Lifestyle

စတော်ဘယ်ရီ ဖျော်ရည် သောက်သုံးခြင်းရဲ့ ကျန်းမာရေး အကျိုးကျေးဇူး ၇ ခု

Want create site? Find Free WordPress Themes and plugins.

အခုလို ရာသီမှာ ပေါပေါများများနဲ့ အလွယ်တကူ ဝယ်ယူလို့ရတဲ့ စတော်ဘယ်ရီသီးမှာ ကျန်းမာရေးကို အထောက်အကူ ပြုစေတဲ့ အာဟာရဓာတ်တွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။
ဒါကြောင့်မို့လို့ အာဟာရဓာတ်များ ကြွယ်ဝစွာ ပါဝင်တဲ့ စတော်ဘယ်ရီသီးကို ဖျော်ရည်အဖြစ် ပြုလုပ် သောက်သုံးခြင်းဖြင့် ရရှိနိုင်မယ့် ကျန်းမာရေး အကျိုးကျေးဇူးတွေကို ဧရာဝတီ စာဖတ် ပရိသတ်တွေအတွက် ဗဟုသုတအနေနဲ့ ရေးသားဖော်ပြ လိုက်ပါတယ်။

(၁) စတော်ဘယ်ရီမှာ ပိုတက်ဆီယမ်ဓာတ် ကြွယ်ဝစွာ ပါဝင်တာကြောင့် သွေးပေါင်ချိန်ကို လျော့နည်းစေပြီး နှလုံးသွေးကြော ပိတ်ခြင်းကြောင့် ရုတ်တရက်သေဆုံးခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

(၂) စတော်ဘယ်ရီမှာ ရေဓာတ်နဲ့ အမျှင်ဓာတ်တွေ ကြွယ်ဝစွာ ပါဝင်တာကြောင့် ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးပြီး ဝမ်းမှန်စေပါတယ်။

(၃) စတော်ဘယ်ရီမှာ ဗီတာမင်စီနဲ့ ဗီတာမင်အီးတို့များစွာ ပါဝင်တာကြောင့် အရေပြားရောင်ရမ်းခြင်းနဲ့ အရေပြားဆိုင်ရာ ကျန်းမာရေး ပြသနာတွေကို သက်သာပျောက်ကင်းစေ နိုင်ပါတယ်။

(၄) အရိုးကျန်းမာရေးအတွက် အရေးကြီးတဲ့ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ကော့ပါးနဲ့ ဇင့်ဓာတ်တို့ ပါဝင်တာကြောင့် အသက်အရွယ် ကြီးရင့်မှုကြောင့် ရိုးတွင်းချဉ်ဆီ ခမ်းခြောက်ခြင်းကို ကာကွယ်ပေးနိုင်ပြီး အရိုးပွခြင်းကိုလည်း သက်သာစေနိုင်တဲ့အတွက် သက်ကြီးရွယ်အိုများအနေနဲ့ စတော်ဘယ်ရီဖျော်ရည်ကို ပုံမှန်မှီဝဲ သင့်ပါတယ်။

(၅) ဗီတာမင်စီနဲ့ Ellagic acid တို့ ပါဝင်တဲ့အတွက် အနာကျက်မြန်စေတာကြောင့် ခွဲစိတ်ပြီးလူနာတွေနဲ့ ထိခိုက်ဒဏ်ရာ ရရှိထားသူများအတွက် စတော်ဘယ်ရီဖျော်ရည်ဟာ အထူးသင့်လျော်ပါတယ်။

(၆) သန္ဓေသားလောင်း ကလေးများရဲ့ ဦးနှောက်ဆဲလ် ဖွံဖြိုးရေးကို အထူးကောင်းမွန်စေတဲ့ ဖောလစ်အက်ဆစ် ပါဝင်တာကြောင့် ကိုယ်ဝန်ဆောင်မိခင်များ စတော်ဘယ်ရီဖျော်ရည်ကို သောက်သုံးသင့်ပါတယ်။

(၇) သွေးတွင်း သကြားဓာတ်ကို ထိန်းညှိပေးတဲ့အတွက် ဆီးချို ဝေဒနာရှင်များအနေနဲ့ စတော်ဘယ်ရီဖျော်ရည်ကို ပုံမှန်သောက်သုံးပေးသင့်ပါတယ်။

ဆက်စပ် သတင်းလင့်ခ် – နွေရာသီမှာ သောက်သုံးသင့်တဲ့ သဘာဝ အသီးဖျော်ရည် ၅ မျိုး

Ref ; organicfacts.net

Did you find apk for android? You can find new Free Android Games and apps.
Loading