Bella Comestic ကုမ္ပဏီက ဧပြီလအတွင်း စီစဉ်ပြုလုပ်သွားမယ့် Bella Muic Festival မှာ ကမ္ဘာတဝန်းက ကြိုက်ကြပြီး “Zile.. Zile” (ဇီးလေး… ဇီးလေး) သီချင်းလို့ လူသိများတဲ့ “Panama” သီချင်းသီဆိုသူ၊ ကမ္ဘာကျော်အဆိုတော် Matteo မြန်မာနိုင်ငံသို့ လာရောက်ပြီး ရန်ကုန်မှာ ပြုလုပ်မယ့် ပွဲမှာ ပါဝင်သီဆို ဖျော်ဖြေသွားမယ်လို့ သိရပါတယ်။
“Zile.. Zile” (ဇီးလေး… ဇီးလေး) သီချင်းလို့ လူသိများတဲ့ “Panama” သီချင်း –
အဆိုပါ Bella Music Festival ဖျော်ဖြေပွဲကို ရန်ကုန်မြို့နဲ့ မန္တလေးမြို့များမှာ ကျင်းပပြုလုပ် သွားမှာဖြစ်ပြီး ရန်ကုန်မှာ ပြုလုပ်မယ့် ပွဲမှာ အဆိုတော် Matteo နဲ့အတူ မြန်မာနိုင်ငံမှ နိုင်ငံကျော် အဆိုတော်များ ဖြစ်ကြတဲ့ ဇော်ဝင်းထွဋ် ၊Bigbag ၊ Idiots ၊ဝေလ ၊ရဲရင့်အောင် ၊အောင်ထက် ၊ ဇွဲပြည့် ၊ဖြူဖြူကျော်သိန်း ၊ ဝိုင်းစုခိုင်းသိန်း ၊Project K ၊ DJ သော်သော် ၊ Emperor Music Band တို့ ပါဝင် ဖျော်ဖြေသွားမယ်လို့ သိရပါတယ်။
မန္တလေးမြို့မှာ ပြုလုပ်မယ့် ပွဲမှာတော့ နိုင်ငံကျော် အဆိုတော်များ ဖြစ်ကြတဲ့ Idiots ၊ဝေလ ၊ရဲရင့်အောင် ၊ လွှမ်းပိုင် ၊ရွှေထူး ၊ Oasix ၊Yzet ၊ X Box ၊ ဖြူဖြူကျော်သိန်း ၊ Bobby Soxer ၊ DJ သော်သော် ၊Runner Band တို့က ဖျော်ဖြေသွားမှာ ဖြစ်ပါတယ်။
“ဒီပွဲကို မနှစ်ကတည်းက လုပ်ဖို့အတွက် အစီအစဉ် ရှိပါတယ်။ မနှစ်ကကျတော့ ပွဲတွေ များသွားတဲ့အတွက် မလုပ်ဖြစ် လိုက်ပါဘူး။ အခု အခြေအနေပေးတဲ့အတွက် လုပ်ဖြစ်သွားတာပါ။ အပြင်မှာဆိုရင် ဒီလိုပွဲမျိုးကို လက်မှတ်က ၂ သောင်း၊ ၃ သောင်း ရှိပါတယ်။ အခုဆိုရင် မိတ်ကပ်လည်းရမယ်။ ဖျော်ဖြေပွဲလည်း ကြည့်ရအောင် စီစဉ်ပေးထားတာပါ” လို့ Bella Comestic ရဲ့တည်ထောင်သူ ဒေါ်ဝေသစ်လွင်က ပြောပါတယ်။
Bella Muic Festival ပွဲကို ရန်ကုန်မြို့ရှိ The One Entertainment Event Park မှာ ဧပြီလ ၁ရက်နေ့ နဲ့ မန္တလေးမြို့ မှာတော့ ဧပြီလ ၆ ရက်နေ့၊ Golden City Event Park တို့မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။
အဆိုပါ ဖျော်ဖြေပွဲကြီးကို Bella မှ Bella Comestic ကိုသုံးစွဲတဲ့သူများကို ကျေးဇူးတုန့်ပြန်တဲ့ အနေနဲ့ ပြုလုပ်ပေးတာ ဖြစ်ပြီး လက်မှတ်များကိုတော့ ဖျော်ဖြေပွဲ မကျင်းပမီ အချိန်ကာလအတွင်း Bella မှ သတ်မှတ်ပေးထားတဲ့ Music Festival Ready Pack နဲ့ Music Festival Items တွေရဲ့ ပါကင်တွင် ကပ်ထားတဲ့ စတစ်ကာများနဲ့ Bella Muic Festival လက်မှတ်များကို လဲလှယ်ပြီး ပွဲကို လာရောက် ကြည့်ရှု နိုင်တယ်လို့ သိရပါတယ်။
Bella Muic Festival အတွက် ရည်ရွယ်ပြီး ရောင်းချမယ့် Bella Comestic ရဲ့ ရောင်းရငွေများကိုလည်း သန်လျင်မြို့နယ် မှာရှိတဲ့ “ဘုန်းတော်ကြီးသင် ပညာရေးကျောင်း”ကို လှူဒါန်းသွားမယ်လို့ သိရပါတယ်။