• English
Sunday, July 13, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle

ကိုယ်ထည်ကြီးကြီး မော်ဒယ်နဲ့ ဇိမ်ခံ စီးချင်သူများ အတွက် 2018 Kawasaki Concours

by လင်းထက် (IA)
10 February 2018
in Lifestyle
A A
ကိုယ်ထည်ကြီးကြီး မော်ဒယ်နဲ့ ဇိမ်ခံ စီးချင်သူများ အတွက် 2018 Kawasaki Concours
11.8k
VIEWS
Share on FacebookShare on Twitter

Kawaski ရဲ့ ၂၀၁၈ ခုနှစ်ထုတ် Concours မော်ဒယ်က Sport ပုံစံ ချိုးဆစ်ထားပါတယ်။ ဒီဇိုင်းလည်း ကြည့်ကောင်း ပါတယ်။ နှစ်ယောက်စီး မော်ဒယ် ဖြစ်ပြီး ခရီးဝေး မောင်းနှင်မှုနဲ့ အလှစီးသမားတွေပါ စိတ်ကြိုက်ဖြစ်မယ့် မော်ဒယ်ပါ။ ဒါပေမယ့် သူ့မှာ ပြည်တွင်းက ဆိုင်ကယ်သမားတိုင်းနဲ့ အဆင် မပြေမယ့် အချက် တချက် ရှိပါတယ်။ အဲဒါကတော့ ကိုယ်ထည်ပိုင်း ကြီးမားလွန်းနေတာပဲ ဖြစ်ပါတယ်။ လူကောင် ကြီးကြီးနဲ့ ခန့်ခန့်ညားညား စီးချင်သူတွေ အတွက်ကတော့ စိတ်ကြိုက် ဖြစ်မှာပါ။

ဆိုင်ကယ် မော်ဒယ်က အင်ဂျင်ပိုင်းမှာ လေးလုံးထိုး အင်ဂျင်အရွယ်ကို တပ်ဆင်ထားတာပါ။ ၁ ဒသမ ၃၅ လီတာသုံး အင်ဂျင်ပါ။ ဒါက လက်ရှိ ပြည်တွင်းမှာ လူကြိုက်များနေတဲ့ တန်ဖိုးသင့် အိမ်စီးကားတွေရဲ့ အင်ဂျင် အရွယ်လောက် ရှိပါတယ်။ Four-Stroke အင်ဂျင်စနစ် ဖြစ်ပြီး အင်ဂျင် အသံထွက် အထူး တည်ငြိမ်တာ တွေ့ရပါတယ်။ ဆီထိုးသွင်း စနစ်က DOHC ပါ။ အင်ဂျင် အအေးခံ စနစ် အတွက် ရေတိုင်ကီပုံစံ ပါရှိပြီး Coolant နဲ့ သွားပါတယ်။

RelatedPosts

မိုးကုတ်မြို့

မိုးကုတ်မြို့

13 July 2025
100
အီလွန်မတ်စ် တက်စ်လာ ရဲ့ Robotaxi တွေကို ဆန်ဖရန်စစ္စကိုမှာ ၂ လ အတွင်း ဖြန့်မယ်တဲ့

အီလွန်မတ်စ် တက်စ်လာ ရဲ့ Robotaxi တွေကို ဆန်ဖရန်စစ္စကိုမှာ ၂ လ အတွင်း ဖြန့်မယ်တဲ့

12 July 2025
202
မော်စီတုန်း (၂)

မော်စီတုန်း (၂)

12 July 2025
646

အင်ဂျင် ပေါက်ကွဲစနစ် အတွက် လျှစ်စစ်နဲ့ ထိန်းချုပ်တဲ့ TCBI စနစ်ကို တပ်ဆင်ထားပါတယ်။ ဒီစနစ်က အင်ဂျင် လည်ပတ်အား များများနဲ့ မြန်နှုန်းမြင့် မောင်းနှင်နေချိန်မှာ အင်ဂျင်အတွင်းခန်း ပေါက်ကွဲမှုကို အကောင်းဆုံး ထိန်းပေး နိုင်မယ့် စနစ်ပါ။ ဂီယာပိုင်းကတော့ ၆ ချက် ဖြစ်ပါတယ်။ Manual နဲ့ သွားပါတယ်။ မော်ဒယ်က တစောင်း မောင်းနှင်နိုင်မှု အနေအထား အများဆုံး ၂၆ ဒီဂရီထိအောင် တိမ်းစောင်း မောင်းနှင်နိုင်မှာ ပါ။

Suspension ပိုင်းမှာ ရှေ့ဘက်က ၄၃ မီလီအရွယ် Telescopic Fork ကို ထိုင်ထားပါတယ်။ သူက အနိမ့်၊ အမြင့် ချိန်ညှိနိုင်သေးတဲ့ အရှင် ပုံစံပါ။ ဘီးကင်းလွတ်အကျယ် ၄ ဒသမ ၄ လက်မ ရှိပါတယ်။ နောက်ဘက် စနစ်ကတော့ Tetra-Lever စနစ်ကို ထိုင်ထားပြီး သူလည်း ချိန်ညှိနိုင်ဖို့ အရှင် ဖြစ်ပါတယ်။ ဘီးရဲ့ ကင်းလွတ် အကျယ် ၅ ဒသမ ၄ လက်မ ရှိပါတယ်။

ဘီးတွေကတော့ အရွယ်တူတွေပဲ တပ်ဆင်ထားတာ ဖြစ်ပြီး ၁၇ လက်မ အရွယ်ပါ။ ရှေ့တာယာကတော့ 120/70 ZR တွေ ဖြစ်ပြီး နောက်တာယာက 190/50 ZR ဖြစ်ပါတယ်။ ဘရိတ် အနေနဲ့ ပုံမှန် အတိုင်း ရှေ့ပိုင်းကို အရွယ် ပိုကြီးအောင် ထည့် ထားပြီး ၃၁၀ မီလီအရွယ် Rotor ကို ထိုင်ထားပါတယ်။

ABS စနစ်နဲ့ ဖြစ်ပြီး ထိုးပြွန် ၄ ခုနဲ့ ဖိအားပေး ဖမ်းယူနိုင်မယ့် စနစ်ပါ။ နောက်ဘရိတ်ကတော့ ၂၇၀ မီလီအရွယ်ပဲ ရှိပါတယ်။ သူက ထိုးပြွန် တခုတည်းနဲ့ ဖမ်းထိန်းပါတယ်။ ဒါပေမယ့် နောက်ဘီးရဲ့ အနေအထား တည်ငြိမ်မှုက ဘရိတ်ပိုင်း စမ်းသပ်ချက်မှာ ရှေ့ဘီးရဲ့ စွမ်းဆောင်ရည်ထက် ပိုကောင်းတာ တွေ့ရပါတယ်။

ကိုယ်ထည်ဘောင်က Monocoque ဆိုတဲ့ တဆက်တည်း အထိုင်ဘောင် စနစ်ပါ၊ ဘောင်သားကို အလူမီနီယံနဲ့ ပုံသွင်းထားပါတယ်။ ဆိုင်ကယ်က တစီးလုံး အလျားတင် ၈၇ ဒသမ ၈ လက်မ ရှည်ပါတယ်။ မျက်နှာစာ အကျယ်ဆုံး လက်ကိုင် အဖျား နှစ်ဖက်က ၃၁ ဒသမ ၁ လက်မ ဖြစ်ပေမယ့် နောက်ဘက် ပစ္စည်းအိတ်တွေရဲ့ အကျယ်ပါ ယူမယ် ဆိုရင် ၃၉ ဒသမ ၄ လက်မထိ မျက်နှာစာ ရှိသွားမှာပါ။ မြေပြင်ကနေ ၄ ဒသမ ၉ လက်မပဲ လွတ်လို့ လမ်းကြမ်းစစ်စစ် မောင်းနှင်ဖို့ အားနည်းပါလိမ့်မယ်။ ထိုင်ခုံကတော့ မြေပြင်ကနေ ၃၂ ဒသမ ၁ လက်မ အမြင့်မှာ ရှိပါတယ်။ ဆီမဖြည့်ရသေးချိန်မှာ တောင် မော်ဒယ်က ပေါင် ၆၉၀ လောက် လေးပါတယ်။

တပ်ဆင်ထားတဲ့ ဆီတိုင်ကီကတော့ ၅ ဒသမ ၈ ဂါလံထိ ဆံ့တဲ့ အရွယ်ဖြစ်ပါတယ်။ အကြီးစား ဆီတိုင်ကီပါပဲ။ ဒါကလည်း မော်ဒယ်ကို ခရီးဝေး မောင်းနှင်ဖို့ ထုတ်လုပ်ထားလို့ပါ။ ဆီစားနှုန်းကတော့ ပျမ်းမျှ တဂါလံကို ၃၅ မိုင် ဝန်းကျင် မောင်းနှင် နိုင်ဖို့ ရှိပါတယ်။ အရောင် အနေနဲ့ ၂ ရောင်ပဲ ထုတ်လုပ်တာ တွေ့ရပြီး စိတ်ကြိုက် မဖြစ်ရင်တော့ ကိုယ့်လက်ထဲ ရောက်မှ ပြန်ပြောင်း ရပါလိမ့်မယ်။

ရရှိနိုင်မယ့် အရောင်တွေက သတ္တုစပ် မီးခိုးရောင်နဲ့ အနက်ပြောင်တွေ အဖြစ် ရနိုင်မှာပါ။ Kawasaki ကတော့ မော်ဒယ်ကို ၃ နှစ်ထိအောင် ပေးထားပြီး ရောင်းချနေတာ တွေ့ရသလို ဈေးနှုန်း အနေနဲ့တော့ ဒေါ်လာ ၁၈၅၉၉ ထိအောင် ရှိနေလို့ မြန်မာငွေ သိန်း၂၀၀ ကျော်လောက် တန်ဖိုးရှိတဲ့ ကိုယ်ထည် အကြီးစား ဇိမ်ခံ မော်ဒယ်စစ်စစ် ဖြစ်ပါတယ်။

Ref: www.totalmotorcycle.com

Your Thoughts …
Tags: Kawaski 2018 Concours
လင်းထက် (IA)

လင်းထက် (IA)

Similar Picks:

No Content Available
Next Post
ရည်းစားဟောင်းတွေအကြောင်း လက်ရှိချစ်သူကို ပြောသင့်ရဲ့လား

ရည်းစားဟောင်းတွေအကြောင်း လက်ရှိချစ်သူကို ပြောသင့်ရဲ့လား

တပ်မတော်မှ ဒု ဗိုလ်ချုပ်ကြီး အေးဝင်း ဦးဆောင်ကာ အင်းဒင်ရွာသို့ သွားရောက်ကာ စုံစမ်းစစ်ဆေးမှု ပြုလုပ်ခဲ့ / တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး

အင်းဒင်ရွာ ဖြစ်စဉ်ကြောင့် လုံခြုံရေးအရာရှိတချို့ကို အချုပ်ချထားကြောင်း သမ္မတရုံးပြော

No Result
View All Result

Recommended

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

6 days ago
3.6k
NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

2 days ago
3.5k

Most Read

  • အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

    shares
    Share 0 Tweet 0
  • NUG ဘာတွေပြင်သင့်သလဲ

    shares
    Share 0 Tweet 0
  • မော်စီတုန်း (၂)

    shares
    Share 0 Tweet 0
  • စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate