• English
Wednesday, July 16, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle

မြန်မာဓလေ့နဲ့ အညီ “မင်္ဂလာပါ” လို့ နှုတ်ဆက်ရအောင်

by Aurora
23 March 2018
in Lifestyle
A A
မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးစံတွေကို ရိုက်ပြထားတဲ့ "မုဒြာရဲ့ခေါ်သံ" ရုပ်ရှင် / Mudras Calling Facebook

မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးစံတွေကို ရိုက်ပြထားတဲ့ "မုဒြာရဲ့ခေါ်သံ" ရုပ်ရှင် / Mudras Calling Facebook

19.3k
VIEWS
Share on FacebookShare on Twitter

လူမျိုးတိုင်းမှာ တယောက်နဲ့ တယောက်တွေ့ရင် အပြန်အလှန် နှုတ်ခွန်းဆက်စကား ကိုယ်စီရှိကြပါတယ်။ မြန်မာလူမျိုးတွေမှာလည်း “မင်္ဂလာပါ”လို့ နှုတ်ဆက်တတ်ကြပြီး မင်္ဂလာနဲ့ စတင်ခြင်း သဘောပါ။ “မင်္ဂလာပါ” လို့ဆို လိုက်တာနဲ့အတူ တဖက်လူကို အသိအမှတ်ပြုတဲ့ သဘောနဲ့ ခေါင်းပါငြိမ့်ပြီး ပြန်အသိအမှတ် ပြုတတ်ပါတယ်။

အခုနောက်ပိုင်း “မင်္ဂလာပါ” အစား “မောနင်း” ဆိုပြီး အထူးသဖြင့် လူငယ်၊ လူလတ်ပိုင်းတွေမှာ အပြောများလာ ကြပါတယ်။ တယောက်နဲ့ တယောက်တွေ့ရင် “မင်္ဂလာပါ… နေကောင်းလား” မေးရမှာကိုပဲ ဒိတ်အောက်သလို ယူဆ တတ်ကြပြန် ပါတယ်။ ဆယ်ကျော်သက်လေးတွေဆို ကိုရီးယားကားတွေ ကြည့်ပြီး သဘောကျလို့ “အန်ညောန်” (ကိုရီးယားလို မင်္ဂလာပါ) လို့တောင် နှုတ်ဆက်ကြတယ်လေ။

RelatedPosts

အောင်လအန်ဆန်းနှင့် ဂျိုရွှာဗန်တို့က ပေးတဲ့ အမျိုးသားစည်းလုံးညီညွတ်မှု

အောင်လအန်ဆန်းနှင့် ဂျိုရွှာဗန်တို့က ပေးတဲ့ အမျိုးသားစည်းလုံးညီညွတ်မှု

16 July 2025
504
မိုးကုတ်မြို့

မိုးကုတ်မြို့

13 July 2025
380
အီလွန်မတ်စ် တက်စ်လာ ရဲ့ Robotaxi တွေကို ဆန်ဖရန်စစ္စကိုမှာ ၂ လ အတွင်း ဖြန့်မယ်တဲ့

အီလွန်မတ်စ် တက်စ်လာ ရဲ့ Robotaxi တွေကို ဆန်ဖရန်စစ္စကိုမှာ ၂ လ အတွင်း ဖြန့်မယ်တဲ့

12 July 2025
422

ဒီလိုဖြစ်လာတာဟာ အနောက်ပိုင်း ယဉ်ကျေးမှု လွှမ်းမိုးလာတာကို ပြတာလို့ပြောရင် မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း နိုင်ငံ ထိုင်းနိုင်ငံကိုပဲ ဥပမာပြချင်ပါတယ်။ ထိုင်းလူမျိုးတွေဟာ ဘယ်လောက်ပဲ ခေတ်မီတိုးတက်နေပါစေ၊ တယောက်နဲ့ တယောက် တွေ့ရင် “ဆဝါဒီခ” လို့ နှုတ်ဆက်နေကြဆဲပါ။ အသက်အရွယ်ပေါ်လိုက်ပြီး လက်အုပ်လေး ချီပြီး နှုတ်ဆက်တတ်ကြတဲ့ ဓလေ့က ရှိနေဆဲပါပဲ။

လက်အုပ်လေးချီပြီး နှုတ်ဆက်တတ်တဲ့ဓလေ့ကို ထိုင်းလူမျိုး တို့ရဲ့ရိုးရာဓလေ့လို့ပဲ တကမ္ဘာလုံးက မြင်သွားကြပါပြီ။ တကယ်တော့ မြန်မာလူမျိုးတွေကလည်း ယဉ်ကျေးသိမ့်မွေ့တဲ့ ဓလေ့ထုံးစံတွေကို အခြေခံလာကြတာပါ။ အခုတော့ “မင်္ဂလာပါ” ဆိုတဲ့ စကားသံတွေကြားရဖို့ တဖြည်းဖြည်း နည်းလာသလို တခြားယဉ်ကျေးမှု ထုံးစံတွေပါ ရောယှက်လာလို့ နောက်ထပ် မှေးမှိန်မယ့် လမ်းစကို မြင်နေရသလိုပါပဲ။

လက်ဆင့်ကမ်း ထိန်းသိမ်းလာတဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေ၊ ဓလေ့ထုံးစံတွေကို ပြန်လည် အသက်ဝင်အောင် လုပ်လာကြတဲ့ထဲမှာ လူအများဆုံး စိတ်ဝင်စားကြတဲ့ အနုပညာဘက်ကနေလည်း ဆွဲဆောင်သင့်တယ်လို့ မြင်ပါတယ်။ လတ်တလော ခေတ်စားနေတဲ့ “မုဒြာရဲ့ခေါ်သံ” ဇာတ်လမ်းထဲမှာဆိုရင် အခုခေတ်ကလေးတွေ မမြင်ဘူးတဲ့ ဓလေ့ ထုံးစံတွေ၊ မြန်မာ့ယဉ်ကျေးမှု စစ်စစ်တွေကို ပြန်လည်စိတ်ဝင်စားလာအောင် ရိုက်ပြသွားတာလေးတွေကို မြင်လာရပါပြီ။

နောက်ထပ်လည်း ဒီလို မြန်မာ့ယဉ်ကျေးမှု စစ်စစ်ကို ချပြပေးမယ့် မြန်မာဇာတ်ကားတွေကို ရုပ်ရှင် ကြည့်ပရိသတ် တယောက်အနေနဲ့ ကြိုဆိုချင်ပါသေးတယ်။ စာရေးသူတို့ ငယ်စဉ် အဖြူအစိမ်းဝတ် ကျောင်းသားဘဝအရွယ်မှာ အတန်းထဲ စာသင်ဖို့ ဝင်လာတဲ့ ဆရာမကို ညီညီညာညာနဲ့ “မင်္ဂလာပါ” လို့ နှုတ်ဆက်တတ်အောင် လေ့ကျင့်ထားပေမယ့် ကျောင်းတွေ ပြီးလို့ အပြင်လောကထဲ ရောက်သွားတဲ့အခါ ဘာဖြစ်လို့ ဒီလို ဓလေ့ထုံးစံတွေကို မကျင့်သုံး ဖြစ်ကြတော့တာလဲ။

ကိုယ့်နိုင်ငံရဲ့ ချစ်စရာ ကောင်းတဲ့ မြန်မာဓလေ့တခု ပြန်လည်နွေးထွေး အသက်ဝင်လာဖို့ သင်က စပြီး “မင်္ဂလာပါ”လို့ နှုတ်ဆက် လိုက်ကြရအောင်နော်။

ဆက်စပ် သတင်းလင့်ခ် – မြန်မာ့ဓလေ့၊ ယဉ်ကျေးမှု သဘာဝအလှတွေကို အသားပေး ရိုက်ကူးထားတဲ့ “မုဒြာရဲ့ခေါ်သံ”

Your Thoughts …
Tags: မင်္ဂလာပါ
Aurora

Aurora

Contributor

Similar Picks:

No Content Available
Next Post
သိကြားမင်းလည်း မကယ်နိုင်

သိကြားမင်းလည်း မကယ်နိုင်

ဒေါ်အောင်ဆန်းစုကြည် လမ်းညွှန်ချက်ဖြင့် လေဆိပ် ၃ ခုကို နိုင်ငံတကာအဆင့်မီ လုံခြုံရေး အဆင့်မြှင့်မည် (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည် လမ်းညွှန်ချက်ဖြင့် လေဆိပ် ၃ ခုကို နိုင်ငံတကာအဆင့်မီ လုံခြုံရေး အဆင့်မြှင့်မည် (ရုပ်/သံ)

No Result
View All Result

Recommended

စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

1 week ago
8.9k
NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

6 days ago
4.5k

Most Read

  • နောင်ချိုကို စစ်တပ် ပြန်ရ

    နောင်ချိုကို စစ်တပ် ပြန်ရ

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

    shares
    Share 0 Tweet 0
  • ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

    shares
    Share 0 Tweet 0
  • အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    shares
    Share 0 Tweet 0
  • နတ်အိမ်တောင်နယ်စပ်တဝိုက် တိုက်ပွဲဖြစ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate