Lifestyle

တန်ဖိုးနည်း ဇိမ်ခံ ဆီဒင် 2018 Acura TLX

Want create site? Find Free WordPress Themes and plugins.

ဒီ မော်ဒယ်က Honda ရဲ့ ဇိမ်ခံ အမှတ်တံဆိပ် Acura ကနေ ထုတ်လုပ်တာ ဖြစ်ပြီး Lexus နဲ့ Infiniti မော်ဒယ်တွေရဲ့ ဈေးနှုန်း မြင့်မားမှုကနေ ပုံစံ ခွဲထွက်ပြီး အဆင့်မြင့် ဇိမ်ခံ တန်ဖိုးသင့်ပုံစံ ဖန်တီးထားတာ ဖြစ်ပါတယ်။ ရုပ်ထွက်ပိုင်းက ဆွဲဆောင်မှု ကောင်းတာထက် သိသာပေါ်လွင်တယ်၊ အရည်အသွေး ထိပ်တန်း အဆင့် ရှိတယ်၊ နည်းပညာ အားကောင်းတယ်၊ သဘောကျစရာပါ။

ဒီမော်ဒယ်ရဲ့ သဘောကျစရာ အကောင်းဆုံး အချက်က ကိုယ်ထည်ပိုင်းကောင်းမွန်မှုပါ၊ အမြန်နှုန်းမြင့် မောင်းနှင်နေ ချိန်မှာကိုပဲ တည်ငြိမ်လွန်းတယ်၊ မာကျောမှု အားကောင်းလို့ လုံခြုံစိတ်ချရမှု မြင့်မားတယ်၊ လေခွင်းစနစ် ကောင်းမွန်ပြီး ဘရိတ်၊ Suspesnion နဲ့ ကိုယ်ထည် အလေးချိန်တွေက ဟန်ချက်ညီလွန်းပါတယ်။

ပြီးတော့ ယာဉ်မောင်း အတွက် အကူအညီပေးစနစ်တွေက အခု မော်ဒယ်ထက် ဈေးနှုန်း ဒေါ်လာ ၂သောင်းကျော်လော် မြင့်မားတဲ့ မော်ဒယ်တွေမှာပဲ တွေ့ရတဲ့ နည်းပညာတွေ သုံးနိုင်အောင် ထုတ်လုပ်ထားပါတယ်။ ပြီးတော့ Sport ဆန်တဲ့ ကိုယ်ထည် အချိုးအဆစ်မှာ နောက်ဘက်ခန်းက ကျယ်ဝန်းတယ်၊ ထိုင်ခုံတွေက သက်တောင့်သက်သာ ရှိလှပြီး ခရီးသည် ၃ ယောက် ကောင်းကောင်း လိုက်ပါ စီးနင်းနိုင်မှာ ဖြစ်ပါတယ်။

အားနည်းချက် အနေနဲ့ မော်ဒယ်ကို ပြောစရာ ရှိတာဆိုလို့ ပြိုင်ဘက် ဇိမ်ခံ မော်ဒယ်တွေကို မောင်းနှင်ရသလောက် အရသာ ကောင်းကောင်း မရသေးဘူး။ လက်ကိုင်တွေ၊ ဘရိတ်တွေ ကောင်းပေမယ့် နည်းနည်း လေးချင်နေသလို အထနှေးချင်သလို ခံစားရမိစေပါတယ်။ ပြီးတော့ လေးလုံးထိုး အင်ဂျင်တွေ အနေနဲ့ပါ ရနိုင်အောင် ထုတ်လုပ်ထားပေမယ့် စွမ်းဆောင်ရည် အားနည်းပြီး ဇိမ်ခံ မော်ဒယ် တစီး အတွက်ကတော့ လိုအပ်ချက် ရှိနေသေးသလိုပါ။

အခုနှစ် မော်ဒယ်မှာ အဆင့်မြှင့်တင် ဖန်တီးလာမှု အချို့ကို ကြည့်မယ် ဆိုရင် ရုပ်ထွက်ပိုင်း ပြင်ဆင်ထားတယ်၊ ဆွဲဆောင်မှု ကောင်းတာထက် ရုပ်ထွက်ကို မြင်လိုက်တာနဲ့ သိသာပေါ်လွင်အောင်၊ Acuraမှန်း သိအောင် ဖန်တီးထားတာ တွေ့ရပါ တယ်။ သတင်း အချက်အလက်ပြစနစ်က Touch စနစ် အသုံးပြုနိုင်မှု အမြန်ဆုံး အနေအထား တွေ့ရပါတယ်။

နည်းပညာတွေကိုလည်း အလွယ်တကူ အသုံးပြုနိုင်အောင် အချက်အလက်ပြ စနစ်မှာပဲ စုထည့်ထားတာ တွေ့ရပါတယ်။ ဂီယာပိုင်း မြန်ဆန်သွက်လက် လာတယ်။ A-Spec ဆိုတဲ့ မော်ဒယ်ခွဲ အသစ်ပါ ရနိုင်အောင် ထုတ်လုပ်လာတာ တွေ့ရပါတယ်။

မော်ဒယ်ခွဲ ရွေးချယ်နိုင်စရာကတော့ တော်တော်လေး အားကောင်းလာပါတယ်။ လေးလုံးထိုး အင်ဂျင် အနေနဲ့ ဆိုရင် မော်ဒယ်ခွဲ ၂ ခုရမယ်၊ TLX 2.4L နဲ့ TLX 2.4L with Tech တွေ ဖြစ်ပါတယ်။ V6 အင်ဂျင်နဲ့ ဆိုရင်တော့ 3.5L, 3.5L with Tech, 3.5L A-Spec နဲ့ 3.5L with Advance တွေ အဖြစ် ၄ မျိုးထိ ရနိုင်ပါတယ်။

လေးလုံးထိုး အင်ဂျင်ကတော့ ၂ ဒသမ ၄ လီတာသုံး အရွယ်ဖြစ်ပြီး သူက ရုန်းအား ၁၈၂ ပေါင်/ပေမှာ မြင်းကောင်ရေ ၂၀၆ ကောင်အား ထွက်ရှိပါတယ်။ ပြည်တွင်း လမ်းကြောင်း အနေအထားမှာတော့ အခု စွမ်းဆောင်ရည်က အနေတော်ပါပဲ။ V6 ဆိုရင်တော့ ၃ ဒသမ ၅ လီတာသုံး အရွယ် ဖြစ်ပြီး သူက ရုန်းအား ၂၆၇ပေါင်/ပေမှာ မြင်းကောင်ရေ ၂၉၀ အားထိ ထွက်ရှိပြီး စိတ်ကြိုက် အနေအထား ဖြစ်လာပါတယ်။

အတွင်းခန်း အပြင်အဆင် အားလုံး သားရေးသားတွေ ဖြစ်ပါတယ်။ အသံပိုင်းမှာ စပီကာ ၁၀လုံးထိအောင် ပါရှိပြီး Surround စနစ်နဲ့ ဖြစ်ပါတယ်။ ၁၇ လက်မနဲ့ ၁၈ လက်မဘီး အရွယ် ၂ မျိုး ရပါတယ်။ ဂြိုလ်တု အခြေပြု မြေပုံစနစ် အပြင် မျက်ကွယ် လမ်းကြောင်း အချက်ပြစနစ်တွေ ထည့်ထားတာ တွေ့ရပါတယ်။

အင်ဂျင်ကို Remote နဲ့ စက်နှိုးနိုင်ပါတယ်။ နောက်ဘက် ပါကင် အာရုံခံစနစ် ပါလာပါတယ်။ နောက်ဘက် ထိုင်ခုံတန်း အထိ အပူပေးစနစ် ထည့်ထားပါတယ်။ ကြိုးမဲ့ ဖုန်းအားသွင်း စနစ်ကို သုံးနိုင်မှာပါ။ လက်ကိုင်ဘီးမှာလည်း အပူပေးစနစ် ပါရှိပါတယ်။ နောက်ဘက် ပတ်လည် ရိုက်ကူး ကင်မရာစနစ်က အချက်အလက်ပြ စနစ်နဲ့ တွဲထားပါတယ်။ နောက်ကြည့်မှန် တွေကလည်း Power နဲ့ သုံးနိုင်ပါတယ်။ ရှေ့မီးကြီးတွေလည်း LED နဲ့ ဖြစ်လာပါတယ်။

အမြန်နှုန်း မြှင့်တင်မောင်းနှင်နိုင်မှု အပိုင်းမှာတော့ တနာရီ မိုင် ၆၀ နှုန်းကို အချိန် ၇ ဒသမ ၄ စက္ကန့်ပဲ ယူပါတယ်။ ဒါပေမယ့် ပြိုင်ဘက် မော်ဒယ်တွေထက် နှေးနေပါသေးတယ်။ ဆီတဂါလံကို ၂၇ မိုင်လေက်ထိ ပျမ်းမျှ မောင်းနှင်နိုင်မှာလည်း ဖြစ်ပါတယ်။ နိုင်ငံတကာ ဈေးကွက်မှာတော့ မော်ဒယ်ကို ဈေးနှုန်း ဒေါ်လာ ၃၇၆၆၅ ကနေ ၄၃၀၀၀ ကျော် အတွင်း မော်ဒယ်ခွဲ အပေါ် မူတည်လို့ ဈေးနှုန်း ကွာခြားချက်နဲ့ ရောင်းချနေတာ တွေ့ရပါတယ်။

Ref: www.edmunds.com

Did you find apk for android? You can find new Free Android Games and apps.
Loading