Wanna One အဖွဲ့ရဲ့ Main Dancer “ဂန်ဒယ်နီရယ်” (Kang Daniel) ကို ဖေဖော်ဝါရီလ ၈ ရက်နေ့က ပရိသတ် တယောက် ဆေးရုံမှာ တွေ့လိုက်ရာက သူ့ကျန်းမာရေး အခြေအနေကို စိုးရိမ်သံတွေ ထွက်လာခဲ့ပါတယ်။
ဂန်ဒယ်နီရယ်တယောက် နမ်ယမ်ဂျူ (Namyangju) က ဆေးရုံမှာ အရိုးဆရာဝန်နဲ့ ပြနေတဲ့အကြောင်း သတင်းကို ပရိသတ်အချို့ Social Network ပေါ် တင်ခဲ့ရာကနေ Wanna One ပရိသတ်တွေ ဒယ်နီရယ်တယောက် ဒဏ်ရာ အပြင်းအထန် ရသွားလားဆိုပြီး စိုးရိမ်ခဲ့ကြတာပါ။
YMC Entertainment ရဲ့ ထုတ်ပြန်ချက်မှာတော့ ဂန်ဒန်နီရယ်က ခြေထောက်လှုပ်ရှားမှု များတဲ့အခါ သက်သောင့်သက်သာ မရှိဘဲ နာနေလို့ အနီးဆုံးက ဆေးရုံမှာ ကုသမှုခံယူခဲ့တာလို့ ဖော်ပြထားပါတယ်။ ဒါပေမယ့် ဆေးသောက်ရတဲ့အထိ ပြင်းထန်တာမျိုး မဟုတ်ဘဲ ဒီအတိုင်း ဆက်ဖြစ်နေရင် နောက်ပိုင်း ဒဏ်ဖြစ်သွားမှာစိုးရိမ်လို့ ဆေးရုံမှာ ကိုယ်လက်လေ့ကျင့်ခန်း ကုထုံးတွေ ခံယူခဲ့တာပါလို့ ဆိုပါတယ်။
ဂန်ဒန်နီရယ်ရဲ့ ဒဏ်ရာပြဿနာကို ပရိသတ်တွေ စိုးရိမ်ခဲ့ကြတာ ဒါဟာ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ သြဂုတ်လ တုန်းကလည်း လက်ချောင်း ဒဏ်ရာရခဲ့ဖူးလို့ အခုတခါ နောက်ထပ်အနာတရ ထပ်ဖြစ်မှာကို စိုးရိမ်နေကြတာပါ။ ဂန်ဒန်နီရယ်ဟာ MBC ရုပ်သံလွှင့်ဌာနက ထုတ်လွှင့်မယ့် “Insolent Housemates” အစီအစဉ်ကိုလည်း ရိုက်ကူး ထားတယ်လို့ သိရပါတယ်။
Wanna One အဖွဲ့ဟာ လောလောဆယ်မှာ သီချင်းအသစ်တွေနဲ့အတူ ပရိသတ်ကို ပြန်လည် ဖျော်ဖြေဖို့အတွက် ပြင်ဆင်နေပြီး MTV လည်း ရိုက်ကူး ပြီးစီးသွားပြီလို့ သိရပါတယ်။ “မတ်လထဲမှာ ပရိသတ်ရှေ့မှောက်ကို သီချင်း အသစ်တွေနဲ့အတူ ပြန်လာတော့မှာပါ”လို့ အစောပိုင်းမှာ အေဂျင်စီက သတင်းပေးထားပါတယ်။
နောက်ထပ်လည်း Wanna One အဖွဲ့ဝင် ၁၁ ယောက်လုံးကို ပရိသတ်ကြည့်ရှုနှုန်းမြင့် “Asking Us Anything” အစီအစဉ်မှာ ရိုက်ကူး တင်ဆက်သွားဖို့ရှိပြီး ဘယ်နေ့မှာ ရိုက်ကူးမယ ်ဆိုတာကိုတော့ အတည်မပြုရသေးပါဘူး။ “Asking Us Anything” အစီအစဉ်ကို JTBC ရုပ်သံလိုင်းကနေ အပတ်စဉ် ထုတ်လွှင့် ပြသနေတာဖြစ်ပြီး နာမည်ကျော် Idol Groups တွေ ဧည့်သည်အဖြစ် ပါဝင်တင်ဆက်နေတာကြောင့် ပရိသတ်ကြိုက်နှစ်သက်တဲ့ အစီအစဉ်လည်းဖြစ်ပါတယ်။
Ref: Soompi