Lifestyle

နွေရာသီနဲ့ လိုက်ဖက်တဲ့ သဘာဝ ကြံရည် သောက်ခြင်းရဲ့ ကျန်းမာရေး ကောင်းကျိုး ၆ ခု

Want create site? Find Free WordPress Themes and plugins.

ပူပြင်းလှတဲ့ ရာသီဥတုကြောင့် ခန္ဓာကိုယ်မှာ ချွေးထွက်လွန်ပြီး ရေဓာတ် ဆုံးရှုံးနိုင်ပါတယ်။ နွေရာသီနဲ့ လိုက်ဖက်တဲ့ ဖျော်ရည်တွေထဲမှာ လူကြိုက်များလှပြီး ခန္ဓာကိုယ် ရေဓာတ် ပြန်လည် ဖြည့်တင်းပေးနိုင်တဲ့ ကြံရည်ရဲ့ ကျန်းမာရေး ကောင်းကျိုး ၆ ခု ကို ဧရာဝတီ စာဖတ်ပရိသတ်တွေ သိနိုင်အောင် ရေးသားဖော်ပြ လိုက်ပါတယ်။

(၁) ကြံရည်မှာ ဗီတာမင်ဘီ၊ ဗီတာမင်စီ၊ သံဓာတ်နဲ့ မဂ္ဂနီဆီယမ်တို့ ကြွယ်ဝစွာ ပါဝင်တာကြောင့် ကျောက်ကပ်၊ အသည်း၊ နှလုံးနဲ့ အစာအိမ်တို့ကို အထူးကောင်းမွန် စေပါတယ်။
(၂) ခန္ဓာကိုယ်ကို အားအင်ဖြစ်စေတဲ့ ဂလူးကို့စ်ဓာတ် ပါဝင်တာကြောင့် ရေငတ် ပြေစေပြီး လန်းဆန်းစေတဲ့ အာနိသင် ရှိပါတယ်။ အခုလို နွေရာသီမှာ အပူရှပ်ဝေဒနာ ခံစားနေရသူများ ကြံရည်ကို ရေခဲ မထည့်ဘဲ သောက်သုံးပေးပါက သက်သာပျောက်ကင်းစေနိုင်ပါတယ်။

(၃) ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေ ကြွယ်ဝစွာ ပါဝင်တဲ့ ကြံရည် သောက်သုံးခြင်းဖြင့် ခံတွင်းရနံ့ ဆိုးခြင်း ကိုလည်း သက်သာစေနိုင်ပါတယ်။

(၄) သံဓာတ်နဲ့ ဖောလစ်အက်ဆစ် ကြွယ်ဝစွာ ပါဝင်တာကြောင့် ကြံရည်ဟာ သွေးအား နည်းသူတွေအတွက် အထူး သင့်လျော်ပါတယ်။\

(၅) ပိုတက်ဆီယမ် ပါဝင်တဲ့အတွက် ဝမ်းမှန်စေပြီး အစာအိမ်အတွက် အထူးကောင်းမွန်ပါတယ်။

(၆) ဆီးချို၊ သွေးချို ရှိတဲ့သူတွေ အနေနဲ့တော့ ကြံရည်ကို ချင့်ချိန်သောက်သုံးသင့်ပြီး ဝိတ်တက် ချင်သူတွေအတွက် ကြံရည်ဟာ အကောင်းဆုံး သဘာဝ ဖျော်ရည်တမျိုး ဖြစ်ပါတယ်။

ဆေးပညာရှင်တွေကတော့ ကြံရည် သောက်သုံးတဲ့အခါ ရေခဲတွေ ထည့်ပြီး မသောက်သုံးဖို့နဲ့ တခြားသော ဓာတု ပစ္စည်းတွေ ရောစပ် မသောက်သုံးဖို့ အကြံပြုထားပါတယ်။ ဒီလိုတွေ ရောစပ် သောက်သုံးခြင်းဟာ ကြံရည်မှာ ပါဝင်တဲ့ အာဟာရ ဓာတ်တွေ လျော့နည်းသွားနိုင်တာကြောင့် ရောစပ် မသောက်သုံးဖို့ အကြံပြုရခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

ဆက်စပ် သတင်းလင့်ခ် – နွေရာသီနဲ့ လိုက်ဖက်သင့်တဲ့ ဖရဲသီးစားခြင်းရဲ့ ကျန်းမာရေး အကျိုးကျေးဇူး ၇ ခု

Ref ; food.ndtv.com

Did you find apk for android? You can find new Free Android Games and apps.
Loading