ Aaron Sell က အမျိုးသမီးတွေဟာ သူတို့ ဘယ်လောက် သန်မာတယ်၊ ယောင်္ကျားပီသတယ် ဆိုတာထက် Body တောင့်တောင့်တင်းတင်းရှိတဲ့ အမျိုးသား တွေကို ပိုပြီး စိတ်ဝင်စားမှုများတာ တွေ့ခဲ့ရတယ်လို့ The Guardian သတင်းစာကို ပြောပြခဲ့တာလည်း တွေ့ရပါတယ်။

Sell ကပဲ ဆက်ပြီးတော့ ကျမတို့ လုပ်ခဲ့တဲ့ လေ့လာချက်ထဲမှာ Single ဆိုတဲ့ ချစ်သူ မရှိသေးတဲ့ မိန်းကလေးတိုင်းရဲ့အဖြေမှာ ခပ်နွဲ့နွဲ့၊ ခပ်ပိန်ပိန် အမျိုးသားတွေကို သဘောကျတယ် ဆိုတဲ့ အဖြေမျိုး လုံးဝကို မတွေ့ခဲ့ရပါဘူးလို့လည်း ဆက်ပြောပါတယ်။

အမျိုးသမီးတွေ အမြင်မှာ Body တောင့်တောင့် အမျိုးသားတွေဟာ သူမတို့ စိတ်ကူးထဲမှာကို ဆွဲဆောင်မှု ကောင်းသူပုံစံ ဖြစ်သွားပြီး မိန်းကလေးတွေရဲ့ စိတ်ဝင်စားမှု ရရှိနိုင်တယ်လို့ သူမက သုံးသပ်ပါတယ်။ အလွယ်ဆုံး အနေနဲ့ လူကိုယ်တိုင် မဟုတ်ဘဲ ဓါတ်ပုံတွေ ပြသ လေ့လာမှုမှာကိုပဲ Body တောင့်တဲ့ အမျိုးသားတွေကိုပဲ သဘောကျနှစ်ခြိုက်တဲ့ အဖြေရလာခဲ့တာပါ။

ပြီးတော့ အခု လေ့လာချက်အတွင်းမှာ နောက်ဆက်တွဲအနေနဲ့ ပထမပိုင်းမှာ အထက်က ပြောခဲ့သလို အမျိုးသားတွေရဲ့ ဓါတ်ပုံတွေ ပြသမေးမြန်းတယ်။ တချို့ကိုတော့ စိတ်ကူးထဲက လိုချင်တဲ့ အမျိုးသားတယောက်ရဲ့ ပုံပန်းသဏ္ဍာန်ကို မေးမြန်းမှုတွေလည်း လုပ်ဆောင်ခဲ့ပြီး အဆိုပါ ဖြေဆိုမှုတွေမှာလည်း ကြွက်သားတွေနဲ့ တောင့်တောင့်တင်းတင်း ကြည့်ကောင်းတဲ့ ပုံစံမျိုးကို ဖြေဆိုသူများတာ တွေ့ခဲ့ရတယ်လို့ ဆိုပါသေးတယ်။

ဒီအပြင် Body တောင့်တောင့်နဲ့ အမျိုးသားတွေအပြင် အမျိုးသမီးတွေဟာ ဝတဲ့ သူတွေကို ဒုတိယ သဘောကျမှု အများဆုံးလို့ ဆိုပါတယ်။ ဒါက နည်းနည်းတော့ ဆန်းပါတယ်။ ဒါပေမယ့် သူတို့ အမြင်မှာ အမျိုးသားဟာ တောင့်တင်းတဲ့သူ ဒါမှမဟုတ် မီခိုစရာ လူကောင်းကြီးကြီးတွေကိုများ လူကြိုက်များလေသလား တွေးစရာ ဖြစ်စေ ပါတယ်။

ကျမတို့ရဲ့ လေ့လာချက် ရလဒ်မှာ Body တောင့်တဲ့ အမျိုးသားတွေပြီးရင် အမျိုးသမီးတွေ သဘောကျတဲ့ ခန္ဓာကိုယ်ဝတဲ့ သူတွေ ဖြစ်နေပါတယ်လို့ လေ့လာချက်မှာ ပူးပေါင်း လုပ်ဆောင်ခဲ့တဲ့ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် တက္ကသိုလ်က စိတ်ပညာရှင် Aaron Lukaszewski က ဆက်ပြောပါတယ်။ ဒါဆိုရင်တော့ သင့်အနေနဲ့ ဗလကောင်းမလား၊ ဒါမှမဟုတ် ဝနေသလား၊ မိန်းကလေး တွေ သဘောကျ လက်ခံကြပါလိမ့်မယ်။ ပိန်ပိန်းပါးပါး Body နဲ့ ဆိုရင်တော့ စကားတွေ ဖောင်ဖွ့ဲ၊ Post တွေ အများကြီး ပေးနေပေမယ့် Body တောင့်တောင့် ခပ်၀၀ လူတွေ ပြီးမှပဲ သင့်ကို မိန်းကလေးတွေက စဉ်းစားပေးပါလိမ့်မယ်နော်။

www.maxim.com တွင်ဖော်ပြထားတဲ့ New study confirms that women find stronger men more attractive ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading