Lifestyle

လက်အခြောက်ခံစက်က ပိုးမွှားတွေကို ရာနှုန်းပြည့် သန့်စင်ပေးနိုင်သလား

သင်ဟာ အိမ်သာက ပြန်ထွက်လာရင် လက်ဆေးပြီးတာနဲ့ လက်အခြောက်ခံစက်နဲ့ အခြောက်ခံလေ့ရှိသူလား။ အခုနောက်ပိုင်း အိမ်သာတွေမှာ အခြောက်ခံစက်တွေ အသုံးများလာတာနဲ့ လက်ဆေးပြီးပြီဆို အလွယ်တကူ အခြောက်ခံ ကြပါတယ်။ သုတေသန စစ်တမ်းတွေအရ အခြောက်ခံစက်မှာ ခိုအောင်းနေတဲ့ ပိုးမွှားအရေအတွက်ဟာ လက်သုတ်ပုဝါက ပိုးမွှား အရေအတွက်ထက် ပိုများနေတာကို ရှာတွေ့ခဲ့ကြပါတယ်။

စစ်တမ်းတွေအရ အခြောက်ခံစက်မှာ ခိုအောင်းနေတဲ့ ပိုးမွှားအရေအတွက်က ပိုများပါတယ်

စမ်းသပ်ချက် တခုမှာ အခြောက်ခံစက်ထဲက Plate ပြားတွေကို ထုတ်ပြီး ၄၈ နာရီကြာ စမ်းသပ်ကြည့်တဲ့အခါ လူကို အန္တရာယ်ပေးနိုင်တဲ့ ခိုးအောင်းနေတဲ့ ပိုးမွှား အမျိုးအစား အများအပြားကို ရှာတွေ့ခဲ့ကြပါတယ်။ ဒါ့အပြင် အခြောက်ခံနေစဉ် စက်ထဲကနေ ထွက်လာတဲ့ လေထဲ ဘက်တီးရီယားမျိုးစုံနဲ့ မှိုတွေ တွယ်ကပ်ပါလာတာကို တွေ့ရှိခဲ့ကြပါတယ်။

စစ်တမ်းတွေအရ အခြောက်ခံစက်မှာ ခိုအောင်းနေတဲ့ ပိုးမွှားအရေအတွက်က ပိုများပါတယ်

၂၀၁၆ ခုနှစ်က စမ်းသပ်ချက် တခုမှာ လက်အခြောက်ခံစက်ကနေ ထုတ်လွှတ်လိုက်တဲ့ ဘက်တီးရီးယား ပိုးမွှားတွေက ၃ မီတာ ပတ်လည်လောက်အထိ ရှိနေတတ်ပါတယ်။ ဒါဟာ အားလုံးအတွက် အံ့သြသင့်စရာ ရလဒ် တခုပါပဲ။ စိတ်ချ လက်ချနဲ့ သုံးနေကြတဲ့ အခြောက်ခံစက်ကနေ ပိုးမွှားတွေ ပျှမ်းမျှ  ၇၅ စင်တီမီတာ လောက်ထိ လေထဲ ပြန့်နှံ့သွားတာကို ဖော်ပြနေပါတယ်။ လက်သုတ်ပုဝါနဲ့ ဆိုရင် ပျှမ်းမျှ ၂၅ စင်တီမီတာလောက်ပဲ ပြန့်နှံ့ပါတယ်။

ဒါဟာ စာရေးသူတို့ အိမ်သာအသုံးပြုပြီး လက်ဆေးတိုင်း လက်အခြောက်ခံစက်ကို မသုံးတာတောင် ပတ်ပတ်လည်မှာ ပြန့်နှံ့နေတဲ့ အန္တရာယ်များတဲ့ ဘက်တီးရီးယားတွေက ကပ်ငြိနေတယ်ဆိုတဲ့ သဘောပါ။ နှစ်စဉ် တုပ်ကွေးလို ရာသီလိုက် ကူးစက်ရောဂါတွေ အလွယ်တကူ  ပြန့်နှံ့နေတာ အထူးအဆန်းတော့ မဟုတ်တော့ပါဘူး။

စစ်တမ်းတွေအရ အခြောက်ခံစက်မှာ ခိုအောင်းနေတဲ့ ပိုးမွှားအရေအတွက်က ပိုများပါတယ်

ရုံးမှာ အဲကွန်း အလုံပိတ်အခန်းနဲ့ အလုပ်လုပ်နေတဲ့ သူတွေမှာလည်း တယောက် နေမကောင်းတာနဲ့ ကိုယ်ခံအားစနစ် မကောင်းတဲ့သူတွေဆို ရောဂါကူးစက် မြန်ပါတယ်။ ကိုယ်ခံအားစနစ် ကောင်းစေမယ့် အချဉ်ဓာတ်များတဲ့ အသီးအနှံတွေ ငရုပ်ပွ၊ ပန်းဂေါ်ဖီစိမ်း၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ဗာဒံစေ့၊ ဆနွင်း၊ ဒိန်ချဉ်၊ သင်္ဘောသီး၊ ကီဝီနဲ့ နေကြာစေ့ များများစားပေးပါလို့ အကြံပြုချင်ပါတယ်။

Ref: Emma Deangela

Loading