အသက်အရွယ် ကြီးငယ်မရွေးမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ မေ့လျော့ခြင်းတွေ မဖြစ်ရအောင် ဦးနှောက် ညာဘက်ခြမ်းရဲ့ စွမ်းရည်တခုဖြစ်တဲ့ မှတ်ဉာဏ်ကောင်းခြင်းကို အထောက်အကူ ဖြစ်စေတဲ့ အစားအစာ ၈ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။
(၁) ငါး စားသုံးခြင်းဟာ ဦးနှောက်အတွက် အဓိကလိုအပ်တဲ့ တစ်ရှူးတမျိုးဖြစ်တဲ့ Grey Matter ကို တိုးပွားစေတဲ့အတွက် မှတ်ဉာဏ် အားကောင်းစေပါတယ်။ ဆော်လမွန်ငါး၊ ငါးသေတ္တာငါးနဲ့ တူနာငါးစတဲ့ အဆီဓာတ် ပြည့်ဝတဲ့ ငါးတွေမှာ အိုမီဂါ ၃ (Omega 3) နဲ့ ဗီတာမင်ဒီတို့ များစွာ ပါဝင်တဲ့အတွက် ဦးနှောက်ဖွံ့ဖြိုးမှုဆိုင်ရာ ပြဿနာတွေကို ကာကွယ်ပေးနိုင်ပါတယ်။
(၂) ကော်ဖီသောက်သုံးခြင်းဟာ ဦးနှောက်ကို လန်းဆန်းစေပါတယ်။ တနေ့ကို ကော်ဖီ ၂ ခွက်ခန့် ပုံမှန် သောက်သုံး ပေးမယ်ဆိုရင် အယ်လ်ဇိုင်းမားရောဂါကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
(၃) Blue Berry (ဘလူးဘယ်ရီ) အသီးဟာ ဦးနှောက်နဲ့ ဉာဏ်ရည်အတွက် အလွန်ကောင်းမွန်တဲ့ အသီး ဖြစ်ပါတယ်။ အသက်အရွယ်ကြောင့် မှတ်ဉာဏ်လျော့ပါးခြင်းကို ကာကွယ်ပေးပြီး မျက်စိကိုလည်းအားကောင်းစေပါတယ်။
(၄) ဆေးပညာဆိုင်ရာ နောက်ဆုံး စမ်းသပ်ချက်တွေအရ ဆနွင်းစားသုံးပေးခြင်းဟာ ဦးနှောက်တွင်းမှာဖြစ်တတ်တဲ့ သွေးကြောရောင်ဝေဒနာ (Brain derived) နဲ့ စိတ်ကျရောဂါ ဝေဒနာကိုပါ ပျောက်ကင်း စေနိုင်ပါတယ်။ ဒါ့အပြင် ဦးနှောက်ဆဲလ်တွေကိုပါ ဖွံဖြိုးစေနိုင်တဲ့အတွက် မှတ်ဉာဏ်ကောင်းစေဖို့ အကောင်းဆုံး ဆေးတလက်ပဲ ဖြစ်ပါတယ်။
(၅) ဘရိုကိုလီမှာ ဗီတာမင် K နဲ့ Antioxidant တွေ ကြွယ်ဝစွာ ပါရှိတာကြောင့် ဦးနှောက်ဆဲလ်တွေ ဖွံ့ဖြိုးမှုကို မြှင့်တင် ပေးနိုင်ပါတယ်။
(၆) ရွှေဖရုံစေ့မှာ မဂ္ဂနီဆီယမ် ကြွယ်ဝစွာပါရှိတာကြောင့် ဦးနှောက် ကျန်းမာရေးအတွက် များစွာအထောက်အကူပြုပြီး မှတ်ဉာဏ် ကောင်းမွန်စေပါတယ်။
(၇) ဗီတာမင်စီဓာတ် ကြွယ်ဝစွာပါရှိတဲ့ လိမ္မော်သီး စားသုံးပေးခြင်းဟာ ဦးနှောက်ကို လန်းဆန်းတက်ကြွစေပြီး စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်ပါတယ်။
(၈) အခွံမာသီးတွေနဲ့ မြေပဲကဲ့သို့အစေ့အဆန်တွေကို စားသုံးပေးခြင်းဟာ အသက်ကြီးချိန်မှာ မှတ်ဉာဏ် ဆုံးရှုံးမှုကို ကာကွယ်ပေးနိုင်ပြီး ငယ်ရွယ်သူတွေကို မှတ်ဉာဏ် အားကောင်းစေပါတယ်။
Ref healthline.com