ဒီနေ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ “တရုတ်နှစ်ကူး”မှာ မိသားစုတွေနဲ့ မုန့်ထွက်စားဖို့ပဲဖြစ်ဖြစ်၊ သောကြာနေ့ ဆိုတော့ ဝန်ထမ်းတွေ TGIF လုပ်ဖို့ပဲဖြစ်ဖြစ် Hang Out လုပ်လို့ကောင်းတဲ့ နေရာလေးတခု ရန်ကုန်မှာ ရှိနေပြီနော်။ ဒါကြောင့် မသိရသေးတဲ့ စာဖတ်ပရိသတ်တွေ သိရှိစေဖို့ မျှဝေရေးသားလိုက်ပါတယ်။
မုန့်ဈေးတန်း၊ ကော်ဖီဆိုင်တွေအပြင် လက်ဆောင်နဲ့ အဝတ်အစားတွေ၊ Fitness Centre ပါ တနေရာ တည်းမှာ တစုတစည်းတည်း တွေ့ရမယ့် နေရာလေးက ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်၊ ၄၇ လမ်းနဲ့ ၄၈ လမ်းကြား၊ မဟာဗန္ဓုလလမ်းမပေါ်မှာ ရှိတဲ့ “Urban Asia Centre” ပါ။
အရင်ဆုံး နှစ်ကူးမှာ မိသားစုတွေနဲ့ မုန့်ထွက်စားဖို့အတွက် “Jin Hotpot, 800 bowls Chinese Restaurant, Savory, Havo Mao Pot, Imperial Garden” စတဲ့ စားသောက်ဆိုင်တွေ အစုံရှိပါတယ်။ တရုတ်လူမျိုးတွေ အတွက် နှစ်ကူးဆိုတာ မိသားစုတွေ၊ ဝေးကွာနေတဲ့သူတွေ အတူတကွ ပြန်ဆုံစည်းတဲ့နေ့ ဖြစ်တာကြောင့် မိသားစုတွေ ဆိုင်ကောင်းကောင်းမှာ အရသာရှိရှိ စားချင်ရင် ဒီလိုနေရာလေးတွေကလည်း မဆိုးလှပါဘူး။
TGIF လုပ်မယ့်သူတွေအတွက်ကတော့ “7th Joint Bar&Grill, Pirate Bar, Urban Village MM” ဆိုတဲ့ ဆိုင်တွေမှာ အေးအေးဆေးဆေး ထိုင်နိုင်ပါတယ်။ ကော်ဖီ၊ လက်ဖက်ရည် ကြိုက်သူတွေ အတွက်လည်း “Café Salween, Teapresson, Cha Thai” ဆိုတဲ့ ဆိုင်တွေ အစုံအလင် ရှိပါတယ်။
“Shopping ထွက်ချင်ပါတယ်” ဆိုတဲ့ အမျိုးသမီးတွေအတွက် ဂျပန်အထည်ဆိုင်၊ ကိုရီးယားအထည်ဆိုင်၊ ပိုးထည်ချည်ထည် ဆိုင်တွေအပြင် “Judith, Unicorn shop, Japaclo, MGOU” စတဲ့ဆိုင်တွေ အစုံအလင် ရှိပါတယ်။ ဒါ့အပြင် Nail Spa နဲ့ ဘိလိယက် ကစားချင်သူတွေအတွက်လည်း ဆိုင်တွေ အစုံတွေ့ရမှာပါ။
တရုတ် စားသောက်ဆိုင်တွေအပြင် “Xian’s ဆိုတဲ့ ရှမ်းရိုးရာ စားသောက်ဆိုင်”၊ “မမလေး မုန့်ဟင်းခါး”၊ “Hoho တော့ပိုကီ၊ Satay၊ Donar Kabab” စတဲ့စားသောက်ဆိုင်တွေ တန်းစီပြီး တွေ့ရမှာပဲ ဖြစ်ပါတယ်။ ဘန်ကောက်က Street Food အရသာ စားချင်သူတွေအတွက် Centre ရဲ့ ဘေးဘက်ခြမ်းမှာ ခုံလေးတွေ တန်းစီ ခင်းထားတဲ့ စားသောက်ဆိုင်မှာ ဝင်စားနိုင်ပါတယ်။
လေကလဲ တဖြူးဖြူးနဲ့မို့ စိတ်ဖိစီးနေတဲ့သူတွေ၊ သူငယ်ချင်းတွေနဲ့ စကားအေးဆေးပြောချင်တဲ့သူတွေ စိတ်ကြိုက် တွေ့မယ့် နေရာလေးတခုပါ။ ကဲ ဒီလောက်ဆိုရင် “Urban Asia Centre” အကြောင်းကို အကြမ်းဖျင်းသိပြီမို့ မသွားရသေးရင် သွားကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။