သခွားသီးဆို လူတိုင်းနီးပါး အကြိုက်တွေ့ကြမှာပါ။ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင်၊ သတ္တုဓာတ်တွေ အပြင် ရေဓာတ် အများဆုံးပါလို့ နွေရာသီ ပူတဲ့အချိန်မှာ လန်းဆန်းစေတာပေါ့။ ဗီတာမင် “ဘီ၊ စီ၊ အီး” အများအပြားပါတဲ့ သခွားသီးဟာ ကိုယ်အလေးချိန် လျော့ချဖို့အတွက်လည်း အကောင်းဆုံး ဖြည့်စွက်စာပါ။
ဒီလို အာဟာရဓာတ်တွေ ပါဝင်နေတဲ့ သခွားသီးကို အသုံးပြုပြီး တပတ်အတွင်း အလေးချိန် ၇ ကီလို ကျသွားစေမယ့် နည်းလမ်းတွေ ရှိနေပါတယ်။ တခြား ဝိတ်ချတဲ့ အစားအစာတွေနဲ့ မတူ အရသာ အရမ်းရှိတဲ့ သခွားသီးသုပ်နဲ့ ဖျော်ရည်က ဝိတ်ချတဲ့ အချိန်တောင် သင့်ကို ခံတွင်းလိုက်စေမှာပါ။
သခွားသီးနဲ့ ဝိတ်ချမယ့် အစီအစဉ်အရ မနက်စာကို ကြက်ဥပြုတ် ၂ လုံးနဲ့ သခွားသီးသုပ် စားပါ။ အဆာပြေ ထပ်စားချင်ရင် ပန်သီး (သို့မဟုတ်) ဆီးသီး၊ ဒါမှမဟုတ် မက်မွန်သီး စားလို့ ရပါတယ်။ နေ့လည်စာကိုတော့ သခွားသီးသုပ်နဲ့ တွဲပြီး ပေါင်မုန့်အညို မီးကင်စားပါ။ ညစာကိုတော့ အသီးအနှံမျိုးစုံ ရောပြီး သုပ်စားနိုင်သလို ဆန္ဒရှိရင် ကြက်ရင်ပုံသား အနည်းငယ် ထည့်စား နိုင်ပါတယ်။
သခွားသီးသုပ်ဖို့ လိုအပ်တဲ့ ဟင်းအမယ်တွေက –
– သခွားသီး ၄၀၀ ဂရမ် အရွယ်အစား တလုံး
– ကြက်သွန်နီ တလုံး
– ဒိန်ချဉ် ၂၀၀ မီလီဂရမ်
– နေလှန်းဆား အနည်းငယ် လိုအပ်ပါတယ်။
အားလုံးပြင်ဆင်ပြီးပြီဆိုရင် …
သခွားသီးနဲ့ ကြက်သွန်နီကို အတုံးလေးတုံးပြီး လှီးထားပါ။ လှီးထားတာတွေကို ပန်ကန်လုံးတလုံးထဲ ထည့်ပြီး အရသာအတွက် နေလှန်းဆား အနည်းငယ် ဖြူးလိုက်ပါ။ နောက်ဆုံးမှာ ဒိန်ချဉ်အနည်းငယ် ရောထည့်လိုက်မယ် ဆိုရင် အရသာလည်းရှိ၊ ရေဓာတ်လည်း ပြန်ဖြည့်ပေးနိုင်တဲ့ အကောင်းဆုံး သခွားသုပ်တပွဲ ရပါပြီ။
အဆာပြေကို အသီးအနှံတွေ မစားချင်လို့ အရည်ပဲ သောက်မယ်ဆိုရင်လည်း သခွားသီးဖျော်ရည် သောက်ကြည့်ပါ။ ပန်းသီးနဲ့ သခွားသီး တလုံးစီကို ဆတူရောပြီး ဒေါက်ခွရွက် အနည်းငယ်နဲ့ ဂျင်းတို့ပါရောလို့ မွှေစက်ထဲထည့်ကာ ကြေညက်သွားတဲ့ အထိ မွှေပေးပါ။ ပြီးရင်တော့ ဖန်ခွက်ထဲ ထည့်ပြီး သောက်လို့ရပါပြီ။
အထက်မှာ ရေးသားခဲ့တဲ့ အစားအသောက် အစီအစဉ်တွေအတိုင်း စားပြီး ဝိတ်ချမယ်ဆိုရင် တပတ်အတွင်း ၇ ကီလို ကျသွားနိုင်တယ်လို့ သိရပါတယ်။ ဒီတပတ်စာ အစီအစဉ်ကို သင်လိုချင်တဲ့ ကိုယ်အလေးချိန် မရောက်မချင်း စားနိုင်တယ် ဆိုပေမယ့် ဆက်တိုက် ဒီပုံစံပဲ စားနေမယ်ဆိုရင် ကျန်းမာရေးထိခိုက်နိုင်လို့ ဒီအစီအစဉ် ပြုလုပ်နေတဲ့ အချိန်ကာလထဲမှာ အာဟာရရှိမယ့် အစားအစာတွေကိုလည်း ရောပြီး စားပေးသင့်ပါတယ်။
Ref ; Infotainment