ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်မှာ ခန္ဓာကိုယ်အလေးချိန်ကို တကယ့်လက်တွေ့ သိသိသာသာလျှော့ချနိုင်ခဲ့ပြီး ကျစ်လစ်သွယ်လျသွား တဲ့ ကိုယ့်ခန္ဓာတွေနဲ့ လှပနေတဲ့ အမေရိကန်က ဆယ်လီအနုပညာရှင်တချို့အကြောင်းကို ပြောပြချင်ပါတယ်။
ကမ္ဘာကျော်အဆိုတော် မာရီယာကာရေးကနေ အမေရိကန် ဆယ်လီသမားတဦးဖြစ်သူ မာမာဂျွန်အထိ နာမည်ကျော်အနုပညာရှင်အတော်များများဟာ ၂၀၁၇ ခုနှစ်ထဲမှာ တကယ့်ကို ကိုယ်အလေးချိန်ကို လက်တွေ့လျှော့ချနိုင်ခဲ့ပါတယ်။ ကိုယ်အလေးချိန်ကျစေမယ့် ခရီးစဉ်တွေကို သူတို့သွားလာခဲ့ကြသလို ကျန်းမာပြီး အာဟာရရှိတဲ့ အစားအစာတွေကိုသာ သူ့အချိန်ဇယားအလိုက် ရွေးချယ်စားသုံးနည်းဖြစ်တဲ့ hot AF နည်းနဲ့လည်း ကိုယ်အလေးချိန်လျှော့ချခဲ့တယ်လို့ ဆိုပါတယ်။
အဆိုတော် မာရီယာကာရေးဟာ ဝမ်းဗိုက်ပိုင်းဆိုင်ရာခွဲစိတ်ကုသမှုနဲ့အတူ ကိုယ်အလေးချိန် ၂၅ ပေါင် လျှော့ချနိုင်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင်၂၀၁၇ ခုနှစ်ထဲမှာ အမေရိကန် ဆယ်လီ မာမာဂျွန်ရှန်နွန် ဆိုရင်လည်း တိကျတဲ့ အာဟာရ စားသောက်နည်းနဲ့အတူ ဝမ်းဗိုက်ပိုင်းဆိုင်ရာ ခွဲစိတ်ကုသမှုခံယူခဲ့ပြီး လေ့ကျင့်ခန်းတွေ မပျက်မကွက်လုပ်ခဲ့ပါတယ်။ အဲဒီပြုပြင်နေထိုင်လိုက်တဲ့အကျိုးကြောင့် ပေါင် ၄၆၀ ကနေ ၁၃၂ ပေါင်အထိ ကျသွားခဲ့ပါတယ်။
အလားတူပဲ ဖက်တီးလေးလို့ ချစ်စနိုးခေါ်ကြတဲ့ အမေရိကန် သရုပ်ဆောင် ဂျိုနာဟေးလ်ဟာလည်း ၂၀၁၇ ခုနှစ်၊ မတ်လမှာ စတင်လျှော့ချနိုင်ခဲ့ပါတယ်။ အဲဒီမတိုင်က သူ့ကိုယ်အလေးချိန် ဘယ်လောက်မှန်းမသိရပေမယ့် အရင်ကပုံနဲ့ အခုပုံ ယှဉ်ကြည့်ရင် သူ တကယ်ဝိတ်ကျသွားတာ သိသာပါတယ်။
ကိုယ်အလေးချိန်လျော့ချနိုင်ခဲ့သူ နောက်တယောက်ကတော့ အမေရိကန် တီဗီအစီအစဉ်တွေရဲ့ သရုပ်ဆောင် မယ်လစ်ဆာမက်ကာသီဖြစ်ပါတယ်။ သူမဟာ ပရိုတိန်း(အသားဓာတ်)မြင့်တဲ့ အစားအသောက်တွေ၊ ဝိတ်ကျစေမယ့်အစားအသောက်တွေကို ဇယားတွေအတိုင်း စားသုံးပြီး လေ့ကျင့်ခန်းပုံမှန်လုပ်ပေးတာကြောင့် ဒီနှစ်ထဲမှာပဲ ၇၅ ပေါင် ကျသွားခဲ့ပါတယ်။
“ ကျမလုပ်ခဲ့ဖူးသမျှတွေထဲမှာ အကောင်းဆုံးအလုပ်လုပ်ခဲ့တယ်လို့ ပြောလို့ရမယ်ထင်တယ်” လို့ သူမက Life & Style ကဏ္ဍကို ပြောပြပါတယ်။
အမေရိကန်မော်ဒယ်လ်နဲ့သရုပ်ဆောင် မီဂန်ဖော့စ်ဟာလည်း ၂၀၁၆ ခုနှစ် သြဂုတ်လမှာ သူမရဲ့ တတိယမြောက်ရင်သွေးကို မွေးဖွားခဲ့ပြီးနောက် တနှစ်အကြာ ပြီးခဲ့တဲ့ ၂၀၁၇ မှာတော့ အမျိုးသမီးအတွင်းခံ အဝတ်အစားကို ရဲရဲဝံ့ဝံ့ ဝတ်ဆင်ပြီး ပြန်လည်အလှပြလာနိုင်တဲ့အထိ ကျစ်လစ်သွယ်လျတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်လာနိုင်အောင် ကိုယ်အလေးချိန် လျှော့ချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အမေရိကန် အဆိုတော် ဆီအာယာ ၂၀၁၇ မေလမှာ သူ့ရဲ့ ဒုတိယမြောက်ရင်သွေးကို မွေးဖွားခဲ့ပြီး လေးပတ်အကြာမှာ ပေါင် ၂၀ ကို လျှော့ချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အမေရိကန် ရုပ်သံအစီအစဉ်တင်ဆက်သူ ဝမ်ဒီဝီလျံဟာ၂၀၁၇ ခုနှစ်အတွင်း ပေါင် ၅၀ နီးပါး လျော့ချနိုင်ခဲ့ပါတယ်။ “အနီရောင်ရှိတဲ့ အသားနဲ့ မွေးမြူရေးအသားတွေ စားတာကို ဖြတ်တောက်ဖို့ ကျမ မမေ့ဘူး”လို့ သူ့ရဲ့ ဝိတ်ချခဲ့တဲ့ အတွေ့အကြုံကိုပြောဆိုပါတယ်။
အမေရိကန်သရုပ်ဆောင် လီနာဒန်ဟမ်ကတော့ စားနေကျအစားအသောက်တွေကို ပြောင်းလဲလိုက်ပြီး ဝိတ်ကျအောင်ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် သူမရဲ့ပြုပြင်ပြောင်းလဲမှုအတွက် သမ္မတဒေါ်နယ်ထရမ့်ကို စံနမူနာယူတယ်လို့ ဆိုပါတယ်။ “ ဒေါ်နယ်ထရမ့် သမ္မတဖြစ်လာပြီး ကျမလည်း အစားစားချင်စိတ်တွေ ရပ်တန့်လိုက်ပါတယ်” ဟု သူမက အနုပညာရှင်တဦးဖြစ်သူ ဟိုဝက်စတန်းကို ဟာသနှောပြီး ပြောဆိုခဲ့ပါတယ်။
ကဲ .. ၂၀၁၈ ခုနှစ်မှာ ခန္ဓာကိုယ်အလေးချိန်လျော့ချဖို့ ရည်ရွယ်ရည်မှန်းထားတဲ့ ဆယ်လီတွေရော သာမာန်သူတွေရော အခုကတည်းက စပြီး ဘယ်လို ပုံစံမျိုးတွေနဲ့ ကိုယ်အလေးချိန် လျှော့ချမလဲဆိုတာ စတင် စဉ်းစားသင့်ပြီလို့ အကြံပြုပါရစေ။
Ref:hollywoodlife