Lifestyle

ဖောင်ဒေးရှင်းလိမ်းပြီး အသားအရည် ဘယ်လို ထိန်းသိမ်းကြမလဲ

Want create site? Find Free WordPress Themes and plugins.

“Foundation” (ဖောင်ဒေးရှင်း) ဆိုတာ အလှကြိုက်တဲ့ အမျိုးသမီးတိုင်းအတွက် အလှပြင်တဲ့နေရာမှာ မပါမဖြစ် ပစ္စည်းပါ။ မိန်းကလေးတွေက ဘယ်နေရာရာသွားသွား အနည်းဆုံး ဖောင်ဒေးရှင်းလေးတော့ လိမ်းလေ့ ရှိပါတယ်။

အရင်တုန်းကတော့ အသားအရည် ထိန်းသိမ်းဖို့အတွက် သဘာဝပစ္စည်းတွေကိုသာ သုံးလေ့ ရှိကြပေမယ့် အခုနောက်ပိုင်းမှာ အရည်အသွေးကောင်းပြီး သဘာဝကို အခြေခံ ထုတ်လုပ်ထားတဲ့ Skincare Product တွေကိုပါ သုံးစွဲကြနေပါပြီ။

အချိန်တွေ ပြောင်းလာတာနဲ့အမျှ ဖောင်ဒေးရှင်းလုပ်တဲ့ ဖော်မြူလာတွေပါ ပြောင်းလဲလာပါတယ်။ ဒါဆိုရင် မိတ်ကပ် အောက်ခံ (ဖောင်ဒေးရှင်း) နဲ့ ပျိုမေတို့ အသားအရည်ကို ဘယ်လို ထိန်းသိမ်းနိုင်မလဲဆိုတာ ကြည့်ရအောင်နော်။

“Shiseido” ရဲ့ Training Director တယောက်ဖြစ်တဲ့ Nancy Woo ကတော့ မိတ်ကပ်မလိမ်းခင် ဖောင်ဒေးရှင်း သုံးတာဟာ အရေပြားအတွက် ကောင်းတယ်လို့ ပြောထားပါတယ်။ Shiseido ရဲ့   ဖောင်ဒေးရှင်းတွေမှာ SPF Factor ပါတာကြောင့် ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်နိုင်တယ်လို့ ဆိုပါတယ်။

ဖောင်ဒေးရှင်းလိမ်းတာက အဝတ်ဝတ်ထားသလိုပဲ မျက်နှာကို နေရောင်ခြည် တိုက်ရိုက် မကျအောင် ကာကွယ် ထားနိုင်တယ်လို့ သူမကဆိုပါတယ်။ The Skin Inc.Dermatology and Laser Center က Dr.Windie Hayano ကတော့ အခုခေတ် ဖောင်ဒေးရှင်းတွေမှာ နေရောင်ခြည် ကာကွယ်ဖို့နဲ့ အစိုဓာတ် အပြည့်အဝပေးနိုင်တဲ့ ပါဝင်ပစ္စည်းတွေ ပါဝင်ပါတယ်တဲ့။

ဖောင်ဒေးရှင်းသုံးတာက နေရောင်ဒဏ် ကာကွယ်တဲ့ ခရင်မ်နဲ့ လုပ်ဆောင်ချက်ခြင်း အတူတူပဲလို့ သိရပါတယ်။ ပုံမှန်ကတော့ ဖောင်ဒေးရှင်းသုံးပြီးရင် နေရောင်ဒဏ်ကာကွယ်တဲ့ Sun Cream တခုခု သုံးကြပေမယ့်၂ မျိုးလုံးသုံးရတာ ရှုပ်ရင် SPF (Sun Protection Factor) ပါတဲ့ ဖောင်ဒေးရှင်း တမျိုးတည်း သုံးရင်လည်း အဆင်ပြေတယ်လို့ Dr.Windide က ဆိုပါတယ်။

Nancy Woo က “တချို့လူတွေက နေရောင်ဒဏ် ကာကွယ်ခရင်မ် သပ်သပ်ပဲ သုံးရတာ သဘောကျတယ်။ အဲ့ဒါက အဆင်ပြေပေမယ့်လည်း မျက်နှာကို တောက်ပမှု အပြည့်အဝ မပေးနိုင်တာကြောင့် ဖော်မြူလာ ကောင်းကောင်းနဲ့ လုပ်ထားပြီး အသားအရည်အတွက် ကောင်းကျိုးများများ ပေးနိုင်တဲ့ ဖောင်ဒေးရှင်းမျိုးက သာ အရေပြား ထိန်းသိမ်းပြီးဖြစ်သလို မျက်နှာကို သဘာဝအတိုင်း တောက်ပစေမယ့် တချက်ခုတ် နှစ်ချက်ပြတ် နည်းလမ်းဖြစ်တယ်” လို့ ဆိုပါတယ်။

နောက်ဆုံးအနေနဲ့ အသားအရည်ကို ဘယ်လိုပဲ ထိန်းသိမ်းထိန်းသိမ်း ညအိပ်ခါနီးမှာတော့ မျက်နှာမှာ လိမ်းထားတဲ့ မိတ်ကပ်တွေ မကျန်အောင် မျက်နှာကို Double Cleansing လုပ်သင့်ပါတယ်လို့ အလှအပ ရေးရာ ပညာရှင်များက အကြုံပြုထားပါတယ်။

ကဲ ဒါဆိုရင် ဖောင်ဒေးရှင်းဝယ်တိုင်း  SPF ဘယ်လောက်ပါတယ်၊ အသားအရည်ကို ဘယ်လို ထိန်းသိမ်း ပေးသလဲ ဆိုတာ သေချာမေးပြီးမှ ဝယ်သုံးဖို့ အလှကြိုက်တဲ့ ပျိုမေတို့ အတွက် အကြုံပြု ရေးသား လိုက်ပါတယ်။

Ref; preview.ph.com

Did you find apk for android? You can find new Free Android Games and apps.
Loading