သင့်ကျန်းမာရေးအတွက် နွေရာသီမှာ ပြုလုပ်သင့်တဲ့ အချက် ၅ ချက်
ပူပြင်းလှတဲ့ နွေရာသီအချိန်ခါက တဖြည်းဖြည်းနဲ့ အစချီ လာပါပြီ။ တနှစ်ထက် တနှစ် ပိုပိုပြီး ပူပြင်းလာတဲ့ နွေရာသီမှာ သင့်ကျန်းမာရေးအတွက် စားနေကျ အစားအသောက်ပုံစံနဲ့ နေထိုင်မှုပုံစံကို ပြောင်းလဲဖို့ လိုတယ်လို့ အာဟာရ ပညာရှင်တွေက သုံးသပ်ပြောဆို ထားပါတယ်။
အာဟာရပညာရှင်တွေ အကြံပြုထားတဲ့ သင့်ကျန်းမာရေးအတွက် နွေရာသီမှာ ပြုလုပ်သင့်တဲ့ အချက် ၅ ချက်ကို ရေးသားဖော်ပြ လိုက်ပါတယ်။
(၁) သင့်ကျန်းမာရေးအတွက် နွေရာသီမှာ ပြုလုပ်သင့်တဲ့အရေးကြီး ဆုံးအချက်ကတော့ ခန္ဓာကိုယ်ကို ရေဓာတ် ပြည့်ဝ နေစေဖို့ပါပဲ။ နွေရာသီမှာ ခန္ဓာကိုယ်ရဲ့ဆားဓာတ် ဆုံးရှုံးမှုဟာ မြင့်မားလှတဲ့အတွက် ရေကို ပုံမှန်ထက် ပိုမိုသောက်သုံး သင့်ပါတယ်။
(၂) နောက်ထပ် အလွယ်ကူဆုံး နည်းလမ်းကတော့ အပြင် မထွက်ဘဲ အိမ်မှာ နေခြင်းပါပဲ။ အပြင်ထွက်ဖို့ လိုတဲ့အခါမှာလည်း UV (Ultraviolet) Ray (ခရမ်းလွန်ရောင်ခြည်) ကာကွယ်ဖို့အတွက် အဝတ်အစားကို လုံခြုံစွာ ဝတ်ဖို့နဲ့ နေကာမျက်မှန်၊ ထီး၊ ဦးထုပ် စတာတွေကို မဖြစ်မနေ အသုံးပြုဖို့ လိုအပ်ပါတယ်။
(၃) နွေရာသီမှာ အဝတ်အစား ဝတ်တဲ့အခါ သတိပြုရမှာက အရောင် အရင့်တွေထက် အရောင်ဖျော့တွေကို ရွေးချယ် ဝတ်ဆင်သင့်ပါတယ်။ နေပူထဲ ထွက်တဲ့အခါ အရောင်ရင့်တဲ့ အဝတ်အစားတွေ ဝတ်ဆင်ထားမယ်ဆိုရင် သင့်အရေပြားကို နေလောင်ပြီး ကျိန်းစပ်စပ် ဖြစ်စေနိုင်ပါတယ်။
(၄) နောက်ထပ် နည်းလမ်း တခုကတော့ စားနေကျ သရေစာ မုန့်တွေအစား သဘာဝ အသီးအနှံတွေ ပိုမိုစားသုံးပေးခြင်း အားဖြင့် ခန္ဓာကိုယ်ထဲမှာ လှည့်ပတ်နေတဲ့ သွေးတွေဟာ ရေဓာတ်ကို ပုံမှန်ထက် ပိုမိုစုပ်ယူနိုင်မှာ ဖြစ်ပါတယ်။
(၅) UV Ray ကိုကာကွယ်ဖို့ နောက်ထပ်အကောင်းဆုံး နည်းလမ်းတခုကတော့ Sunscreen အသုံးပြုခြင်းပဲ ဖြစ်ပါတယ်။ sunscreen ကို ၂ နာရီကြာတိုင်း တခါပြန်လည် အသုံးပြုဖို့ပေးဖို့ လိုအပ်ပါတယ်။
Ref ; healthxwellness.com