နွေရာသီရဲ့ ပူပြင်းလှတဲ့ အပူရှိန်ကြောင့် နေ့လည်နေ့ခင်း ပင်ပန်းနွမ်းနယ်တဲ့ အခါမျိုးတွေမှာ အားဖြည့် အချိုရည်တွေ ၊ ကော်ဖီ၊ လက်ဖက်ရည် စတာတွေ သောက်သုံးမယ့်အစား သခွားသီးဖျော်ရည်ကို သောက်သုံးပေးမယ်ဆိုရင် စိတ်ရော ကိုယ်ပါ လန်းဆန်းမှုကို အချိန်အတော်ကြာတဲ့အထိ ရရှိစေမှာပါ။
တနေ့တာ လိုအပ်တဲ့ ဗီတာမင်ဓာတ်တွေ အလုံအလောက် ပါဝင်တဲ့ သခွားသီးဖျော်ရည်ကို သောက်သုံးပေးခြင်းအားဖြင့် ရရှိလာမယ့် ကျန်းမာရေး ကောင်းကျိုးတွေကို ရေးသားဖော်ပြ လိုက်ပါတယ်။
(၁) သခွားသီး ဖျော်ရည်မှာ ရေဓာတ် အလုံအလောက် ပါဝင်တာကြောင့် နွေရာသီမှာ ဖြစ်တတ်တဲ့ ခန္ဓာကိုယ်ရဲ့ ရေဓာတ် ဆုံးရှုံးမှုကို ကာကွယ်ပေးပြီး နေပူရှိန်ကြောင့် ကိုယ်တွင်းအပူချိန် မြင့်တက်ခြင်းကိုပါ လျော့ကျစေပါတယ်။
(၂) အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်တဲ့ သခွားသီး ဖျော်ရည်ကို အခုလို နွေရာသီမှာ ပုံမှန်သောက်သုံး ပေးမယ်ဆိုရင် အပူ ဝမ်းချုပ်ခြင်းကို မဖြစ်စေဘဲ သွေးပေါင်ချိန်ကိုလည်း မှန်စေနိုင်ပါတယ်။
(၃) သခွားသီး ဖျော်ရည်ဟာ ရာသီဥတု ဒဏ်ကြောင့် ခေါင်းအလွန်အမင်း ကိုက်ခဲခြင်းနဲ့ အရက်နာကျခြင်းကိုလည်း ပျောက်ကင်း စေနိုင်ပါတယ်။ သခွားသီးဖျော်ရည်မှာ လုံလောက်တဲ့သကြားဓာတ်နဲ့ electrolytes တွေပါဝင်တာကြောင့် ခန္ဓာကိုယ်တွင်း မျှခြေကို ထိန်းသိမ်းပေးနိုင်ကာ ခေါင်းအလွန်အမင်း ကိုက်ခဲခြင်းနဲ့ အရက်နာကျခြင်းတို့ကို သက်သာ ပျောက်ကင်းစေနိုင်ပါတယ်။
(၄) နွေရာသီမှာ ဖြစ်တတ်တဲ့ နေလောင်ဒဏ်ကြောင့် အသားအရေပေါ်မှာ နေလောင်ကွက် ဖြစ်ခြင်းကို သခွားသီး ဖျော်ရည် သောက်သုံးပေးရုံနဲ့ အသားအရေကို ပုံမှန်အတိုင်း ပြန်လည် ဖြစ်ပေါ်စေပြီး အသားအရေကို ကြည်လင် တင်းရင်း စေနိုင် ပါတယ်။
(၅) သခွားသီး ဖျော်ရည်ဟာ ရေငတ် ပြေစေတဲ့အပြင် အဆာပြေစေတာကြောင့် ခန္ဓာကိုယ် အလေးချိန် လျှော့ချနေသူများ သောက်သုံးသင့်ပါတယ်။
ဆက်စပ် သတင်းလင့်ခ် – တပတ်အတွင်း ကိုယ်အလေးချိန် ၇ ကီလို ကျစေမယ့် သခွားသီးသုပ်နဲ့ ဖျော်ရည်
Ref ; steptohealth.com