Android ဖုန်းထဲကနေ မထင်မှတ်ပဲဖျက်လိုက်မိတဲ့ Call Log , Sms, Photo, Video စတဲ့ ဒေတာတွေကို ပြန်လည် ရယူဖို့ အကောင်းဆုံး Apk ၃ ခုက “Mobisaver”, “SMS & Call Log Backup” နဲ့ “Recycle Bin” တို့ ဖြစ်ပါတယ်။
မိမိဖုန်းနဲ့ အဆင်ပြေ ကိုက်ညီနိုင်မယ့် Apk ကို ရွေးချယ်ပြီး Apk ၃ ခုလုံးကို Play Store မှာပဲ အလွယ်တကူ ဒေါင်းလုတ် လုပ် ရယူနိုင်ပါတယ်။ PC နဲ့ တွဲဖက်ပြီး လုပ်တာက ပိုမိုလွယ်ကူနိုင်ပြီး မိမိဖုန်းထဲကနေပဲ လုပ်မယ် ဆိုရင်တော့ ဘယ် apk ကို အသုံးပြုပြု ၊ ဖုန်းကို Root ဖောက်ထားဖို့ လိုအပ်ပါတယ်။
Mobisaver ကို အသုံးပြုမယ်ဆိုရင် မိမိကြိုက်နှစ်သက်ရာ အချိန်ကို သတ်မှတ်နိုင်ပြီး အဲဒီအချိန်အတွင်း ကိုယ်မှားပြီး ဖျက်လိုက်မိတဲ့ ဒေတာတွေကို ပြန်လည် ရယူနိုင်မှာပါ။
အခုလို ဖျက်ပြီးသား ဒေတာတွေကို ပြန်လည် ရယူတဲ့အခါ ဓာတ်ပုံ အများစုက နဂိုပုံ အရည်အသွေးအတိုင်း ပြန်မရတော့ဘဲ ဖြစ်တတ်ပါတယ်။ Mobisaver က အဲသလို ဖြစ်တာကို အတတ်နိုင်ဆုံး ကာကွယ်ပေးထားပြီး ပြန်လည် ရယူလိုတဲ့ ဒေတာတွေ အားလုံးကို နဂိုအရည်အသွေး အတိုင်း ဖြစ်စေတာ တွေ့ရပါတယ်။
SMS & Call Log Backup က မှားဖျက်လိုက်မိတဲ့ Call Log နဲ့ Sms တွေကို ရိုးရှင်းစွာ ပြန်လည် ရယူနိုင်တဲ့ Apk ဖြစ်ပါတယ်။ Recycle Bin က Mobisaver နဲ့ ဆင်တူပြီး အသုံးပြုပုံတော့ ပိုမို ရိုရှင်းတာကို တွေ့ရပါတယ်။
အကယ်၍ Call Log တွေပဲ ပြန်လည် ရယူချင်တာ ဆိုရင်တော့ သက်ဆိုင်ရာ အော်ပရေတာတွေရဲ့ Call center တွေကို ဆက်သွယ် အကူညီတောင်ပြီး ပြန်လည် ရယူနိုင်ပါတယ်။