• English
Sunday, July 20, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle

ကမ္ဘာ့အလှဆုံး မျက်နှာပိုင်ရှင်များ

by ချစ်ဖေ (တောင်တွင်းမြေ)
18 January 2018
in Lifestyle
A A
ကမ္ဘာ့အလှဆုံး မျက်နှာပိုင်ရှင်များ
16.1k
VIEWS
Share on FacebookShare on Twitter

အခုပြောမှာကတော့ ကမ္ဘာအနှံအပြားက နိုင်ငံတွေမှာရှိနေတဲ့ အလှဆုံး မျက်နှာပိုင်ရှင် မိန်းမလှလေးတွေ အကြောင်းပဲ ဖြစ်ပါတယ်။ မြင်တာနဲ့ ကြွေရလောက်အောင် ဆွဲဆောင်မှုကောင်းပြီး အလှနတ်သမီးတွေလို့ တင်စားရမယ့်သူတွေပါ။

RelatedPosts

မောင်းသူမဲ့ Waymo Robotaxi တွေ မိုင်ပေါင်း သန်း ၁၀၀ ကျော် ခရီးဆန့်ပြီးပြီ ဆိုပဲ

မောင်းသူမဲ့ Waymo Robotaxi တွေ မိုင်ပေါင်း သန်း ၁၀၀ ကျော် ခရီးဆန့်ပြီးပြီ ဆိုပဲ

20 July 2025
35
ဖားကန့်မြို့

ဖားကန့်မြို့

20 July 2025
122
ဗိုလ်ချုပ်က စာနယ်ဇင်းသမားကို မပစ်ပယ်ဘူး

ဗိုလ်ချုပ်က စာနယ်ဇင်းသမားကို မပစ်ပယ်ဘူး

19 July 2025
336

(၁၀) Camilla Belle

အမေရိကန် ရုပ်ရှင်မင်းသမီးဖြစ်ပြီး ၉ လ အရွယ် ကလေးဘဝမှာ ကြော်ငြာ စရိုက်နေပါပြီ။ ၅နှစ် သမီး အရွယ်မှာ NBC ကနေ ထုတ်လွှင့်တဲ့ သရဲဇာတ်လမ်းတွဲ Trapped Beneath the Earth မှာ ပထမဆုံး ပါဝင် သရုပ်ဆောင်ခဲ့ပါတယ်။ နောက်ပိုင်း The Ballad of Jack and Rose, When a Stranger Calls, 10,000 BC, The Quiet, Push နဲ့ Breakaway တွေမှာ ပါဝင်ခဲ့ပြီး နာမည်ရခဲ့ပါတယ်။ ပြီးတော့ Rip Girls မှာ Sydney Miller အဖြစ်ရော Back to the Secret Gardenမှာ Lizzy Buscana တွေ အဖြစ်ပါ လူသိများပါတယ်။

(၉) Golshifteh Farahani

အီတလီ ရုပ်ရှင် မင်းသမီး၊ ဂီတပညာရှင်၊ အဆိုတော်လည်း ဖြစ်သူ ဖာရာဟာနီက လက်ရှိမှာတော့ ပြင်သစ်နိုင်ငံ၊ ပဲရစ်မှာ နေထိုင်နေသူပါ။ စာရင်းတွေအရတော့ နိုင်ငံတကာ ရုပ်ရှင်ကားပေါင်း ၂၅ ကားထက် မနည်း ပါဝင် ရိုက်ကူးထားသူလည်း ဖြစ်ပါတယ်။ ပြီးတော့ ပြင်သစ်နိုင်ငံက ပေးအပ်တဲ့ Most Promising Actress ဆုနဲ့ Best Actress လို ဆုတွေကို ရရှိထားသူလည်း ဖြစ်ပါတယ်။

(၈) Ju Jingyi

တရုတ်ရုပ်ရှင်မင်းသမီးလည်းဖြစ်သလို အဆိုတော်လည်း ဖြစ်ပါတယ်။ တရုတ်နိုင်က သူ့မရဲ့ ပရိတ်သတ်တွေဆိုရင် သူမကို နှစ်ပေါင်း ၄၀၀၀ မှာ တယောက်သာ ပေါ်ထွန်းသူ ပါရမီရှင် အဖြစ် တင်စားခေါ်ဝေါ်ကြပါတယ်။ မီဒီယာတွေကတော့ နှစ် ၄၀၀၀ မှာ တယောက်သာရှိမယ့် အလှနတ်သမီးလို့ ဆိုပါတယ်။ တရုတ်အမျိုးသမီးတွေထဲမှာလည်း အလှဆုံး စာရင်းဝင်အဖြစ် သတ်မှတ်ခံထားရသူပါ။

(၇) Adelaide Kane

သြစတြေးလျသူဖြစ်တဲ့ ကိန်းက Reign ဆိုတဲ့ ဒရာမာ ဇာတ်လမ်းတွဲထဲမှာ စကော့တလန် ဘုရင်မ Mary အဖြစ် ပါဝင်သရုပ်ဆောင်မှုနဲ့အတူ နာမည်ရလာသူပါ။ ပြီးတော့ သြစတြေးလျမှာပဲ ပြသတဲ့ ရုပ်သံ အစီအစဉ်တွေ၊ ဂီတ ဖျော်ဖြေမှုအစီအစဉ်တွေဖြစ်တဲ့ Neighbours၊ Cora Hale (တတိယပိုင်း)၊ Lolly Alllen တွေမှာလည်း ပါရှိတာ တွေ့ရပါတယ်။ ABC က ရုပ်သံဇာတ်လမ်းတွဲ Once Upon a Time မှာလည်း သူမကို စောင့်ကြည့်နိုင်ပါတယ်။

(၆) Jourdan Dunn

အင်္ဂလန်သူ ဖက်ရှင်မော်ဒယ်နဲ့ သရုပ်ဆောင်မင်းသမီးတဦးလည်းဖြစ်ပါတယ်။ နယူးယောက်မှာ ကျင်းပတဲ့ Maybelline ဖက်ရှင်ပြပွဲမှာ သူမကို စတင် လူသိများလာတာပါ။ Forbes ရဲ့ ဝင်ငွေ အကောင်းဆုံး မော်ဒယ် ၁၀ ဦးစာရင်းမှာလည်း ထည့်သွင်းဖော်ပြရလောက်အောင် ဝင်ငွေ ကောင်းပါသေးတယ်။ ဒါဟာ ပထမဆုံး အင်္ဂလန်လူမည်း ဖက်ရှယ်မယ် အဖြစ် စာရင်းဝင်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။ Vogue မဂ္ဂဇင်းမှာလည်း မျက်နှာဖုံး မော်ဒယ်အဖြစ်လည်း ကျော်ကြားပြီး ဒါဟာ ပထမဆုံး လူမည်း မော်ဒယ်အဖြစ် မျက်နှာဖုံးမှာ ဖော်ပြခံခဲ့ရခြင်းပါ။

(၅) NANA Im Jin-Ah

တောင်ကိုရီးယားသူဖြစ်တဲ့ နာနာကို ပြီးခဲ့တဲ့ ၃ နှစ် အတွင်း ကမ္ဘာ့အလှဆုံး အမျိုးသမီး စာရင်းမှာပါ တွေ့ခဲ့ရတာကတော့ စိတ်ဝင်စားစရာပါ။ လက်ရှိမှာလည်း အချို့ မီဒီယာတွေမှာ ကမ္ဘာ့အလှဆုံး မိန်းကလေး အဖြစ် သတ်မှတ်ခံထားရပါတယ်။ ဆွဲဆောင်မှုကောင်းပြီး ဖြူစင်တဲ့ မျက်နှာထားကြောင့် လူကြိုက်များပါတယ်။ မော်ဒယ်အဖြစ် လူသိများပြီး နာမည်ကျော် မဂ္ဂဇင်း အများစုမှာလည်း မျက်နှာဖုံး အဖြစ် သရုပ်ဆောင်ထားသလို အလှအပရေးရာ ပွဲအမြောက်အမြားမှာလည်း တက်ရောက်မှုရှိတာ တွေ့ရပါတယ်။

(၄) Sarah Gadon

ကနေဒါ ရုပ်ရှင် မင်းသမီးဖြစ်ပြီး David Cronenberg ရိုက်ကူးတဲ့ ၂၀၁၁ ခုနှစ်ထွက် A Dangerous Method နဲ့ ၂၀၁၂ ခုနှစ်ထွက် Cosmopolis တွေမှာ သရုပ်ဆောင်မှုနဲ့အတူ လူသိများ ကျော်ကြားလာသူပါ။ ၁၉၈၇ ခုနှစ် ဧပြီ ၄ ရက်မှာ မွေးခဲ့ပြီး အသက် ၃၀ ရှိပါပြီ။ လက်ရှိ ကနေဒါရဲ့ အလှဆုံး မင်းသမီး အဖြစ် သတ်မှတ်ခံထားရပါတယ်။ ၂၀၁၂ ခုနှစ်မှာ Cosmopolis နဲ့ အတူ ကနေဒါ အကောင်းဆုံး ဇာတ်ပို့မင်းသမီးဆုနဲ့ ၂၀၁၄ ခုနှစ်မှာ Enemyနဲ့ အတူ ဇာတ်ပို့မင်းသမီးဆုတွေရရှိထားသူပါ။

(၃) Chou Tzu-yu

တောင်ကိုရီးယားမှာ အခြေစိုက်ပြီး အဆိုတော်တဦး အဖြစ် လုပ်ကိုင်နေတဲ့ ထိုင်ဝမ်သူပါ။ K-pop အမျိုးသမီး အဖွ့ဲမှာလည်း အဖွဲ့ဝင် ဖြစ်ပါတယ်။ ထိုင်ဝမ်က တိုင်နန်မှာ မွေးပြီးနောက် ကိုရီးယားကို ပြောင်းရွှေ့ နေထိုင်လာခဲ့ပါတယ်။၂၀၁၅ ခုနှစ်အတွင်းက Sixteenပွဲမှာ ပါဝင်မှုနဲ့အတူ နာမည်ရလာပါတယ်။ ၁၉၉၉ ခုနှစ်မှာ မွေးခဲ့လို့ အခုမှ အသက် ၁၈ နှစ်ပဲ ရှိပါသေးတယ်။

(၂) Thylane Blondeau

ပြင်သစ်မှာ အလှဆုံးမိန်းကလေးက ဘယ်သူလဲ ဆိုတာတော့ မသိချင်ပါဘူး။ သေချာတာကတော့ အခု စာရင်းအတွက် အဆင့် ၂ နေရာကို နာမည်ကျော်ဘောလုံးသမား Patrick Blondeau ရဲ့ သမီးဖြစ်တဲ့ ပြင်သစ် သရုပ်ဆောင်မင်းသမီးလည်းဖြစ်သူ၊ ရုပ်သံအစီအစဉ် တင်ဆက်သူတဦးလည်းဖြစ်တဲ့ သိုင်လိန်းကို ရွေးချယ်ချင်ပါတယ်။ အခုမှ အသက် ၁၆ နှစ်ပဲ ရှိပါသေးတယ်။ ၂၀၀၅ ခုနှစ်၊ သူမ အသက် ၄ နှစ်ကတည်းက ပြင်သစ်မော်ဒယ်(ကလေးကိုယ်ဟန်ပြမယ်)အဖြစ် စတင် လုပ်ကိုင်လာခဲ့သူလည်း ဖြစ်ပါတယ်။

(၁) Liza Soberano

ဖိလစ်ပိုင်-အမေရိကန် ကပြား ရုပ်ရှင်မင်းသမီးနဲ့ မော်ဒယ်တဦးဖြစ်ပါတယ်။ ဖိလစ်ပိုင်သွေးတွေရဲ့ အလှအပကို သက်သေပြနိုင်သူတဦးလို့လည်း ဆိုနိုင်ပါတယ်။ ၂၀၁၇ ခုနှစ်အတွက် အာရှ-ပစိဖိတ်ဒေသမှာ အလှဆုံး မိန်းကလေး အဖြစ်လည်း သတ်မှတ်ခံထားရသူပါ။ ပြီးခဲ့တဲ့ ၃ နှစ်ဆက်တိုက်လည်း အလှဆုံး မိန်းကလေး စာရင်းမှာပါခဲ့ပါတယ်။ နာမည်ကျော် မဂ္ဂဇင်းအများစုမှာ မျက်နှာဖုံးအဖြစ် ပါဝင်ခဲ့ပါတယ်။ ပြီးတော့ ကုမ္ပဏီ အများစုရဲ့ ကြော်ငြာတွေမှာလည်း ပါဝင်ပေးထားသူပါ။ အချိန်ကာလတလျှောက်လုံး အလှဆုံး မိန်းကလေး စာရင်းမှာလည်း ပါဝင်နေသူပါ။

www.wonderslist.com တွင် ဖော်ပြထားတဲ့ Top 10 most beautiful faces in the world ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။

Your Thoughts …
Tags: ကမ္ဘာ့အလှဆုံး မျက်နှာပိုင်ရှင်များ
ချစ်ဖေ (တောင်တွင်းမြေ)

ချစ်ဖေ (တောင်တွင်းမြေ)

Similar Picks:

No Content Available
Next Post
ဒီတပတ် ရန်ကုန်ရုပ်ရှင်

ဒီတပတ် ရန်ကုန်ရုပ်ရှင်

ကျိုက္ခမီတိုက်နယ်ဆေးရုံတွင် တက်ရောက်ကုသခဲ့ရသော ရေလုပ်သား ကိုဖြိုးကိုကို

ရေလုပ်သားတဦးကို ညှဉ်းပန်းနှိပ်စက်သူ ဦးစီး ၂ ဦးကို ရဲတပ်ဖွဲ့ ဖမ်းဆီး

No Result
View All Result

Recommended

MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

3 days ago
4.6k
အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

1 day ago
4.1k

Most Read

  • တောင်ကိုရီးယားက မြန်မာသံရုံး ငွေကြေးအရှုပ်တော်ပုံ

    တောင်ကိုရီးယားက မြန်မာသံရုံး ငွေကြေးအရှုပ်တော်ပုံ

    shares
    Share 0 Tweet 0
  • အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

    shares
    Share 0 Tweet 0
  • နောင်ချိုကို ဘာကြောင့် လက်လွှတ်လိုက်ရလဲ

    shares
    Share 0 Tweet 0
  • လေကြောင်းပစ်ကူဖြင့် ဆန်တက်လာသည့် စစ်သင်္ဘောများ စဉ့်ကူးရောက်

    shares
    Share 0 Tweet 0
  • MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate