Lifestyle

အစာအဆိပ်သင့်ခြင်း ဖြစ်ပေါ်စေတဲ့ အစားအစာ ၉ မျိုး

Want create site? Find Free WordPress Themes and plugins.

“အစားမတော် တလုတ်၊ အသွားမတော် တလှမ်း” ဆိုသလို အစားစားတာဟာ လူသားတွေရဲ့ အသက်ရှင်နေထိုင်မှု အတွက် နေ့စဉ် အစာအာဟာရ မှီဝဲနေရသလို အစာစားတဲ့အခါ ချင့်ချိန် ဆင်ခြင်ပြီး စားရပါတယ်။ အစားကို တွေ့ကရာ စားပြီး မဆင်မခြင် မြင်မြင်သမျှ မစဉ်းစားဘဲ စားမယ်ဆိုရင် အစားအစာတွေကနေ အစာအဆိပ်သင့်ခြင်း ဖြစ်စေပါတယ်။

ဒါကြောင့်မို့လို့ အစာအဆိပ်သင့်ခြင်း မဖြစ်ရအောင် စာရေးသူတို့ မသိလိုက်ဘဲ နေ့စဉ် စားနေမိတဲ့ အစားအစာတွေထဲက အစာအဆိပ်သင့်ခြင်း ဖြစ်ပေါ်စေတဲ့ အစားအစား ၉ မျိုး အကြောင်း ရေးသားလိုက်ပါတယ်။

(၁) အစာအဆိပ်သင့်ခြင်းကို ဖြစ်ပေါ်စေတဲ့ အဓိက အကြောင်းအရာမှာ အစိမ်းစား အသီးအရွက်တွေကြောင့် ပါပါတယ်။ ဒါကြောင့်မို့လို့ အစိမ်းစား အသီးအရွက်တွေကို မစားခင်မှာ သေချာစွာ ဆေးကြောပေးဖို့ လိုပါတယ်။

(၂) အစာအဆိပ်သင့်မှုပေါင်း ဖြစ်စဉ်ပေါင်း ၁၁၀၀၀ လောက်ဟာ မချက်ပြုတ်ရသေးတဲ့ ကြက်ဥ၊ ဘဲဥ အစိမ်းတွေကို စားမိရာကနေ ဖြစ်ပွားတာ ဖြစ်တဲ့အတွက်ကြောင့် ဥအမျိုးမျိုးကို ချက်ပြုတ်ပြီးမှ စားသင့်ပါတယ်။

(၃) အသားနဲ့ငါးတို့မှာ ပါဝင်တဲ့ ဘက်တီးရီးယားတွေကြောင့်လည်း အစာအဆိပ်သင့်မှုကို ဖြစ်စေနိုင်ပါတယ်။ အသားနဲ့ငါးတွေကို သေချာစွာ မချက်ပြုတ်တဲ့အခါနဲ့ မချက်ပြုတ်ခင် သေချာစွာ မဆေးကြောမှုတွေကြောင့်လည်း အစာအဆိပ်သင့်စေ နိုင်ပါတယ်။

(၄) ခရု၊ ကမာ အစရှိတဲ့ အခွံမာ ပင်လယ်စာတွေကို အစိမ်းစားခြင်းကြောင့်လည်း အစာအဆိပ်သင့်စေ နိုင်ပါတယ်။ ဒီလို ပင်လယ်စာတွေကို စားခါနီးမှာ အနံ့ကို အရင်ဆုံးနမ်းကြည့်ပြီး အနံ့အသက်ဟာ လတ်ဆတ်မှု မရှိဘူးဆိုရင်တော့ လုံးဝ မစားသင့်ပါဘူး။

(၅) အစာအဆိပ်သင့်မှုကို ဖြစ်စေတဲ့ နောက်ထပ် အစားအစာ တမျိုးကတော့ ပဲပင်ပေါက်ပဲ ဖြစ်ပါတယ်။ ပဲပင်ပေါက်ဟာ ဆေးကြောရတာခက်တဲ့ ဟင်းသီးဟင်းရွက်တွေထဲမှာ ပါဝင်ပြီး ပဲပင်ပေါက် ဖေါက်တဲ့အခါမှာဖြစ်တဲ့ စိုလိုက်၊ ခြောက်လိုက် အခြေအနေဟာ ဘက်တီးရီးယားတွေကို အလွယ်တကူ ကြီးထွားစေပါတယ်။

(၆) သခွားမွှေးသီးနဲ့ ဖရဲသီး စတဲ့ အသီးအနှံတွေကို စားတဲ့အခါမှာ ရေနဲ့ ဆေးကြောဖို့ကို အများစုက သတိမထားမိ ကြပါဘူး။ အစာအဆိပ်သင့်ခြင်းကို ဖြစ်ပေါ်စေတဲ့ ဘက်တီးရီးယားတွေဟာ အသီးတွေကို ခွဲတဲ့အခါ အသုံးပြုတဲ့ ဓားကနေတဆင့် သင့်အစာအိမ်ကို ရောက်ရှိပြီး အစာအဆိပ်သင့်ခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။

(၇) မကျိုချက်ရသေးတဲ့နို့တွေနဲ့ သက်တမ်းလွန် နို့ထွက်ပစ္စည်းတွေကို စားသုံးတဲ့ အခါတွေမှာလည်း အစာအဆိပ်သင့်ခြင်း ဖြစ်ပေါ်စေနိုင်ပါတယ်။

(၈) တူနာငါးတွေကို လုံလောက်တဲ့ အအေးဒီဂရီ ဖာရင်ဟိုက်မှာ မထားရှိထားဘူး ဆိုရင် စားသုံးမိတဲ့အခါမှာ အစာအဆိပ် သင့်စေနိုင်ပါတယ်။

(၉) တခါတရံမှာ ဘယ်ရီသီးတွေ အထားခံအောင်လို့ ရေနဲ့ အရင်မဆေးကြောဘဲ ရေခဲသေတ္တာထဲ တခါတည်း ထည့်သိမ်း ထားလေ့ ရှိတတ်ပါတယ်။ ဒီလိုပြုလုပ်ခြင်းဟာ ဘယ်ရီသီးတွေ စားတဲ့အခါ ရေနဲ့ မဆေးကြောမိတဲ့အတွက် အစာအဆိပ် သင့်စေနိုင်ပါတယ်။

Ref ; thedailymeal.com

Did you find apk for android? You can find new Free Android Games and apps.
Loading