Lifestyle

ဝိုင်သောက်ခြင်းရဲ့ အကျိုးကျေးဇူးများနှင့် ဆိုးကျိုးများ

Want create site? Find Free WordPress Themes and plugins.

လေ့လာချက်တွေအရ ဝိုင်သောက်ခြင်းရဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေက များပါတယ်။ ဝိုင်ကို စပျစ်သီးကနေ ထုတ်လုပ်တာမို့ နှလုံးရောဂါ၊ ကင်ဆာကို ကာကွယ်ပေးနိုင်တဲ့ Antioxidant ဓာတ်တွေ ပါဝင်ပြီး “လေဖြတ်ခြင်း၊ သည်းခြေ ကျောက်တည်ခြင်းနဲ့ ဆီးချိုရောဂါ” တွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

“ဝိုင်” ဆိုတာလည်း Alcohol ခေါင်းစဉ် အောက်ကမို့ တနေ့သောက်သင့်တဲ့ ပမာဏထက် များများ သောက်မိရင် အရက်စွဲသူတွေမှာ တွေ့ရတဲ့ ရောဂါလက္ခဏာတွေ ခံစားရနိုင်သလို အမျိုးသမီးတွေမှာဆို “ရင်သားကင်ဆာ” ဖြစ်စေ နိုင်ပါတယ်။

ဝိုင်ကို စပျစ်သီးကနေ ထုတ်လုပ်တာမို့ နှလုံးရောဂါ၊ ကင်ဆာကို ကာကွယ်ပေးနိုင်ပါတယ်

ဝိုင်သောက်ခြင်းရဲ့ အကျိုးကျေးဇူးနဲ့ ဆိုးကျိုးတွေကို လေ့လာကြည့်ရအောင်

ဝိုင်နီရဲ့ အကျိုးကျေးဇူးများ

ဝိုင်နီထဲမှာ နှလုံးသွေးကြော ထိခိုက်ပျက်စီးမှုကို ကာကွယ်ပေးတဲ့ Reversterol ပါဝင်တာ တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ ဒီ Antioxidant ဓာတ်က ကိုယ်တွင်းမကောင်းတဲ့ ကိုလက်စထရောတွေကိုပါ လျော့ကျစေပါတယ်။ ဝိုင်နီမှာ တခြား အရေးကြီး Antioxidant တွေဖြစ်တဲ့ Falvonoids ဓာတ်တွေလည်း ပါဝင်ပါတယ်။

ဝိုင်နီရဲ့ ဆိုးကျိုးများ

ဆိုးကျိုးအနေနဲ့ ကြီးကြီးမားမား မရှိပေမယ့် တနေ့ ၂ ခွက်၊ ၃ သုံးခွက်ထက် ပိုသောက်မိမယ်ဆိုရင် ကျန်းမာရေးကို အထောက်အကူပြုတဲ့ အကျိုးအာနိသင်တွေ ပျက်ပြယ်သွားနိုင်ပါတယ်။

ဝိုင်ဖြူရဲ့ အကျိုးကျေးဇူးများ

လူသိနည်းသေးတဲ့ ဝိုင်ဖြူသောက်ခြင်းရဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေလည်း ရှိပါတယ်။ ဝိုင်ဖြူက အဆုတ်အတွက် ကောင်းလို့ ပုံမှန်သောက်မယ်ဆိုရင် အဆုတ်တစ်ရှူး အားကောင်းအောင် လုပ်ဆောင်နိုင်ပါတယ်။

ဝိုင်ဖြူရဲ့ ဆိုးကျိုးများ

ဝိုင်ဖြူရဲ့ဓာတ်သဘောကိုက အက်စစ်ဓာတ်များလို့ သွားကို ထိခိုက်နိုင်ပါတယ်။ ဝိုင်ဖြူက နှလုံးကျန်းမာရေး၊ ကင်ဆာ ကာကွယ်ရေးမှာ ဝိုင်နီလောက် မစွမ်းဆောင်နိုင်ပါဘူး။

ရှန်ပိန်မှာ ကျန်းမာရေးကို အထောက်အကူပြုတဲ့ အကျိုးကျေးဇူးတွေက ဝိုင်နီနဲ့ အတူတူပါပဲ

ရှန်ပိန်ရဲ့ အကျိုးကျေးဇူးများ

“Sparkling Wine” လို့ တင်စားကြတဲ့ ရှန်ပိန်မှာ ကျန်းမာရေးကို အထောက်အကူပြုတဲ့ အကျိုးကျေးဇူးတွေက ဝိုင်နီနဲ့ အတူတူပါပဲ။ ကယ်လိုရီ ပမာဏကလည်း ဝိုင်နီနဲ့ ဝိုင်ဖြူတို့ထက် နည်းပါတယ်။

ရှန်ပိန်ရဲ့ ဆိုးကျိုးများ

ဆိုးကျိုးကတော့ တခြားဝိုင်တွေလို များများသောက်မိရင် ခေါင်းကိုက်စေတာပါ။

ဘယ်အရာမဆို “တန်ဆေး ၊ လွန်ဘေး” ဆိုတဲ့ စကားလည်း ရှိတာကြောင့် ဝိုင်နဲ့ ရှန်ပိန်ကို ကျန်းမာရေးအရပဲ ဖြစ်ဖြစ် ကြိုက်လို့ပဲဖြစ်ဖြစ် ဆေးဖြစ်ဝါးဖြစ် တော်သင့်ရုံလောက်ပဲ သောက်သုံးဖို့ အကြံပြုရေးသားလိုက်ပါတယ်။

Ref ; Pop Sugar

Did you find apk for android? You can find new Free Android Games and apps.
Loading