Alcohol ပါဝင်တဲ့ အဖျော် ယမကာတွေထဲက တခုဖြစ်တဲ့ ဘီယာဟာ ကမ္ဘာမှာ ရေနဲ့ လက်ဖက်ရည်ပြီးရင် တတိယမြောက် အသုံးပြုဆုံး စားသောက်ကုန် ဖြစ်ပါတယ်။ ပရိုတင်းနဲ့ ဗီတာမင်ဘီတို့ အများအပြား ပါဝင်တဲ့ ဘီယာသောက်သုံးခြင်းဟာ နှလုံးရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။
ဘီယာ မသောက်သုံးသူတွေနဲ့ ဘီယာကို ပုံမှန်(အလွန်အကျွံမဟုတ်) သောက်သုံးသူတွေကို နှိုင်းယှဉ်ပြီး သုတေသန လုပ်တဲ့အခါ သောက်သုံးသူတွေမှာ နှလုံးရောဂါ ဖြစ်ပွားမှုနှုန်း နည်းပါးတာ တွေ့ရပါတယ်။ ဘီယာသောက်ခြင်းဟာ သွေးကြဲ စေတဲ့အတွက် နှလုံးသွေးကြောပိတ်ခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
လေ့လာသူတွေရဲ့သုတေသနပြုချက်အရ တနေ့ကို ဘီယာ ၃ ခွက် ပုံမှန်သောက်သုံးသူတွေဟာ Heart Attack ဖြစ်ပွားမှု ၄၀ ရာခိုင်နှုန်းမှ ၆၀ ရာခိုင်နှုန်း အထိ လျှော့ချပေးနိုင်တယ်လို့ သိရပါတယ်။ ဘီယာကို ၄ နှစ်ခန့် ပုံမှန် သောက်သုံးသူတွေကို သုတေသန စမ်းသပ်စစ်ဆေးမှု ပြုလုပ်တဲ့အခါ ဆီးချိုရောဂါ ဖြစ်ပွားခြင်း မရှိတာကို တွေ့ရပါတယ်။
ဘီယာမှာ ပါဝင်တဲ့ ဆီလီကွန် (Silicon) ဒြပ်ပေါင်းဟာ အရိုးကြွပ်ခြင်းနဲ့ အရိုးများကို အလွယ်တကူ ကျိုးအက်ခြင်းတို့ကို ကာကွယ် ပေးနိုင်ပါတယ်။ ဘီယာမှာပါဝင်တဲ့ မဂ္ဂနီစီယမ် (Magnesium) ဓာတ်ဟာ ကျောက်ကပ်မှာ ကျောက်တည်ခြင်းနဲ့ ကျောက်ကပ် ပြဿနာတွေကို ၄၀ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ပါတယ်။
ဘီယာဟာ ဆီးရွှင်စေတဲ့အတွက် ခန္ဓာကိုယ်ထဲက အဆိပ်အတောက် ဖြစ်စေတဲ့ Radical တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ အိပ်ရာမဝင်ခင် ဘီယာ ၂ ခွက်ခန့် သောက်သုံးခြင်ဟာ စိတ်ဖိစီးမှုကို လျော့နည်းစေပြီး နှစ်ခြိုက်စွာ အိပ်ပျော်စေပါတယ်။
ဘီယာကို အတန်အသင့် သောက်သုံးခြင်းဟာ ခန္ဓာကိုယ်အတွက် အကျိုးမပြုတဲ့ LDL (Low-density lipoprotein) ကိုလက်စထရော လျော့ကျစေပြီး ခန္ဓာကိုယ်အကျိုးပြု ကိုလက်စထရောဖြစ်တဲ့ HDL (High-density lipoprotein) ကိုလက်စထရောကို မြင့်တက်စေပါတယ်။
Ref ; mediidea.net