အမေရိကန် ပြည်ထောင်စုက ပြည်နယ်တွေရဲ့ နာမည်နောက်ကွယ်မှာ စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာတွေ ရှိကြပါတယ်။ ဘယ်လိုအဓိပ္ပာယ်နဲ့ ပေးခဲ့ကြလဲဆိုတာ ဗဟုသုတအနေနဲ့ ဧရာဝတီ စာဖတ်ပရိသတ်တွေ သိရှိနိုင်အောင် ရေးသား ဖော်ပြလိုက်ပါတယ်။
Albama
ဒီနာမည်ကို Albama မြစ်တလျှောက်မှာနေခဲ့တဲ့ အမေရိကန် အင်ဒီးယန်း မျိုးနွယ်စုတွေကနေ စခဲ့တာပဲ ဖြစ်ပါတယ်။ “သဘာဝ ပေါက်ပင်နဲ့ ခူးဆွတ်သူများ” ဆိုတဲ့ စကားနှစ်လုံးကို ပေါင်းစပ်ထားတာဖြစ်ပြီး တကယ့်အဓိပ္ပာယ်က “သစ်သီးသစ်ဖု စုဆောင်းသူများ” လို့ ဆိုပါတယ်။
Alaska
ရုရှားတွေက Alsakan နယ်မြေကို အမည်ပေးခဲ့တာဖြစ်ပြီး အဓိပ္ပာယ်က ပင်လယ်ကို မျက်နှာမူခြင်း ဖြစ်ပါတယ်။
California
ကယ်လီဖိုးနီးယားဟာ စပိန်ဝတ္ထု “Las Sergas de Esplandian” ထဲက အင်ဒီးန်စ် လူမျိုးတွေနေထိုင်တဲ့ ကျွန်းကို အစွဲပြုပြီး မှည့်ခေါ်ထားတာပဲ ဖြစ်ပါတယ်။ “ရွှေတွေနဲ့ ပြည့်နေတဲ့ မှော်ဝင်ကျွန်း” လို့လည်း သိရပါတယ်။
Colorado
Colorado (ကော်လိုရာဒို) ဆိုတာက စပိန်ဘာသာစကားနဲ့ဆို “အနီရောင်” ဖြစ်ပြီး “အနီရောင် အမှိုက်တွေ ရှိတဲ့ ကော်လိုရာဒိုမြစ်” ကို အစွဲပြုတယ်လို့လည်း ဆိုပါတယ်။
Florida
စပိန် စွန့်စားရှာဖွေသူ Juan Ponce de Leon ဟာ ဖလော်ရီဒါကျွန်းကို အီစတာပြီးနောက် ၁၅၃၁ ခုနှစ်မှာ ရောက်ရှိ ခဲ့ပါတယ်။ ဖလော်ရီဒါရဲ့ အဓိပ္ပာယ်ဟာ “ပန်းတွေနဲ့ ဝေနေသောနေရာ” ဖြစ်တယ်လို့လည်း သိရပါတယ်။
Illinois
ဒီအမည်ကတော့ အီလီနွိုက်မြစ်မှာ အခြေချခဲ့တဲ့ အိန္ဒိယတွေဆီကနေ လာတာပဲဖြစ်ပါတယ်။ အဓိပ္ပာယ် ကတော့ “လူသားများ (သို့မဟုတ်) စစ်သည်တော်များ” ဖြစ်ပါတယ်။
Minnesota
“Dakota Sioux မျိုးစုကနေ တိမ်ထူသော (သို့မဟုတ်) ရွှံ့ထူသောရေ ရှိသောနေရာ” ဟု အမည်တွင်သော Minnesota မြစ်လို့ အမည်ပေးရာကနေ ဆင်းသက်လာခြင်း ဖြစ်တယ်လို့ သိရပါတယ်။
Nevada
Nevada ရဲ့အဓိပ္ပာယ်ကတော့ “နှင်းများထူထပ်သောနေရာ”လို့ အဓိပ္ပာယ် ရပါတယ်။
Rhode Island
Roodt က ဒတ်ချ်ဘာသာစကားမှာ အနီရောင်လို့ သတ်မှတ်ပြီး ကမ်းစပ်က အနီရောင် ရွံ့စေးတွေနဲ့ တွေ့ရတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။ Roodt ကနေ အင်္ဂလိပ်လို Rhode ဖြစ်လာတာပဲဖြစ်ပါတယ်။
Vermont
ပြင်သစ်ဘာသာစကားကို ပေါင်းစပ်ထားပြီး Vert က အစိမ်းရောင်ဖြစ်ပြီး Mont က တောင်လို့ အဓိပ္ပာယ် ရပါတယ်။
West Virginia
အင်္ဂလန်ဘုရင်မကြီး Elizabeth 1 ကို နာမည်ပြောင်ပေးထားတဲ့ The Virgin Queen ဆိုတာကနေ အစပြုခဲ့တာ ဖြစ်ပါတယ်။ အိမ်ထောင် တခါမှမပြုခဲ့တဲ့ ဘုရင်မ အပျိုကြီးကို ဂုဏ်ပြုသောအားဖြင့် အမည် ပေးခြင်းကနေ စခဲ့တာ ဖြစ်ပါတယ်။
ကဲ ဒီလောက်ဆိုရင် စိတ်ဝင်စားဖို့ကောင်းတဲ့ ပြည်နယ်အချို့ရဲ့ နာမည်တွေရဲ့ သမိုင်းကြောင်းကို ဗဟုသုတ အနေနဲ့ သိလောက်ပြီ ထင်ပါတယ်။