ကိုယ်အလေးချိန် လျှော့ချဖို့အတွက် ဝိတ်ချတော့မယ်ဆိုရင် စားသောက်မှု ပုံစံဟာ နည်းစနစ် မှန်ဖို့လိုသလို ဝိတ်ကျဖို့ အတွက် ဘာမှ မစားဘဲလည်း နေစရာ မလိုပါဘူး။
ကိုယ်အလေးချိန် လျှော့ချနိုင်ဖို့ အတွက် ကျန်းမာရေးနဲ့ ညီညွတ်ပြီး အရသာရှိတဲ့ အစားအစာတွေလည်း ရှိပါတယ်။ ဝိတ်ချတဲ့ Diet Plan တွေအတိုင်း မစားနိုင်တဲ့သူတွေအတွက် လွယ်လွယ်ကူကူ ကိုယ်အလေးချိန် လျှော့ချပေးနိုင်မယ့် အစားအစာတွေကို ရေးသား ဖော်ပြလိုက်ပါတယ်။
(၁) ငှက်ပျောသီး
ငှက်ပျောသီးမှာ ပါဝင်တဲ့ အမျှင်ဓာတ်ဟာ အစာအိမ်ကို ပြည့်စေပြီး ဝမ်းမှန်စေပါတယ်။ ငှက်ပျောသီးမှာ ပါဝင်တဲ့ ကစီဓာတ်ဟာ အင်ဇိုင်းတမျိုး ထွက်စေပြီး အဲဒီအင်ဇိုင်းဓာတ်ဟာ ဗိုက်ထဲမှာရှိတဲ့ အဆီတွေရဲ့ ၂၅ ရာခိုင်နှုန်းကို လောင်ကျွမ်းစေပါတယ်။
(၂) ပေါင်မုန့်ကြမ်း
ဂျုံကြမ်းနဲ့ ပြုလုပ်ထားတဲ့ ပေါင်မုန့်တွေမှာ အမျှင်ဓာတ်များစွာ ပါဝင်တဲ့အတွက် တာရှည်စွာ အဆာခံ နိုင်စေတာမို့ ကိုယ်အလေးချိန် လျှော့ချနေစဉ်မှာ စားသုံးသင့်ပါတယ်။
(၃) ထောပတ်သီး
ထောပတ်သီးမှာ ပါဝင်တဲ့ အမိုင်နိုအက်ဆစ်ဟာ ခန္ဓာကိုယ် အလေးချိန် လျှော့ချဖို့အတွက် အရေးပါလှပြီး အမျှင်ဓာတ်က အဆာခံစေပါတယ်။
(၄) အာလူး
၁၀၀ ဂရမ် အလေးချိန်ရှိတဲ့ အာလူး တလုံးမှာ ကယ်လိုရီ ပမာဏ ၇၅ ရာခိုင်နှုန်း ပါဝင်ပြီး အဲဒီ ကယ်လိုရီ ပမာဏဟာ လိမ္မော်ရည် တခွက်မှာပါတဲ့ ကယ်လိုရီ ပမာဏထက်တောင် နည်းပါသေးတယ်။ အစာခြေစနစ်ကို ကောင်းမွန်စေပြီး နံနက်စာအဖြစ် စားသုံးမယ်ဆိုရင် ကိုယ်အလေးချိန်ကို ပိုမိုလျှော့ချပေးနိုင်ပါတယ်။
(၅) မြေပဲထောပတ်
မြေပဲထောပတ်ကို မနက်စာအဖြစ် စားသုံးမယ်ဆိုရင် အစာအိမ် လမ်းကြောင်းထဲမှာ အမျှင်ဓာတ်တွေ ပြည့်လာတဲ့အတွက် ပြည့်တင်းတဲ့ ခံစားချက် ဖြစ်လာတာကြောင့် ခန္ဓာကိုယ်အလေးချိန် လျှော့ချရာမှာ စားသုံးသင့်ပါတယ်။
(၆) ပါစတာ
ကစီဓာတ်နဲ့ ကာဗိုဟိုက်ဒရိတ်ဓာတ် ပါဝင်တဲ့ ပါစတာ စားသုံးခြင်းဟာ အူလမ်းကြောင်းဆိုင်ရာ ရောဂါတွေကို ကာကွယ် ပေးနိုင်ပြီး သွေးတွင်း ကိုလက်စထရောကိုလည်း ကျဆင်းစေတာကြောင့် ကိုယ်အလေးချိန် လျှော့ချနေသူများ စားသုံး သင့်ပါတယ်။
ဆက်စပ်သတင်းလင့်ခ် –
အိပ်နေရင်း ဝိတ်ကျအောင် ပြုလုပ်နိုင်မယ့် လွယ်ကူတဲ့ နည်းလမ်း ၅ ခု
တပတ်အတွင်း ကိုယ်အလေးချိန် ၇ ကီလို ကျစေမယ့် သခွားသီးသုပ်နဲ့ ဖျော်ရည်
Ref ; doctoroz.com