မိန်းကလေးဆန်ပြီး ပန်းရောင်ကြိုက်နှစ်သက်တွေ သဘောကျမယ့် ကော်ဖီဆိုင်လှလှလေးတခု ဂျပန်နိုင်ငံ၊ အိုဆာကာမြို့မှာ ဖွင့်လှစ်လိုက်ပါတယ်။
ဓာတ်ဖမ်းလို့လည်းကောင်း၊ အပြင်အဆင်လေးကလည်း ချစ်စရာကောင်းနေတာကြောင့် မိန်းကလေး အများစု သဘာကျနေကြပါတယ်။ ဒီကော်ဖီဆိုင်လေးက ဂျပန်မှာတင်မကဘဲ အခြားနိုင်ငံတွေရဲ့ လူမှုကွန်ရက် စာမျက်နှာတွေမှာပါ လူပြောများနေတာကြောင့် စာဖတ်ပရိသတ်များ သိအောင် ဖော်ပြပေးလိုက်ပါတယ်။
“ECONECO Café&Sweet” ဟာ ECONECO ကနေ ပထမဦးဆုံးဖွင့်လှစ်လိုက်တဲ့ ကော်ဖီဆိုင်ပဲ ဖြစ်ပါတယ်။ ECONECO က ဂျပန်မှာဆိုရင် ချစ်စရာကောင်းတဲ့ ရောင်စုံစာအုပ်တွေ၊ cheek blush နဲ့အရုပ်တွေ ဖြန့်ဖြူးရောင်းချနေတဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။
ECONECO Café&Sweet ဟာ နာမည်ကြီး illlustrator တစ်ယောက်ကနေ သူမတူတဲ့ ဒီဇိုင်းနဲ့ဖန်တီး ထားတာလို့ သိရပါတယ်။ ကော်ဖီဆိုင်ကေ အထပ်၂ ထပ်ပါပြီး ဘယ်လိုမျိုးပုံစံလဲဆိုတာ ဆက်ကြည့် ရအောင်နော်။
ECONECO က ဝက်ဝံရုပ်လေးတွေက အောက်ထပ်မှာရှိပါတယ်။
နံရံပေါ်က အသဲပုံလေးတွေနဲ့ အလှဆင်ထားတာက အတော်လေးချစ်ဖို့ကောင်းနေပါတယ်။ သူကလဲ အောက်ထပ်မှာပဲရှိတာပါတဲ့။
နီယွန်မီးသီးလေးတွေနဲ့ ဒီဇိုင်းဆင်ထားတာလေးကလဲ တမျိုးလေးနော်။
နီယွန်ရောင်နဲ့ ယူနီကွန်းလေးကလဲ အောက်ထပ်မှာပါ။
ဒါကတော့ ချစ်စရာအရုပ်ကတ်လေးတွေနဲ့ ဆယ်လ်ဖီရိုက်ချင်သူတွေအတွက်ပါ။
ဆိုင်အထဲတင်မဟုတ်ဘူး အပြင်မှာပါဘယ်လိုလေးအလှဆင်ထားလဲကြည့်ပေတော့။
ဒီဇိုင်းတင်ပဲ လှတာ မဟုတ်ဘူးနော်။ အရသာကလည်း ရှယ်ပဲတဲ့။ ကော်ဖီနဲ့ လက်ဖက်ရည်တွေ ရတဲ့အပြင် ရေခဲမုန့်စတဲ့ အချိုပွဲတွေလည်း အစုံရှိပါတယ်။ ကော်ဖီအတွက် အီတလီ Brand ဖြစ်တဲ့ illy ကော်ဖီ အမျိုးအစား သုံးထားပါတယ်။ ကော်ဖီကောင်းကောင်း ကြိုက်သူတွေအတွက် ကွက်တိပါပဲ။
ဆိုင်ဖွင့်ချိန်က ကြာသပတေးနေ့ကလွဲရင် နံနက်၁၁နာရီကနေ ည ၈ နာရီအထိပါတဲ့။
ကဲ ပရိသတ်ကြီးရေ ဂျပန်ကိုသွားလည်ဖြစ်ရင် ဒီနေရာလေးကို သွားလည်ဖြစ်အောင်သွားပါလို့ အကြံပြုပါရစေ။
ECONECO Café&Sweet Facebook Page
ဆိုင်လိပ်စာ – ECONECO Café&Sweet
1/F B1 SHinsaibashi Dai 3 NSD building,
3-6-18 Minamifunaba, chuo ward, Osaka city, Osaka , Japan.