Lifestyle

ထိုင်းသင်္ကြန် “Songkran” ပွဲတော်အတွက် ခရီးသွားလုပ်ငန်းများ ကြိုတင်ပြင်ဆင်ကြပြီ

Want create site? Find Free WordPress Themes and plugins.

လာမယ့် ဧပြီလအတွင်း ထိုင်းနိုင်ငံ Songkran (ဆုန်ခရမ်) သင်္ကြန်ပွဲတော်ကို ဆင်နွှဲဖို့အတွက် နိုင်ငံခြားသား ခရီးသွား ဧည့်သည် ၅ သိန်း ၃ သောင်းကျော် ထိုင်းနိုင်ငံကို လာရောက်လည်ပတ်လိမ့်မယ်လို့ ခန့်မှန်းထားပြီး ထိုင်းဘတ်ငွေ ၉ ဘီလီယံခန့် ဝင်ငွေရရှိလိမ့်မယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံ၊ ပြည်တွင်းက လူတွေကတော့ ခရီးစဉ်ပေါင်း ၃ သန်းလောက်ကို စီစဉ်ထားပြီး ထိုင်းရိုးရာ နှစ်သစ် တခုအဖြစ် သတ်မှတ်ထားတဲ့ ကာလ၊ ဧပြီ ၁၃ ရက်ကနေ ၅ ရက်ကြာမြင့်မယ့် ပိတ်ရက်မှာ ထိုင်းဘတ်ငွေ ၁၀ ဘီလီယံလောက် သုံးစွဲမယ်လို့ ခန့်မှန်းထားပါတယ်။

ခရီးသွားလုပ်ငန်းနဲ့ အားကစားဝန်ကြီး Weerasak Kowsurat က ဧပြီလ ၁၂ ရက်နေ့ကနေ ၁၆ ရက်အထိ ထိုင်းနိုင်ငံကို နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသည် ၅ သိန်း ၃ သောင်းလောက် လာရောက်မှာဖြစ်ပြီး ယမန်နှစ် အလားတူ ကာလကထက် ၁၃ ရာခိုင်နှုန်းလောက် မြင့်တက်လာမှာဖြစ်ပြီး ခရီးသွားလုပ်ငန်း ဝင်ငွေဟာလည်း ဘတ် ၉ ဒဿမ ၃၇ ဘီလီယံအထိ ၂၁ ရာခိုင်နှုန်းလောက် မြင့်တက်လာမှာဖြစ်တယ်လို့ ထိုင်းခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့(Tourism Authority of Thailand – TAT) ရဲ့ ထောက်လှမ်းရေးအဖွဲ့ခွဲကနေ ထုတ်ပြန်တဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။

ပြည်တွင်းခရီးစဉ် အရေအတွက်ဟာလည်း ၃ သန်းအထိ ၁၂ ရာခိုင်နှုန်း တိုးတက်လာမှာ ဖြစ်ပြီး ထိုင်းနိုင်ငံ၊ ပြည်တွင်းက လူတွေကတော့ ဘတ် ၁ဝ ဒဿမ ၄ ဘီလီယံအထိ နှစ်စဉ် ပျှမ်းမျှပမာဏရဲ့ ၁၅ ရာခိုင်နှုန်းလောက် မြင့်တက်လာမှာ ဖြစ်တယ်လို့ အဲဒီအဖွဲ့ခွဲက ခန့်မှန်းထားပါတယ်။ ပွဲတော်ဆင်နွှဲမယ့် ပြည်တွင်းနဲ့ နိုင်ငံခြားသားတွေထံက ရရှိမယ့် ခရီးသွား ဝင်ငွေ စုစုပေါင်းဟာ ပြီးခဲ့တဲ့နှစ်၊ သင်္ကြန်ပိတ်ရက်ကနေ ၁၈ ရာခိုင်နှုန်းလောက် တိုးတက်လာမှာဖြစ်ပြီး တိုင်းပြည်ကို ဘတ် ၂ဝ ဘီလီယံနီးပါးလောက် ရှာဖွေပေးနိုင်မှာ ဖြစ်ပါတယ်။

နိုင်ငံခြားသားတွေ ရောက်ရှိမှုအတွက် တိုးတက်မှုဆိုင်ရာ ခန့်မှန်းချက်ဟာ လေကြောင်းလိုင်း တော်တော်များများ အတွက် ကြိုတင်ဘိုကင် အမှာစာတွေကို တစိတ်တပိုင်း အခြေခံထားပြီး ပြင်သစ်၊ ထိုင်ဝမ်၊ တောင်ကိုရီးယား၊ ရုရှား၊ သြစတေးလျ၊ အိန္ဒိယ၊ အာရပ်စော်ဘွားများ ပြည်ထောင်စု(ယူအေအီး) နဲ့ ဂျပန်နိုင်ငံတို့အပါအဝင် နိုင်ငံတော်တော်များများက ခရီးသည်အရေအတွက် ဆက်လက်တိုးမြင့်လာတာလည်း ဖြစ်ပါတယ်။

ဒါပေမယ့် အမေရိကန်နိုင်ငံမှာ ဘိုကင်မှာယူမှုတွေကတော့ ၉ ရာခိုင်နှုန်းလောက် ကျဆင်းသွားပါတယ်။ ကြိုတင် ဘိုကင်နဲ့ မဟုတ်ဘဲ ခရီးသည်တွေဟာ စင်းလုံးငှား လေယာဉ်ခရီးစဉ်နဲ့ တန်ဖိုးနည်းလေကြောင်းလိုင်းတွေကနေ တဆင့် ဝင်ရောက် လာကြဦးမှာပဲ ဖြစ်ပါတယ်။

မလေးရှားနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံတွေက ခရီးသည် တော်တော်များများဟာလည်း အဲဒီသင်္ကြန်ပိတ်ရက် အတွက် လာရောက်ဖို့ ပြင်ဆင်နေကြပါပြီ။ တရုတ်ပြည်ပကြီးမှ ခရီးသည်အရေအတွက်ဟာလည်း ၁၆၅၀၀၀ အထိ ၃၈ ရာခိုင်နှုန်း မြင့်တက်လာမယ်လို့ ခန့်မှန်းထားပါတယ်။

ထိုင်းနိုင်ငံမှာ ၃ ရက်တာ ကာလ အတွင်း နိုင်ငံခြားသားခရီးသည်တွေ ပျှမ်းမျှသုံးစွဲမယ့်ငွေဟာ တနေ့မှာ လူတဦးကို ဘတ် ၅၅၀၀ လောက်ရှိ မယ်လို့ TAT က ခန့်မှန်းထားပါတယ်။ ပြည်တွင်းဈေးကွက်အတွက် အစိုးရရဲ့ အခွန်လျှော့ချမယ့် အစီအစဉ်နဲ့ ပိတ်ရက် ၅ ရက် တိုးမြှင့်ချက်ဟာ ဒုတိယခရိုင်တွေကို သွားရောက်လည်ပတ်တဲ့ နေရာမှာ အချိန်ပိုမို သုံးစွဲ နိုင်စေဖို့ ပြည်တွင်းရှိ လူတွေကို တွန်းအားပေးဖို့ ရည်ရွယ်ထားပါတယ်။

မစ္စတာ Weerasak ကတော့ အစိုးရဟာ ခရီးသည်အရေအတွက်နဲ့ ဝင်ငွေကို တိုးမြှင့်ဖို့အတွက် Nakhon Sri Thammarat, Kalasin, Chanthaburi, Sing Buri နဲ့ Kamphaeng Phet ဒုတိယ ခရိုင် ၅ ခုမှာ ဆုန်ခရန် သင်္ကြန်ပွဲကို အထူးအလေးပေး ပြုလုပ်မှာဖြစ်တယ်လို့ဆိုပါတယ်။

အဓိကလေကြောင်းလိုင်း တွေကလည်း အဲဒီပိတ်ရက်အတွင်းမှာ ဝယ်လိုအား မြင့်တင်လာမှုကို ဖြည့်ဆည်းပေးဖို့ လေကြောင်းလိုင်း ခရီးစဉ်ကြိမ်နှုန်းတွေကိုလည်း တိုးမြှင့်ကို စီစဉ်ထားပါတယ်။ ထိုင်း AirAsia လေကြောင်းလိုင်းကတော့ ဒွန်မောင်းလေဆိပ်ကနေ Khon Kaen နဲ့ ချင်းမိုင်အထိ လေကြောင်းပျံသန်းမှု ကြိမ်နှုန်းကို တိုးမြှင့်ဖို့ စီစဉ်ထားပါတယ်။ New Gen လေကြောင်းလိုင်းကတော့ ဘန်ကောက်နဲ့ Nakhon Ratchasima တို့အကြား လေကြောင်း ခရီးစဉ် ခပ်စိတ်စိတ် ပြေးဆွဲပေးသွားမှာဖြစ်ပါတယ်။

Ref ; bangkokpost

Did you find apk for android? You can find new Free Android Games and apps.
Loading