အမျိုးသမီးတွေဟာ ကလေးဘဝမှာတင် လိင်အကြမ်းဖက်ခံရမှုကို သိသိသာသာဖြစ်စေ၊ မသိမသာ ဖြစ်စေ ကြုံတွေ့ရတတ်ပါတယ်။ ဆွေမျိုးတော်သူ ဦးလေးက ဖြစ်စေ၊ အသိ အိမ်နီးနားချင်း ပတ်ဝန်းကျင်က လူဖြစ်စေ၊ ဘတ်စ်ကားပေါ်က အဘိုးကြီး တယောက်က ဖြစ်စေ ကလေးငယ်အပေါ် လိင်အသားယူမှု ကြုံတွေ့နိုင်ပါတယ်။
ကလေးငယ်ရဲ့ မသိစိတ်ကို အခွင့်ကောင်းယူပြီး “ပါးလေး နမ်းတာ၊ ပေါင်လေး ကိုင်တာ” စတဲ့ အခြေအနေက အစ မုဒိမ်းမှုအဆုံး အကြမ်းဖက်တဲ့အခါ အမျိုးသမီးများအနေနဲ့ အခုလိုမျိုး စိတ်ဒဏ်ရာ အခြေအနေကို အရွယ်ရောက်တဲ့ အထိ ခံစားရနိုင်ပါတယ်။
လိင် အကြမ်းဖက်ခံရသူတွေဟာ “စိတ်တ္တဇ အတွေးတွေးခြင်း၊ အနားယူမှု မရှိခြင်း၊ ဖြစ်ပျက်ခဲ့တဲ့ အကြမ်းဖက်မှုကို လုံးဝ မေ့လျော့သွားခြင်း၊ အခြားသူထက် ပို လန့်လွယ်၊ ဆူညံလွယ်ပြီး စိတ်လှုပ်ရှားလွယ်ခြင်း၊ စိတ်ခံစားမှုများကို မထိန်းချုပ်နိုင်ခြင်၊ ရှက်ရွံ့ နောင်တရစိတ်ကို အချိန်ကြာမြင့်စွာ ခံစားရခြင်း” စတဲ့ စိတ်ဒဏ်ရာတွေကို အချိန်ကြာမြင့်စွာ ခံစားရပါတယ်။
ဒါ့အပြင် ချစ်သူရည်းစား ထားမိရင်လည်း “အထိအတွေ့ မခံလိုခြင်း၊ Relationship တခုအပေါ် အလွယ်တကူ စိတ်ကုန်ခြင်း၊ စိတ်ခံစားမှု သာမန်ထက် ပိုများခြင်း” စတဲ့ အရာတွေ ဖြစ်လာနိုင်ပါတယ်။
ဒီလို အခြေအနေကနေ စိတ်သက်သာရာရဖို့ အတွက်
– မိမိကိုယ်ကို အပြစ်မတင်ပါနဲ့။ မကြောက်ပါနဲ့။
– မိသားစုဝင်တွေက နွေးထွေးစွာ ဆက်ဆံပေးပါ။
– ယုံကြည်စိတ်ချရတဲ့သူငယ်ချင်းဆီမှာ ရင်ဖွင့်ပါ။
– လိင် အကြမ်းဖက်ခံရမှုနဲ့ ပတ်သက်ပြီး ဆွေးနွေး အကြံပေးနိုင်မယ့် ဆရာဝန်မျိုးနဲ့ ဆက်သွယ်ပါ။
– ပုံမှန် လုပ်နေကျအတိုင်း တနေ့တာကို ဖြတ်သန်းပါ။
– စိတ်ကျန်းမာရေးကို အလေးပေးပါ။
စာဖတ်သူတို့ အနေနဲ့လည်း မိမိတို့ ပတ်ဝန်းကျင်မှာ အခုလိုမျိုး လိင် အကြမ်းဖက်ခံရတဲ့ သူမျိုး ကြုံတွေ့ လာရပြီဆိုရင် ပုံမှန်အတိုင်းပဲ ဆက်ဆံပေးပါ။ “အနာကို သွားဆွစေမယ့် စကားလုံးမျိုးအစား မသိချင်ယောင် ဆောင်ပေးခြင်း (သို့မဟုတ်) စိတ်ဓာတ်မကျအောင် စိတ်ခွန်အားပေးခြင်း” ဖြင့် ကူညီနိုင်ပါတယ်။
ဆက်စပ်သတင်းလင့်ခ် – အမျိုးသမီးများ အရေးကြုံလာလျှင် ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်နိုင်မယ့် နည်းလမ်းများ
Ref ; harleytherapy