Lifestyle

"Green Lantern" အဖြစ် သရုပ်ဆောင်ဖို့ မင်းသားကြီး Tom Cruise စိတ်ဝင်စားနေ

Want create site? Find Free WordPress Themes and plugins.

Warner Bros.ရုပ်ရှင်ထုတ်လုပ်ရေးဟာ အော်စကာဆုရာ ဒါရိုက်တာကြီး Christopher McQuarrie ကို “Green Lantern Corps” ရုပ်ရှင် ရိုက်ကူးဖို့ ရွေးချယ်ထားပြီးပြီလို့ သိရပါတယ်။

ဒါရိုက်တာကြီး McQuarrie ဟာ အသက် ၅၅ နှစ်အရွယ်၊ မင်းသားကြီး Tom Cruise နဲ့ “Mission: Impossible – Rogue Nation” ၊ မကြာမီ ပြသတော့မယ့် “Mission: Impossible – Fallout” နဲ့ “Jack Reacher” တို့အပါအဝ် ရုပ်ရှင် အတော် များများမှာ အတူတူ အလုပ် လုပ်ကိုင်ခဲ့ဖူးကြပါတယ်။

တကယ်လို့သာ အခုထွက်နေတဲ့ ကောလာဟလတွေ အမှန်ဖြစ်လာမယ် ဆိုရင်တော့ မင်းသား Cruise ဟာ Hal Jordan အဖြစ် သရုပ်ဆောင်နိုင်သလို၊ ရုပ်ရှင်ထဲက စူပါဟီးရိုးတခြား တယောက်ယောက် ဒါမှမဟုတ် အခြားဗီလိန် ဇာတ်ကောင် အနေနဲ့လည်း ပါဝင်လာနိုင်ချေ ရှိပါတယ်။

၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလမှာ မင်းသား Cruise နဲ့ အခြားသရုပ်ဆောင် တော်တော်များများဟာ “Green Lantern Corps” ရုပ်ရှင်မှာ Hal Jordan အဖြစ် ပါဝင်သရုပ်ဆောင်ဖို့ လျာထားစာရင်းမှာ ပါဝင်တယ်လို့ TheWrap မီဒီယာက သတင်း ထုတ်ပြန် ထားပါတယ်။

အဲဒီ သတင်းမီဒီယာရဲ့ အဆိုအရ လျာထားစာရင်းထဲမှာ မင်းသားတွေ ဖြစ်ကြတဲ့ Joel McHale, Bradley Cooper, Armie Hammer နဲ့ Jake Gyllenhaal တို့ ပါဝင်ကြတယ်လို့ ဆိုပါတယ်။ DC ကုမ္ပဏီကလည်း ၂၀၁၁ ခုနှစ်က ထွက်ရှိခဲ့တဲ့ ရုပ်ရှင်မှာ Jordan အဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်းသား Ryan Reynolds ကိုပဲ ပြန်ခေါ်သုံးရမလားဆိုတာ စဉ်းစားနေတယ် လို့ သိရပါတယ်။

တချိန်တည်းမှာပဲ သရုပ်ဆောင်ရွေးချယ်တဲ့ လုပ်ငန်းစဉ်ဟာ ကနဦးအဆင့်တွေ ပြီးဆုံးသွားခဲ့ပြီး အဓိက သရုပ်ဆောင်တွေ နေရာအတွက် ဆွေးနွေးတာတော့ မရှိသေးပါဘူး။ “The Dark Knight” စာရေးသူ David S. Goyer နဲ့ Rise of the Planet of the Apes” ဒါရိုက်တာ Rupert Wyatt တို့ဟာ ရုပ်ရှင်ကို ထုတ်လုပ် ရိုက်ကူးကြမယ်လို့ ကောလာဟလတွေ ထွက်ထားခဲ့ပေမယ့် သဘောတူညီချက်တော့ မရခဲ့ပါဘူး။

အသစ် ရိုက်ကူးမယ့် “Green Lantern Corps” ရုပ်ရှင်ကတော့ ပိုင်းလော့ဟောင်းတဦး ဖြစ်တဲ့ Hal Jordan ဟာ Green Lantern Corps လို့ လူသိများတဲ့ ငြိမ်းချမ်းရေးနဲ့ တရားမျှတမှု ကာကွယ်ရေး အဖွဲ့ရဲ့ ဝါရင့်ပုဂ္ဂိုလ်တဦး ဖြစ်ပြီး လူသစ်အဖြစ် စုဆောင်းထားတဲ့ John Stewart ကို စောင့်ကြည့် သင်ကြားပေးရမှာဖြစ်ပါတယ်။

မင်းသား Cruise အနေနဲ့ Green Lantern အဖြစ် ပါဝင်လာတာ မသေချာသေးပေမယ့် မင်းသားကိုတော့ လာမယ့် ဇူလိုင်လ၂၇ ရက်နေ့မှာ ရုံတင်မယ့် “Mission: Impossible – Fallout” ရုပ်ရှင်မှာ မြင်တွေ့ကြရတော့မှာပါ။ သူဟာ Henry Cavill, Rebecca Ferguson (II), Simon Pegg နဲ့ Alec Baldwin တို့နဲ့အတူ ဆဋ္ဌမမြောက် လျှို့ဝှက်ထောက်လှမ်းရေး အက်ရှင်မှာ ပါဝင်လာမှာ ဖြစ်ပါတယ်။

Ref ; aceshowbiz

Did you find apk for android? You can find new Free Android Games and apps.
Loading