Lifestyle

တရုတ် မဟာတံတိုင်းကြီး၏ ကြံ့ခိုင်မှုအစ ကောက်ညှင်းက

Want create site? Find Free WordPress Themes and plugins.

ကမ္ဘာ့အံ့ဖွယ်တပါးဖြစ်သည့် တရုတ်ပြည်ရှိ နှစ်ပေါင်း ၆၀၀ ကျော်သက်တမ်းရှိ မဟာတံတိုင်းကြီးအား မင် မင်းဆက်ခေတ်က တည်ဆောက်ရာတွင် ကောက်ညှင်းကို အမှုန့်ထောင်းပြီး ထုံးဖြင့်ရေဖျော်ကာ (မော်တာ ကွန်ကရစ်ဖျော်ရည်) မဆလာအဖြစ် သုံးစွဲခဲ့ကြောင်း သင်သိပါသလား။

တရုတ်ပြည် အရှေ့မှ အနောက်သို့ မိုင်ပေါင်း ၅၅၀၀ ကျော် သွယ်တန်း ဖောက်လုပ်ခဲ့

အဆိုပါ ကောက်ညှင်းမော်တာ(မဆလာ)များ သုံးခဲ့ကြောင်း ၂၀၁၀ ခုနှစ်မှာ တရုတ်သိပ္ပံပညာရှင်တွေက လေ့လာတွေ့ရှိခဲ့ကြသည်။ အုတ်များကို ခိုင်ခန့်စွာ ချုပ်ထားနိုင်သည့်စွမ်းအားရှိပြီး တံတိုင်းကြီးတလျှောက် ပေါင်းမြက်များ၊ အုတ်ကြားမြက်များ နေရာတိုင်းပေါက်ရောက်နိုင်မှုမရှိစေတော့လည်း လေ့လာတွေ့ရှိရသည်။

ကောက်ညှင်းမော်တာ(မဆလာ)သည် အုတ်များကို ခိုင်ခန့်စွာ ချုပ်ထားနိုင်သည့်စွမ်းအားရှိ

တရုတ်ပြည်အရှေ့ပိုင်း၊ ဟန်ဇုမြို့၊ ဇီဂျန်းတက္ကသိုလ်မှ ဓာတုဗေဒပါမောက္ခ ဒေါက်တာဇောင်းဘင်ဂျီယန်းက “ရှေးဟောင်းမော်တာ(မဆလာ) ဆိုတာ အထူးပြုလုပ်ထားတဲ့ အော်ဂဲနစ်နဲ့ အော်ဂဲနစ် မဟုတ်တဲ့ ဒြပ်နှောတမျိုးပါ” ဟု လေ့လာတွေ့ရှိမှုကို ထုတ်ပြန်အပြီး ပြောဆိုခဲ့သည်။

တရုတ် မဟာတံတိုင်းကြီး ဆောက်လုပ်ပုံ

သို့သော် တရုတ်ပြည် အရှေ့မှ အနောက်သို့ မိုင်ပေါင်း ၅၅၀၀ ကျော် သွယ်တန်း ဖောက်လုပ်ခဲ့သော ဧရာမတံတိုင်းကြီးကို တည်ဆောက်သည့်အခါ မကျေနပ်မှု၊ နာကြည်းမှုများလည်း ကျယ်ကျယ်ပြန့်ပြန့်ရှိခဲ့သည်။ အကြောင်းမှာ “မင်”ဧကရာဇ်က တံတိုင်းဆောက်သည့် အလုပ်သမားများ ကျွေးမွေးရန်နှင့် ကွန်ကရစ်မဆလာ(မော်တာ)ဖျော်စပ်ရန် ကောက်ညှင်းဆန်များကို ပြည်သူများထံမှ အတင်းအကျပ်ကောက်ခံခဲ့ခြင်းကြောင့်ဖြစ်သည်။

ကိုးကား ။ ။ Science Daily

Did you find apk for android? You can find new Free Android Games and apps.
Loading