Lifestyle

အရှေ့တောင်အာရှ စမတ်ဖုန်း ဈေးကွက်ကို Samsung ဦးဆောင်နေဆဲ

Want create site? Find Free WordPress Themes and plugins.

နိုင်ငံတကာ အချက်အလက် ကော်ပိုရေးရှင်း (International Data Corporation – IDC) ရဲ့ အဆိုအရ တောင်ကိုရီးယား စမတ်ဖုန်း ကုမ္ပဏီကြီးဖြစ်တဲ့ Samsung ဟာ ပြီးခဲ့တဲ့နှစ်၊ ၂၀၁၇ ခုနှစ်မှာ အရှေ့တောင် အာရှမှာရှိတဲ့ ဖွံ့ဖြိုးဆဲ စမတ်ဖုန်း ဈေးကွက်တွေထဲ စမတ်ဖုန်းတွေ တင်ပို့ရာနေရာမှာ ထိပ်တန်းနေရာ ပြန်ရယူနိုင်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီ ဒေသတွင်း မှာရှိတဲ့ ဖွံ့ဖြိုးလာတဲ့ စမတ်ဖုန်း ဈေးကွက်တွေထဲမှာ အင်ဒိုနီးရှား၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ ထိုင်း နဲ့ ဗီယက်နမ်တို့ ပါဝင်ပါတယ်။ ၂၀၁၇ ခုနှစ်မှာ Samsung ရဲ့ တင်ပို့မှုပမာဏဟာ ယူနစ် ၂၉ ဒဿမ ၃ သန်းနဲ့ ၂၅ ဒဿမ ၈ ရာခိုင်နှုန်း တက်ခဲ့ပါတယ်။

Samsung ရဲ့ အနောက်မှာတော့ OPPO (ယူနစ် ၁၇ ဒဿမ ၂ သန်းအထိ ၂၉ ဒဿမ ၃ ရာခိုင်နှုန်း)၊ Vivo (ယူနစ် ၇ ဒဿမ ၂ သန်းအထိ ၁၁၈ ဒဿမ ၂ ရာခိုင်နှုန်း) နဲ့ Huawei (ယူနစ် ၅ ဒဿမ ၄ သန်းအထိ ၃ ဒဿမ ၈ ရာခိုင်နှုန်း) အစဉ်လိုက် ရပ်တည်နေပါတယ်။

ပဉ္စမနေရာမှာ ရပ်တည်နေတာကတော့ Apple ဖြစ်ပြီး တင်ပို့ရောင်းချရမှု ကျဆင်း သွားတာတောင် ထိပ်တန်း ၅ နေရာမှာ ဆက်ရှိနေသေးတဲ့ တခုတည်းသော စမတ်ဖုန်း ထုတ်လုပ်သူလည်း ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်မှာ ယူနစ် ၄ ဒဿမ ၆ သန်း ရှိရာကနေ ၂၀၁၇ ခုနှစ်မှာတော့ ယူနစ် ၄ ဒဿမ ၅ သန်းအထိ ၂ ဒဿမ ၂ ရာခိုင်နှုန်းလောက် ကျဆင်းသွားပါတယ်။

IDC ရဲ့ အဆိုအရ ၂၉ ဒဿမ ၁ ရာခိုင်နှုန်းနဲ့ အကြီးမားဆုံး ဈေးကွက်ဝေစုကို ပိုင်ဆိုင်ထားသူက Samsung ဖြစ်ပြီး အဲဒီနောက်မှာတော့ OPPO (၁၇ ရာခိုင်နှုန်း)၊ Vivo (၇ ဒဿမ ၂ ရာခိုင်နှုန်း)၊ Huawei (၅ ဒဿမ ၄ ရာခိုင်နှုန်း) နဲ့ Apple (၄ ဒဿမ ၄ ရာခိုင်နှုန်း) တို့ အသီးသီး ရပ်တည်နေတယ်လို့ သိရပါတယ်။

ကြီးထွားလာတဲ့ အရှေ့တောင် အာရှဒေသ စမတ်ဖုန်းတင်ပို့မှုဟာ ပြီးခဲ့တဲ့နှစ်မှာ ယူနစ် ၁၀၁ ဒဿမ ၃ သန်းနဲ့ ၀ ဒဿမ ၆ ရာခိုင်နှုန်း လျော့ကျခဲ့တယ်လို့ IDC က ဆိုပါတယ်။ မြန်မာနိုင်ငံနဲ့ ဖိလစ်ပိုင်နိုင်ငံမှာရှိတဲ့ ကုန်သည်တွေရဲ့ တင်ပို့မှု လျှော့ချ လိုက်တာကြောင့်လည်း ဖြစ်ပါတယ်။ ထိပ်တန်းပြိုင်ဆိုင်သူ ၄ ဦးဟာ သူတို့ရဲ့ Low-end စမတ်ဖုန်းတွေနဲ့ သူတို့နေရာကို ဆက်ယူထားနိုင်ပေမယ့် ဒေသတွင်းနဲ့ ပြိုင်ဘက်ငယ်လေးတွေကတော့ အဲဒီယှဉ်ပြိုင်မှုမှာ အရှုံးကြီးရှုံး နေပါတယ်။

IDC ASEAN အကြီးအတန်းဈေးကွက်လေ့လာသူ Jensen Ooi က တင်ပို့ရောင်းချရမှု ပမာဏ တော်တော်များများကို ကိုင်ထားတဲ့ ထိပ်တန်းပြိုင်ဆိုင်သူ ၄ ဦးရဲ့ လူကြိုက်များမှု ကြီးထွားလာပေမယ့် အရည်အသွေးမြင့် ဖုန်းသုံးသူ အများစုဟာ တော်တော်တန်တန် ကောင်းမွန်တဲ့ အရည်အသွေး၊ ဒေသတွင်းက သူတို့ဝင်ငွေနဲ့ လိုက်ဖက်ညီတဲ့ အလယ်လတ်တန်းစား ဖုန်းတွေကို သုံးနေကြပြီး ဟန်းဆက်အသစ် တမျိုးထွက်လာတိုင်း အလုအယက် ဝယ်ကြတာမျိုး မလုပ်ကြတော့ပါဘူးလို့ ပြောပါတယ်။

ရှေ့ဆက်ပြီးတော့ အရည်အသွေးမြင့် ဖုန်းအသုံးပြုသူတွေက သူတို့ရဲ့ အကြိုက်ကို နာမည်ကျော် ဖုန်းအမျိုးအစားတွေဆီ ပြောင်းလဲလိုက်ပြီး ပိုကြီးတဲ့ မျက်နှာပြင်ပါတဲ့ အလယ်အလတ်တန်းစား စမတ်ဖုန်းတွေကို အဆင့်မြှင့်တင်တဲ့နေရာမှာ ရင်းမြှုပ်နှံဖို့ ပိုဆန္ဒရှိလာကြမယ်ဆိုရင် ဒေသတွင်းက ကုန်သည်တွေဟာ ဒီ ၂၀၁၈ ခုနှစ်ထဲမှာလည်း အလားတူ ရိုက်ခတ်မှုမျိုးကို ခံစားကြရဦးမယ်လို့ဆိုပါတယ်။

“ဖုန်းအများစုဟာ ကင်မရာ နှစ်လုံးပါတာမျိုး၊ ဖုန်းကိုယ်ထည် ပါးလွှာတာမျိုး၊ မှတ်ဉာဏ်တု ပါဝင်လာတာမျိုး ထူးခြားတဲ့ Feature တွေ ပါဝင်လာတော့မှာပါ။ ပိုပြီးတော့ ယှဉ်ပြိုင်ဦးမယ်ဆိုရင် ဒေသတွင်းက လုပ်ငန်းရှင်တွေအနေနဲ့ အဲဒီလို Feature တချို့ ပါဝင်တဲ့ စမတ်ဖုန်းတွေကို တင်ပို့ကြမယ်။ Android Oreo ရဲ့ “Go Edition” နဲ့အတူ ပါဝင်လာမယ့် ပစ္စည်းတွေကို မိတ်ဆက်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဒေသတွင်း Target တွေကို ရောက်ရှိဖို့ ဘတ်ဂျက် လိုအပ်ချက်နဲ့ ကိုက်ညီမယ့် အမေရိကန်ဒေါ်လာ ၂၀၀ အောက် ဈေးနှုန်း သတ်မှတ်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်” လို့ Jensen Ooi က ပြောပါတယ်။

Ref ; nst.com

Did you find apk for android? You can find new Free Android Games and apps.
Loading