ဒီနှစ်ပိုင်းမှာတော့ လူကြိုက်များတဲ့ အစားအသောက်တွေထဲ ကိုရီးယားအစားအစာ Korilla က နေရာဝင်ယူလာပါပြီ။ Korilla က ဘာဘီကျူးဟင်းလျာ တမျိုးဖြစ်ပြီး ကိုရီးယားနာမည်ကျော် Bulgogi နဲ့ မတူတဲ့ အချက်က ဟင်းလျာ တခုလုံးကို သက်သတ်လွတ်သမားတွေအတွက် အသားမပါဘဲ ပြင်ဆင် ချက်ပြုတ်ထားလို့ပါ။
ဒီလို နာမည်ကျော်နေတဲ့ သက်သတ်လွတ် ဟင်းလျာတမျိုး ဖြစ်တဲ့ Korilla ကို ၁၅ မိနစ်လောက် အချိန်ပေးရုံနဲ့ သင့်အိမ်မှာ အလွယ်တကူ ချက်ပြုတ် ပြင်ဆင်နိုင်မယ့် နည်းလမ်းလေးတွေ ရေးသားပေးချင်ပါတယ်။ ထမင်းပူပူလေးရယ်၊ အိမ်လုပ် ကင်မ်ချီနဲ့ Korilla ကို ရောစားလိုက်မယ်ဆိုရင် အသားမပါတာတောင် ထမင်းမြိန်စေမယ့် ဟင်းတခွက်ပါ။
ကဲ ကိုရီးယားအစားအစာ Korilla ပြုလုပ်နည်းကို လေ့လာလိုက်ရအောင်။
လိုအပ်သော ဟင်းချက်ပစ္စည်းများ
သကြား – ၁ ခွက်
ပဲငံပြာရည် – ၁ ခွက်
ရေ – စားပွဲတင်ဇွန်း ၅ ဇွန်း + လက်ဖက်ရည်ဇွန်း ၃ ဇွန်း
ဂျင်း – လက်ဖက်ရည်ဇွန်း ၂ ဇွန်း (အသင့်ကြိတ်ထားပါ)
ကြက်သွန်ဖြူ – လက်ဖက်ရည်ဇွန်း ၂ ဇွန်း (အသင့်ကြိတ်ထားပါ)
Rice Wine Vinegar – စားပွဲတင်ဇွန်း ၁ ဇွန်း
နှမ်းဆီ – လက်ဖက်ရည်ဇွန်း ၂ ဇွန်း
ငရုပ်ကောင်းမှုန့် – အနည်းငယ်
Tapioca Starch (ပီလောပီနံ အမှုန့်) – လက်ဖက်ရည်ဇွန်း ၃ ဇွန်း
ပဲပြား – ၄ တုံး
ဟင်းချက်နည်း
အပူချိန် ၄၀၀ ဒီဂရီထားတဲ့ မီးဖိုးပေါ်ကို သကြား၊ ပဲငံပြာရည်၊ ရေ စားပွဲတင်ဇွန်း ၅ ဇွန်း၊ ဂျင်း၊ ကြက်သွန်ဖြူ၊ Rice Wine Vinegar၊ နှမ်းဆီနဲ့ ငရုပ်ကောင်းမှုန့်တို့ကို အိုးတလုံးထဲ ရောပြီး ပူလာတဲ့အထိ နှံ့အောင်မွှေပေးပါ။
ပူလာပြီဆိုရင် Tapioca Starch (ပီလောပီနံ အမှုန့်) နဲ့ ရေ လက်ဖက်ရည်ဇွန်း ၃ ဇွန်းကို ထည့်ထပ်ပြီး နှံ့အောင်ထပ်မွှေပါ။ ၅ မိနစ်လောက် ကြာလာရင် အိုးကို ချထားလိုက်ပါ။
ပဲပြားကို တခါးစား အတုံးလေးတွေတုံး၊ ဒယ်အိုးထဲထည့်ပြီး ၁၂ မိနစ်လောက် ပေါင်းပါ။
အားလုံးပြီးပြီဆိုရင် ပေါင်းထားတဲ့ ပဲပြားတုံးပေါ်ကို ချက်ထားတဲ့ အချိုရည် လောင်းထည့်ပြီး ထမင်းနဲ့ တွဲစားနိုင်ပါတယ်။ အသီးအရွက်တွေ ကြိုက်တယ်ဆိုရင် ကိုယ်ကြိုက်နှစ်သက်ရာ အရွက်တွေကို ရေနွေးဖျောပြီး ပဲပြားနဲ့အတူ ရောစား နိုင်ပါတယ်။
မှတ်ချက်။ ။ ဟင်းချက်နည်း အချိုးအစားများမှာ လူဦးရေ ၆ ယောက်ကနေ ၈ ယောက်အထိ တည့်ခင်း စားသုံး နိုင်ပါတယ်။
Ref: Fitness Magazine